Monday, January 7, 2013

ရခိုင်စက်လှေ လုပ်သားအား ပင်လယ်ထဲတွင် ဘင်္ဂါလီများက သေနတ်ဖြင့်ပစ်ခတ်

 ပေါက်တောမြို့နယ်၊ သဲခုံကျွန်းမှရေလုပ်သားတစ်ဦးဖြစ်သူ ချင်းတောင်း (၃၅နှစ်) သည် ယနေ့နံနက် ၃နာရီခွဲခန့်တွင် အွိုင်စတာ မီးပြအနီးပင်လယ်ပြင်တွင် ကမ်းဝေးငါးဖမ်းလှေတစ်စီးမှ ငါးဝယ် ယူနေ စဉ်၊ အနီးမှဖြတ်သွားသည့် ဘင်္ဂလီလှေတစ်စီးမှ တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် ၀မ်းဗိုက်တွင် ဒဏ်ရာရရှိသွားသည်။
တိုက်ခိုက်ခံရသည့် နေရာဝန်းကျင်တွင် ဆင်တက်မော် ၊ အနောက်ရွဲ ၊ စစ်ကဲပြင် အစရှိသော ဘင်္ဂါလီရွာကြီးများ တည်ရှိကြသည်။ ဘင်္ဂလီ -ရခိုင်ပဋိပက္ခအပြီး ဘင်္ဂလီများသည် လုံခြုံရေးအားနည်းသောနေရာများတွင် ရခိုင်များအား ရန်စတိုက်ခိုက်လေ့ရှိပြီး

တရားခံများအားဖမ်းဆီးရမိသည်ဟုမကြားရပေ။ ပြီးခဲ့သောဒီဇင်ဘာလ (၂၆) ရက်နေ့ ကလည်း ဂဏန်း ဖမ်းနေသောပေါက်တောမြို့နယ် စိုင်တုတ်ရွာသားရခိုင်ရေလုပ်သားနှစ်ဦးအား ဘင်္ဂလီများက ဖမ်းဆီးသွား သဖြင့်ဒေသခံများ ကသွားရောက်ကယ်ဆယ်ရာ ဒဏ်ရာများဖြင့်လွတ်မြောက်လာသည်။

ယနေ့ဒဏ်ရာရှိသော ကိုချင်းတောင်းအား စစ်တွေနာရေးကူညီမှုအသင်းက စစ်တွေ အင်းပေါက်ဝကမ်းတွင် သွားရောက်ကြိုယူကာ စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်။

Coral Arakan News






No comments:

Post a Comment