Friday, January 18, 2013

ဒေါ်စုကို ဆိုးလ် အမျိုးသားတက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့နှင်း

ဒေါ်စုကို ဆိုးလ် အမျိုးသားတက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့နှင်း

TEXT SIZE 
17.01.2013

မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အမျိုးသား တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်လိုက်ပါတယ်။ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေကို တန်ဖိုးထားလာဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်မားလာစေဖို့အတွက် ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အခုလို ဂုဏ်ပြုတာ လို့ ဆိုးလ်တက္ကသိုလ်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့မှာ တက္ကသိုလ်ဝင်းထဲမှာ ကျင်းပမယ့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးအပ်မယ့်အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ယူဖို့အတွက် စီစဉ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂုဏ်ထူးဆောင်ဘွဲ့ယူဖို့အပြင် ဇန်နဝါရီလ ၂၉ရက်ကနေ ဖေဖော်ဝါရီလ ၅ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ အယ်လ်ပို်င်းမြို့မှာ ကျင်းပမယ့် ၂၀၁၃ခုနှစ် ဆောင်းရာသီ ပြုံချမ်းအထူးအိုလံပစ်အားကစားပွဲတော်ဖွင့်ပွဲကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားနိုင်ငံကို ငါးရက်ကြာ အလည်အပတ်သွားရောက်မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်မြေ ကော့မှူး မြို့နယ်အတွင်းက စာသင်ကျောင်းတွေ ကို သွားရောက်စဉ်။
 
အေးချမ်းမွန်မှ  VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်ကို ရီးယားနိုင်ငံ ဆိုးလ်အမျိုးသားတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်လိုက်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေ ကိုတန်ဖိုးထားလာဖို့နဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်မားလာစေဖို့အတွက် ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သက်ပြီး အခုလိုဂုဏ်ပြုတာလို့ ဆိုးလ်တက္ကသိုလ်က ပြောပါ တယ်။
ဖေဖော်ဝါရီလ ၁ရက်နေ့မှာ တက္ကသိုလ်ဝင်းထဲမှာကျင်းပမယ့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်မယ့် အခမ်း အနားကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ယူဖို့အတွက် စီစဉ်နေပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ဟာ ဂုဏ်ထူးဆောင်ဘွဲ့ယူဖို့အပြင် ဇန်နဝါရီလ ၂၉ရက်ကနေ ဖေဖော်ဝါရီလ ၅ရက်နေ့ အ ထိ တောင်ကိုရီးယားနိုင်ငံ အယ်လ်ပို်င်းမြို့မှာကျင်းပမယ့် ၂၀၁၃ခုနှစ် ဆောင်းရာသီ ပြုံချမ်းအထူးအို လံပစ်အားကစားပွဲတော်ဖွင့်ပွဲကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင် ကိုရီးယားနိုင်ငံကို ငါးရက်ကြာ အလည်အပတ် သွားရောက် မှာဖြစ်ပါတယ်။

  VOA

No comments:

Post a Comment