Saturday, January 5, 2013

ငါးမွေးမြူရေးကန်အတွင်း အမျိုးသမီးအလောင်း တွေ့ရှိ


၃-၁-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၃၇)၊ စက်မှုညွှန်ကြားမှုဦးစီး ဌာနရုံး ငါးမွေးမြူရေးကန်တွင် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းအရ ဘုရားကုန်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရုံးမှ နေ့စားဝန်ထမ်းဖြစ်သူ ဇမ္ဗူသီရိမြို့နယ်၊ ၀ဏ္ဏသိဒ်္ဓိရပ်ကွက်နေ မနီလာမြင့်(၂၆)နှစ်၏ အလောင်းကို ရေကန်အတွင်းတွေ့ရှိရပြီး ကန်ဘောင်ပေါ်တွင်၎င်းဖိနပ်အား တွေ့ရှိခဲ့သည်။ အလောင်းမှာ ပြင်ပဒဏ်ရာမရှိဘဲ ရေကန်အတွင်း သေ ဆုံးနေခြင်းဖြစ်၍နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့တင်ပို့ခဲ့သည်။မနီလာမြင့်မှာ ၂-၁-၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် အလုပ် လုပ်ကိုင်နေရာမှပျောက်ဆုံးနေခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဘုရားကုန်းရဲစခန်းသေ မှုသေခင်း အမှတ်စဉ် ၁/၂၀၁၃ ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

MyanmarOnlineNews

No comments:

Post a Comment