Saturday, January 5, 2013

ဟီလာရီ ကလင်တန် လာမည့် သီတင်းပတ်တွင် ပြန်လည်တာဝန် ထမ်းဆောင်မည်


ဟီလာရီ ကလင်တန် လာမည့် သီတင်းပတ်တွင် ပြန်လည်တာဝန် ထမ်းဆောင်မည်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ဦးခေါင်းအတွင်း ဖြစ်ပေါ်နေသော သွေးခဲမှု ရောဂါကို ဆေးကုသမှု ခံယူပြီးနောက် လာမည့် သီတင်းပတ် စောစောပိုင်းတွင် ပြန်လည်တာဝန် ထမ်းဆောင် မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

သူမ အနေဖြင့် တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် စိတ်အား ထက်သန်လျက် ရှိပြီး လာမည့် သီတင်းပတ်တွင် လုပ်ငန်းများ ကို ပြန်လည် လုပ်ဆောင် နိုင်တော့မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူလန်က ပြောကြား ခဲ့သည်။

ကလင်တန်သည် လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့ရှိ အမေရိကန် ကောင်စစ်ဝန်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၂ဝ ရက်တွင် သက်သေခံရန် စီစဉ်ခဲ့သော်လည်း ကျန်းမာရေး အခြေ အနေကြောင့် ၎င်းအစီ အစဉ်ကို ဖျက်သိမ်း ခဲ့ရကြောင်း နူလန်က ပြော ကြားခဲ့သည်။

ကလင်တန်သည် ပြီးခဲ့သည့် သီတင်း နှစ်ပတ်က ဦးခေါင်း ထိခိုက်ပြီး သတိမေ့မြော ခဲ့ရာမှ သွေးခဲမှု တစ်ခုကြောင့် သွေးကြော ပိတ်ဆို့ခြင်း ကို ကုသမှု ခံယူပြီးနောက် ဇန်နဝါရီ ၂ ရက် ဆေးရုံမှ ဆင်းလာ ခဲ့ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3623-2013-01-05-09-53-44
 
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ဦးခေါင်း အတွင်း ဖြစ်ပေါ်နေသော သွေးခဲ မှု ရောဂါကို ဆေးကုသမှု ခံယူပြီးနောက် လာမည့် သီတင်းပတ် စောစောပိုင်းတွင် ပြန်လည်တာဝန် ထမ်းဆောင် မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

သူမ အနေဖြင့် တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် စိတ်အား ထက်သန်လျက် ရှိပြီး လာမည့် သီတင်း ပတ်တွင် လုပ်ငန်းများ ကို ပြန်လည် လုပ်ဆောင် နိုင်တော့မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူလန်က ပြောကြား ခဲ့သည်။

ကလင်တန်သည် လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့ရှိ အမေရိကန် ကောင်စစ်ဝန်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၂ဝ ရက်တွင် သက်သေခံရန် စီစဉ်ခဲ့သော်လည်း ကျန်းမာရေး အခြေ အနေကြောင့် ၎င်းအစီ အစဉ်ကို ဖျက်သိမ်း ခဲ့ရကြောင်း နူလန်က ပြော ကြားခဲ့သည်။

ကလင်တန်သည် ပြီးခဲ့သည့် သီတင်း နှစ်ပတ်က ဦးခေါင်း ထိခိုက်ပြီး သတိမေ့မြော ခဲ့ရာမှ သွေးခဲမှု တစ်ခုကြောင့် သွေးကြော ပိတ်ဆို့ခြင်း ကို ကုသမှု ခံယူပြီးနောက် ဇန်နဝါရီ ၂ ရက် ဆေးရုံမှ ဆင်းလာ ခဲ့ကြောင်း သိရသည်။


No comments:

Post a Comment