ရုရှား နိုင်ငံသည် မြေထဲ ပင်လယ်နှင့် ပင်လယ်နက် တို့တွင် ဇန်နဝါရီ လ
နှောင်းပိုင်း၌ အကြီးမားဆုံး ရေတပ်စစ်ရေး လေ့ကျင့်မှုတစ်ရပ်ကို စတင်
ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင်
ဘောလ်တစ်ပင်လယ် မြောက်ပိုင်း၊ ပင်လယ်နက်နှင့် ပစိဖိတ်တပ်ဖွဲ့များမှ
စစ်သင်္ဘောများပါဝင်မည် ဖြစ်ပြီး ယင်းစစ်ရေး လေ့ကျင့်မှုသည် ပြီးခဲ့သည့်
ဆယ်စုနှစ်အနည်းငယ်အတွင်း ပြုလုပ်ခဲ့သော စစ်ရေး လေ့ကျင့်မှု များအနက်
အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှုတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှု သည် တပ်ဖွဲ့ဝင် အချင်းချင်း အပြန်အလှန် ဆောင်ရွက်မှုကို
တိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရသည်။
ဆီးရီးယား နိုင်ငံဝန်းကျင် ရေပိုင်နက်တွင် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်းသည် ယင်းနိုင်ငံအတွင်း ဖြစ် ပွားနေသောပဋိပက္ခများကို ကြားဝင် ဖြေရှင်းရန်အတွက်သာ ဖြစ်သည်ဟူသော အမေရိ ကန် ပြည် ထောင်စု ၏ စွပ်စွဲ ပြောကြားချက်များကို ရုရှား နိုင်ငံက ငြင်းဆိုခဲ့ပြီး စစ်သင်္ဘောများကို ပုံမှန်
ပြု လုပ်နေကျ စစ်ရေး လေ့ကျင့်မှုများ အတွက် အသုံး ပြုရန်သာ ဖြစ်ကြောင်း
ပြောကြား ခဲ့သည်ဟု သိရသည်။
ရုရှား နိုင်ငံသည် မြေထဲ ပင်လယ်နှင့် ပင်လယ်နက် တို့တွင် ဇန်နဝါရီ လ
နှောင်းပိုင်း၌ အကြီးမားဆုံး ရေတပ်စစ်ရေး လေ့ကျင့်မှုတစ်ရပ်ကို စတင်
ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် ဘောလ်တစ်ပင်လယ် မြောက်ပိုင်း၊ ပင်လယ်နက်နှင့် ပစိဖိတ်တပ်ဖွဲ့များမှ စစ်သင်္ဘောများပါဝင်မည် ဖြစ်ပြီး ယင်းစစ်ရေး လေ့ကျင့်မှုသည် ပြီးခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ပြုလုပ်ခဲ့သော စစ်ရေး လေ့ကျင့်မှု များအနက် အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှုတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှု သည် တပ်ဖွဲ့ဝင် အချင်းချင်း အပြန်အလှန် ဆောင်ရွက်မှုကို တိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရသည်။
ဆီးရီးယား နိုင်ငံဝန်းကျင် ရေပိုင်နက်တွင် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်းသည် ယင်းနိုင်ငံအတွင်း ဖြစ် ပွားနေသောပဋိပက္ခများကို ကြားဝင် ဖြေရှင်းရန်အတွက်သာ ဖြစ်သည်ဟူသော အမေရိ ကန် ပြည် ထောင်စု ၏ စွပ်စွဲ ပြောကြားချက်များကို ရုရှား နိုင်ငံက ငြင်းဆိုခဲ့ပြီး စစ်သင်္ဘောများကို ပုံမှန် ပြု လုပ်နေကျ စစ်ရေး လေ့ကျင့်မှုများ အတွက် အသုံး ပြုရန်သာ ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

No comments:
Post a Comment