Sunday, January 27, 2013

၂၀၁၃ ဂျန်န၀ါရီ လ ၂၅ ရက် မနေ.က အီဂျစ်နိုင်ငံကိုင်ရိုမြို.တော်မှာ လူတွေဆန္ဒပြန်ပြနေကြပြီ။ ၂၀၁၁ အာရပ်နွေဦး တော်လှန်ရေး ၂ နှစ်မြောက်အထိန်းအမှတ်--



ဘာသာရေးလွှမ်းမိုးမှုနဲ. ဗဟိုကချုပ်ကိုင် ထားမဲ.မော်ဆီအစိုးရ၏ ဖွဲ.စည်းပုံအသစ်ကို လူတွေကလုံးလုံး လက်မခံနိုင်ဘူးလို. ပြောပြီး လမ်းပေါ်တက်၊ ဆူပူ အသေခံ ပြီး ဆန္ဒတွေပြနေကြခြင်းဖြစ်တယ်။



စတိုင်ကတော.--ဗီ ဖေါ်ဗန်ဒက်တာ V for Vendetta ရုပ်ရှင်ထဲကလို လူတွေက ကွဲမှာ ပြဲ မှာ အထုခံရမှာ ထောင်ကျမှာ ကြောက်ပုံမရပါဘူး။ ဒီလို မြို.ကြီးအခြေစိုက် ပညာတတ်ကျောင်းသားလူငယ်တွေ၊ ၀န်ထမ်းတွေအပြင် အထွေထွေ လူတန်းစား ပါဝင်တဲ. အီဂျစ်က ဆန္ဒပြပွဲတွေ မှာ အသေ အပျောက် အချို. ရှိခဲ.ပါတယ်။ ဒီလ ဂျန်န၀ါရီ ၂၅ ရက် က ကိုင်ရိုမြို.လည်ခေါင်က သမ္မတနန်းတော်နဲ. တီဟာစကွဲယား မှာ လုံထိန်းရဲတွေနဲ. ဆန္ဒပြသူတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ခဲ.ကြပါတယ်။ မနေ.က ရဲနှင်.ပြည်သူ ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ရဲ ၂ ဦး၊ ဆန္ဒပြသူ ၅ ဦး သေ ဆုံး ခဲ.ပြီး တနိုင်ငံလုံး အတိုင်းအတာ နဲ. ဆို လူ ၂၅၀ ကျော် ထိခိုက် ဒဏ်ရာ ရခဲ.ပါတယ်။

အထင်ရှားဆုံး အဖြစ်အပျက် က မျက်နှာဖုံးတပ်ထားတဲ. ဆန္ဒပြသူ တစ်စုက မူဆလင်ညီအကိုများ ၀ါဒဖြန်.ချီရေးဌာန ၀က်ဘ်ဆိုက်တ်တစ်ခု ကို ၀င်ရောက်စီးနင်းခဲ.ပြီး အဲဒီ. ရုံးထဲက ကွန်ပြူတာတွေ၊ စာ ရွက်စာတမ်းတွေ၊ ပရိဘောဂတွေကို ဖျက်ဆီးသွားခဲ.ပါတယ်။ ဒီ.အပြင် အီဂျစ်အစိုးရပိုင်အသံလွှင်.ဌာနု၊ပြည်ထဲရေး
ဝန်ကြီးဌာန၊သမ္မတနန်းတော် ရှေ.က တီဟာရင်ပြင် ဒီနေရာတွေမှာလည်း တွေမှာလည်းအစိုးရ လုံခြုံရေးတပ် တွေနဲ. ဆန္ဒပြသူတွေ ထိပ်တိုက်တိုး အပြန်အလှန် ပစ်ခတ်ကြပါတယ်။

နိုင်းမြစ် ဘေး ဆူးအက်စ်
ဒေသမှာလည်း ထိပ်တိုက်ပွဲတွေဖြစ်ခဲ. လို. ရဲက မျက်ရည်ယိုဗုံးတွေသုံးခဲ. ပါတယ်။ အီဂျစ်ဆူပူဆန္ဒပြပွဲတွေမှာ မကြောက်မရွံ.ဦးဆောင်ထားသူတွေကတော. ကောလိပ်ကျောင်း
သားတွေနဲ. မြို.ပြကလူငယ် လူလတ်တွေပါပဲ။

မနေ.က
ထွက်ပြေးလွတ်မြောက်လာတဲ. အသက်၃၆ နှစ်အရွယ် ဆန္ဒပြသူတစ်ဦးက
--လူတွေ အလောင်းပဲ ပုံချင်ပုံသွားမယ်။ ဘယ်တော.မှငါတို. အီဂျစ်နိုင်ငံသားတွေက -အစ္စလမ်ဘာသာရေးအခြေပြု ဖွဲ.စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံဘူး-လို. ပြောကြားခဲ.ပါတယ်။

ဆူပူမှုတွေ၏ အကြောင်းရင်းကတော. မူဆလင်ညီအကိုများမူအခြေခံဥပဒေနဲ. အာဏာစက်ပြင်းသထက်ပြင်းလာတဲ. လက်၇ှိမော်စီ အစိုးရကြောင်.ပါ။

၂၀၁၁ ဂျန်န၀ါရီ က စခဲ.တဲ. အီဂျစ်တော်လှန်ရေးက ခုထိ မပြီးဆုံးသေးပါ။ ၂၀၁၁ ရွေးကောက်ပွဲမှာ အနိုင်ရခဲ.တဲ. မော်စီ ဟာ ဘာသာရေးအစွန်းရောက်မှုတွေပါတဲ. (မူဆလင်ညီအကိုတော်များ မူ) ဖွဲ.စည်းပုံ အသစ်ကို အီဂျစ်လူမှု ဘ၀ထဲကို တရားဝင် သွတ်သွင်း ဖို. ကြိုးပမ်းရာမှာ အခက်အခဲတွေအများကြီး ရှိပါတယ်။

အနောက်ကလူမှု ယဉ်ကျေးမှုကို ပြန်.နှံ. လက်ခံတဲ.
ပညာတတ်တွေများပြီး၊ ဘာသာရေးအစွဲတွေကင်းတဲ. ဆက်ကျူလာမူဆလင်နိုင်ငံတစ်ခုဖြစ်တဲ.အီဂျစ်မှာ လက်ရှိသမ္မတမော်စီဟာ ဒီအတိုင်း ဆက်အုပ်ချုပ် ဖို. ကျဉ်းတည်းကြပ်တည်း ဖြစ်နေပါပြီ။

သုံးသပ်ချက်---FREEDOM IS ADDICTIVE!

လွတ်လပ်မှုဟာ စွဲတတ်ပါတယ်။ သူတို. အီဂျစ်နိုင်ငံသားတွေ အတွက် အရင်ကတည်းက လွတ်လပ်ပြီးသား ကဏ္ဍ တွေမှာ ခုမှ ဥပဒေသစ် နဲ. အကြောင်းတစ်ခုခုပြ ပြန်တင်းကြပ်ရင်- လွတ်လပ်မှုနဲ. အသားကျ စွဲ ပြီးသား သူတွေက သူတို.ပိုင် ပစ္စည်း အလုခံရသလိုဖြစ်သွား တဲ.အတွက် ဒီဥပဒေသစ်ကို ပြင်းပြင်းထန်ထန် တုန်.ပြန်ဖီဆန် နေကြတာဖြစ်တယ်။

လွန်ခဲ.တဲ. ၁၈ နှစ် ကာလ အစိုး၇ဟောင်းစီက ပြဿနာများကို ဆက်ခံရရှိထားတဲ. အစိုးရသစ်ဟာ အလုပ်လက်မဲ.တွေများသထက်များ စီးပွားရေး ကြပ်တည်းလာတဲ. လူတွေကို ကျေနပ်အောင်မလုပ်ပေးနိုင်သေးသရွေ.၊ ဆူပူမှုတွေနဲ. အခြားပြဿနာတွေပဲကြီးထွားလာမှာဖြစ်တယ်။အဓိကပြဿနာက ဖွဲ.စည်းပုံ အခြေခံဥပဒေသစ်ကို လူတွေက မထောက်ခံလို. ဖြစ်တယ်။

ဆော်ဒီ နဲ. အီရန် ၏ ဖွဲ.စည်းပုံဥပဒေများလို၊ ဘာသာရေးအခြေပြု ဥပဒေကို လုံးဝ လက်မခံတဲ. အီဂျစ်နိုင်ငံမှာ လူတွေကျေနပ်လာတဲ.အထိ အပေးအယူ မလုပ်နိုင်ပဲ သမ္မတ မော်ဆီတောင်.ခံနိုင်မယ်မထင်ပါ။

တူနီးရှားကစ၊ ၂၀၁၁ နှစ်ဆန်းက တည်းက အာရပ်တလွှားကူးစက်လာတဲ.
မြို.ပြခေတ်သစ်ဒီမိုကရေစီ လှုပ်ရှားမှုတွေ မှာ အီဂျစ်မြို.တော် က လူငယ်ဆန္ဒပြသူတွေက တကယ်ကို ဗန်ဒက်တာစတိုင်လ်ပါ။

အစိုး၇ရုံးတွေကို ၀င်ဖျက်တယ်။ အစိုးရဆန်.ကျင်ရေး ဂရာဖတီ တွေက မြို. အနှံ.၊ တင်.တွေထိုး နေ.လုံးပေါက် ညလုံးပေါက်၊ ဘာဆို ဘာမှ မကြောက်၊ အစိုးရက မျက်ရည်ယို ဗုံးနဲ.ပစ်ရင် အီိဂျစ်၏ ဒီမို ရိန်းဂျားတွေက အုတ်ခဲတွေနဲ.ပြန်ပစ်တယ်။

အီဂျစ်လုံထိန်းတွေအတွက် တော်တော်.ကို အခက်အခဲဖြစ်ရတဲ. ထိပ်တိုက်ပွဲတွေပါ။ လမ်းပေါ်ထွက်ရဲတဲ. ပညာတတ်လူငယ်တွေက စီးထားတဲ.ပွဲတွေဖြစ်ပါတယ်။ တနိုင်ငံလုံးမှာလည်း လူတွေက အီဂျစ်လုံခြုံရေး တပ်တွေကို အယုံအကြည်မရှိဖြစ်နေကြပါတယ်

သူချ ကိုယ်ချ ဆိုတဲ. ခေတ်သစ်မြို.ပြအီဂျစ် ၏တော်လှန်ရေးပဲဖြစ်နေလို. ကြောက်စရာ မဟုတ်ပဲ၊ အားကျစရာလို.တောင် ထင်ပါတယ်။

သမ္မတ မော်စီ က ဖွဲ.စည်းပုံ အခြေခံဥပဒေကို သူ. နိုင်ငံသားတွေစိတ်တိုင်းကျ ပြင်မပေးဘူးဆိုရင်၊ ဖီဆန် မှုမှာ ယဉ်ပါးနေတဲ. တတ်တဲ. လူငယ်တွေနဲ. ပညာတတ် လူတန်းစား ကို ဘယ်လို မှ ရေရှည် မအုပ်ချုပ်နိုင်ပါ။ ဘာသာရေး အစွန်းရောက်လက္ခဏာတွေ ပြွန်းနေတဲ. လက်ရှိဖွဲ.စည်းပုံကို ပြင်ပါမှ၊ မပြင်ရင် ရှေ. ဒီ.ထက် အခက်အခဲတွေ တွေ. ရမယ်လို. ခန်.မှန်း ထားပါတယ်။

ဒီလို ဆန္ဒပြပွဲတွေက ကမ္ဘာကြီးမှာ ခေတ်စားရုံမက၊ ဂုဏ်သိက္ခာအပြည်.နဲ.။
AASW Jan26 2013

ကျမ်းကိုး-- ကိုင်ရိုမှ ဆူပူဆန္ဒပြမှုများသတင်းဆောင်းပါး By DAVID D. KIRKPATRICK The New York Times Published: January 25, 2013


from -facebook

No comments:

Post a Comment