Thursday, January 10, 2013

အရွယ်ရောက်နေတဲ့သားသမီးများ ၀မ်းစာအတွက် အလုပ်မလုပ်ရဲ

ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ KIA တပ်တွေရဲ့ တိုက်ပွဲတွေကြောင့်   ဒေသတွင်း   နေထိုင်ကြတဲ့သူတွေ အတွက် စားဝတ်နေရေးဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုခက်ခဲ လာနေပါတယ်။ စစ်ပွဲတွေ ဖြစ်နေပေမယ့် ၀မ်းရေးဟာ အဓိ ကဖြစ်နေတာမို့ ဒေသခံတွေအနေနဲ့ တိုက်ပွဲတွေကြားထဲကပဲ မိမိတို့ရဲ့ ၀မ်းစာအတွက် လုပ်ကိုင်ရှာဖွေ စားသောက်နေကြရပါတယ်။ တစ်နေ့လုပ်မှတစ်နေ့စားနေရတဲ့ အလုပ်သမား တွေဟာ ရွှေမှော်တွေအတွင်းမှာ သက်စွန့်ကြိုးပမ်း လုပ်ကိုင်စားသောက်နေကြရပါတယ်။



ရွှေမှော်ထဲမှာ လုပ်ကိုင်စားသောက်နေကြတဲ့သူတွေဟာ KIA လက်နက်ကိုင်အဖွဲ့တွေနဲ့ သင့် တင့်အောင်ပေါင်း ပြီးဝမ်းစာရှာဖွေ နေကြရသူတွေဖြစ်ပြီး KIA တပ်ဖွဲ့တွေကို လစဉ်ကြေးပေးပြီး အလုပ် လုပ်နေပေမဲ့ KIA တပ်တွေ အနေနဲ့ နေ့စဉ်ဆိုသလို လူဝင်လူထွက်စစ်ဆေးမှုတွေလုပ်နေပါတယ်။ KIA အဖွဲ့ရဲ့လုပ်ကိုင်ခွင့်လက်မှတ် မရှိတဲ့ သူတွေတွေ့ရင် ချက်ချင်းဖမ်းဆီးပြီး မသင်ကာတဲ့သူ ဆိုရင် သေနတ်နဲ့ ပစ်သတ်ပါတယ်။ ဒီခြားထဲမှာ သူတို့ရဲ့ လက်မှတ်ကိုင်ဆောင်ထားတာမှန်ပေမယ့် အရွယ်ရောက်နေ တဲ့ ယောက်ျားလေး၊ မိန်းမလေးတွေဆိုရင်လဲ KIA တပ်ဖွဲ့မှာ အမှုထမ်းဖို့ အတင်းအဓမ္မ   ခေါ်ဆောင်သွား ပါတယ်။
KIA တပ်တွေမှာ ကျဆုံသူတွေများနေသလို၊ ထွက်ပြေးသူတွေ အစိုးရထံလက်နက်ချသူတွေရှိ   နေတာကြောင့် KIA တပ်ဖွဲ့မှာ လူအင်အားနည်းပါးနေပါတယ်။ ဒါကြောင့်လဲ လုံခြုံရေးအကြောင်းပြ စစ်ဆေးပြီး လူသစ်စု ဆောင်း နေတာ ဖြစ်ပါတယ်။ရွှေမှော်မှာလုပ်ကိုင်စားသောက်နေကြတဲ့ သူတွေ အများစုကတော့ အရွယ်ရောက်နေပြီဖြစ်တဲ့ သူတို့ရဲ့သားသမီးတွေ မှော်ထဲလိုက်မလာကြဖို့သတိပေး   နေကြပါတယ်။ အဲဒီမှာ လူမျိုးပေါင်းစုံလုပ်ကိုင် စားသောက် နေကြပေမယ့် ရှမ်းနဲ့ဗမာလူမျိုးတွေ အပေါ် မှာတော့ KIA ကပိုပြီး ဖိနှိပ်နေတယ်လို့ ရွှေမှော်မှာရှိနေတဲ့  ရှမ်းလူမျိုး တစ်ဦးဖြစ်တဲ့  နော်ခမ်းလူ ကပြောပြ ပါတယ်။

No comments:

Post a Comment