Monday, January 7, 2013

ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများထုတ်ဝေခွင့်နှင့်ပတ်သက်ပြီးပြန်ကြားရေးဒုဝန်ကြီးပြောကြားချက်

Photo: ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများထုတ်ဝေခွင့်နှင့်ပတ်သက်ပြီးပြန်ကြားရေးဒုဝန်ကြီးပြောကြားချက်
Monday, January 07, 2013


ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများထုတ်ဝေခွင့်ပေးတော့မယ့် အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုကြတဲ့အထဲမှာ ဒီကနေ့ အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် အသွင်ကူးပြောင်းရေးကို စတင်ဆောင်ရွက်နေတဲ့ နိုင်ငံပိုင်သတင်းစာ သုံးစောင်ဟာ တစ်စောင်ကို ငါးဆယ်ကျပ်နှုန်းနဲ့ ရောင်းချနေတာဟာ ပြည်သူ့ငွေတွေကို အရှုံးခံပြီးထုတ်နေကြောင်း၊ ဒါ့ကြောင့် ပုဂ္ဂလိကသတင်းစာများအနေနဲ့ ပြိုင်ဆိုင်ဖို့ခက်ခဲကြောင်းဆိုတဲ့ အချက်ပါဝင်ပါတယ်။ 

တကယ်တော့ နိုင်ငံပိုင်သတင်းစာများဟာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်က စပြီး နိုင်ငံတော်က ၀န်ထမ်းလစာ၊အငြိမ်းစား လစာများအတွက် အပြည့်အ၀ထုတ်ပေးပြီး စက်သုံးဆီနဲ့ ကုန်ကြမ်းအတွက် လိုအပ်ချက်ရဲ့ ၂၂ % သာထုတ်ပေးကာ ကျန်ငွေများကို မိမိဝင်ငွေထဲကလှည့်ပတ်သုံးစွဲပြီး စနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။ နိုင်ငံခြားငွေနဲ့ပတ်သက်ရင် အရင်တုံး က ခြောက်ကျပ်ခွဲနှုန်းနဲ့ တွက်ချက်သုံးပေမယ့် အခု ဘဏ္ဍာရေးနှစ်ကစပြီး ပေါက်ဈေးအတိုင်းပေးချေရပါတယ်။ ရတဲ့ဝင်ငွေ အားလုံးကိုတော့ အရင်စနစ်အတိုင်းနိုင်ငံတော်ကိုပေးသွင်းခဲ့ရပါတယ်။ 

၂၀၁၂ ဧပြီလကစပြီး ၂၀၁၂ ဒီဇင်ဘာလအထိ လစာများနဲ့ ကုန်ကြမ်းပစ္စည်း၊ စက်သုံးဆီများအတွက် သုံးစွဲခဲ့တဲ့ငွေများ နဲ့ နိုင်ငံတော်ကိုပြန်လည်ပေးသွင်းပြီးတဲ့အထိ နှိုင်းယှဉ်ရင် နိုင်ငံတော်ကိုပေးသွင်းငွေက ပိုများနေတဲ့အတွက် မရှုံးပါဘူး။ ဘယ်လောက်မြတ်မယ်ဆိုတာကတော့ ဘဏ္ဍာရေးနှစ်ကုန်မှပဲ သိရမှာဖြစ်ပါတယ်။ သေချာတာကတော့ နိုင်ငံပိုင်သတင်းစာ များအရှုံးနဲ့လည်ပတ်နေတာမဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။ 

သတင်းစာတစ်စောင်ရှုံးတယ်၊ မြတ်တယ်ဆိုတာ သတင်းစာတစ်စောင်ရောင်းဈေးနဲ့ကြည့်လို့မရပါဘူး။ ကြော်ငြာနဲ့ အခြား ၀င်ငွေများပါထည့်သွင်းတွက်ချက်ရတာဖြစ်ပါတယ်။ တကယ်တော့ ဒီကနေ့ ဂျာနယ်ထုတ်ဝေသူများဟာ ဒီသဘောကို သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ရောင်းဈေးကိုပဲ ပြောပြီး အရှုံးခံထုတ်တယ်လို့ စွတ်စွဲနေတဲ့အချက်ကိုတော့ ကျွန်တော် လည်းနားမလည်နိုင်ပါဘူး။ နိုင်ငံခြားမှာ ကြော်ငြာငွေအပေါ်မူတည်ပြီး အခမဲ့ပေးနေတဲ့ သတင်းစာများတောင်ရှိနေတာ ကျွန်တော်တို့အားလုံးအသိပါ။ အခုနိုင်ငံပိုင်သတင်းစာများ ဘာ့ကြောင့်ဈေးတက်မရောင်းတာလဲဆိုတာကရှင်းပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေလက်ထဲကို သတင်းစာတွေပိုပြီးရောက်စေချင်တယ်။ ဒါ့ကြောင့် ရောင်စုံပြောင်းတဲ့ အချိန် မှာ သတင်းစာဈေးမတက်ပါဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။ 

နောက်ပြောနေကြတဲ့အချက်ကတော့ ဖြန့်ချိရေးမှာ နိုင်ငံပိုင်သတင်းစာများအနေနဲ့ နိုင်ငံပိုင်ပို့ဆောင်ရေးတွေမှာ အခမဲ့ ပို့ဆောင်လို့ရတယ်ဆိုတဲ့အချက်ပါပဲ။ တကယ်တော့ မီးရထား၊လေကြောင်း၊ ရေကြောင်းက ပို့ဆောင်သမျှအားလုံး သတ် မှတ်ငွေကြေးအတိုင်းပေးချေနေရတာဖြစ်ပါတယ်။ ဘယ်နေရာကမှ အခမဲ့ပို့ မပေးပါဘူး။ တစ်ချို့နေရာများမှာဆိုရင် ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများကနေ တဆင့် ပို့ဆောင်ပေးရတာလည်း ရှိပါတယ်။အဲဒီလိုနေရာမျိုးမှာဆိုရင် ပို့ဆောင်စရိတ်က ပိုကုန်ပါတယ်။ သို့သော် ပြည်သူ တွေလက်ထဲကို သတင်းစာရောက်စေချင်တဲ့အတွက် ရောက်အောင်ပို့ပါတယ်။ 

ဒီနေရာမှာ အမြတ်ဆိုတာက အများပြည်သူဝန်ဆောင်မှုအတွက်ဥိးတည်ဆောင်ရွက်တာဖြစ်တဲ့အတွက် ငွေကြေး အမြတ် အစွန်းအများကြီး ရအောင်မကြိုးစားပါဘူး။ ပြည်သူတွေလိုအပ်တဲ့သတင်းအချက်အလက်တွေကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေးကို ပဲ အဓိကအမြတ်အဖြစ်ရည်မှန်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကလည်း အများပြည်သူဝန်ဆောင်မှုမီဒီယာရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ 

ကျွန်တော်တို့နိုင်ငံမှာ Public Service Media အများပြည်သူဝန်ဆောင်မှုမီဒီယာရဲ့ သဘော သဘာဝကစိမ်းနေသေးတဲ့အတွက် အခုလို အထင်မှားမှုတွေရှိနေတယ်လို့ ထင်ပါတယ်။
Ye Htut ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများထုတ်ဝေခွင့်ပေးတော့မယ့် အခြေ အနေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုကြတဲ့အထဲမှာ ဒီကနေ့ အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် အသွင်ကူးပြောင်းရေးကို စတင်ဆောင်ရွက်နေတဲ့ နိုင်ငံပိုင်သတင်းစာ သုံးစောင်ဟာ တစ်စောင် ကို ငါးဆယ်ကျပ်နှုန်းနဲ့ ရောင်းချနေတာဟာ ပြည်သူ ငွတွေကို အရှုံး ခံပြီးထုတ်နေကြောင်း၊ ဒါ့ကြောင့် ပုဂ္ဂလိက သတင်း စာများ အနေ နဲ့ ပြိုင်ဆိုင်ဖို့ခက်ခဲကြောင်းဆိုတဲ့ အချက်ပါဝင်ပါတယ်။

တကယ်တော့ နိုင်ငံပိုင်သတင်းစာများဟာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်က စပြီး နိုင်ငံတော်က ၀န်ထမ်း လစာ၊အငြိမ်းစား လစာများအတွက် အပြည့်အ၀ထုတ်ပေးပြီး စက်သုံးဆီနဲ့ ကုန်ကြမ်းအတွက် လိုအပ် ချက်ရဲ့ ၂၂ % သာထုတ်ပေးကာ ကျန်ငွေများကို မိမိဝင်ငွေထဲကလှည့်ပတ်သုံးစွဲပြီး စနစ်ကို စတင် ကျင့်သုံး ခဲ့ပါတယ်။ နိုင်ငံခြားငွေနဲ့ပတ်သက်ရင် အရင်တုံး က ခြောက်ကျပ်ခွဲနှုန်းနဲ့ တွက်ချက်သုံးပေမယ့် အခု ဘဏ္ဍာရေးနှစ်ကစပြီး ပေါက်ဈေးအတိုင်းပေးချေရပါတယ်။ ရတဲ့ဝင်ငွေ အားလုံးကိုတော့ အရင်စနစ် အတိုင်းနိုင်ငံတော်ကိုပေးသွင်းခဲ့ရပါတယ်။

၂၀၁၂ ဧပြီလကစပြီး ၂၀၁၂ ဒီဇင်ဘာလအထိ လစာများနဲ့ ကုန်ကြမ်းပစ္စည်း၊ စက်သုံးဆီများအတွက် သုံးစွဲခဲ့တဲ့ငွေများ နဲ့ နိုင်ငံတော်ကိုပြန်လည်ပေးသွင်းပြီးတဲ့အထိ နှိုင်းယှဉ်ရင် နိုင်ငံတော်ကိုပေးသွင်းငွေက ပိုများနေတဲ့အတွက် မရှုံးပါဘူး။ ဘယ်လောက်မြတ်မယ်ဆိုတာကတော့ ဘဏ္ဍာရေးနှစ်ကုန်မှပဲ သိရ မှာဖြစ်ပါတယ်။ သေချာတာကတော့ နိုင်ငံပိုင်သတင်းစာများအရှုံး နဲ့လည်ပတ်နေ တာ မဟုတ်ဘူး ဆိုတဲ့အချက်ပါပဲ။

သတင်းစာတစ်စောင်ရှုံးတယ်၊ မြတ်တယ်ဆိုတာ သတင်း စာတစ်စောင်ရောင်းဈေး နဲ့ကြည့်လို့ မရပါ ဘူး။ ကြော်ငြာနဲ့ အခြား ၀င်ငွေများပါထည့်သွင်းတွက်ချက်ရတာဖြစ်ပါတယ်။ တကယ်တော့ ဒီကနေ့ ဂျာနယ်ထုတ်ဝေသူများဟာ ဒီသဘောကို သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ရောင်းဈေးကိုပဲ ပြောပြီး အရှုံးခံ ထုတ်တယ်လို့ စွတ်စွဲနေတဲ့အချက်ကိုတော့ ကျွန်တော် လည်းနားမလည်နိုင်ပါဘူး။ နိုင်ငံခြား မှာ ကြော်ငြာငွေအပေါ်မူတည်ပြီး အခမဲ့ပေးနေတဲ့ သတင်းစာများတောင်ရှိနေတာ ကျွန်တော်တို့ အားလုံးအသိပါ။ အခုနိုင်ငံပိုင်သတင်းစာများ ဘာ့ကြောင့်ဈေးတက်မရောင်းတာလဲဆိုတာကရှင်းပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေလက်ထဲကို သတင်းစာတွေပိုပြီးရောက်စေချင်တယ်။ ဒါ့ကြောင့် ရောင်စုံပြောင်း တဲ့ အချိန် မှာ သတင်းစာဈေးမတက်ပါဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

နောက်ပြောနေကြတဲ့အချက်ကတော့ ဖြန့်ချိရေးမှာ နိုင်ငံပိုင်သတင်းစာများအနေနဲ့ နိုင်ငံပိုင်ပို့ဆောင်ရေးတွေမှာ အခမဲ့ ပို့ဆောင်လို့ရတယ်ဆိုတဲ့အချက်ပါပဲ။ တကယ်တော့ မီးရထား၊လေကြောင်း၊ ရေကြောင်းက ပို့ဆောင်သမျှအားလုံး သတ် မှတ်ငွေကြေးအတိုင်းပေးချေနေရတာဖြစ်ပါတယ်။ ဘယ်နေရာကမှ အခမဲ့ပို့ မပေးပါဘူး။ တစ်ချို့နေရာများမှာဆိုရင် ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများကနေ တဆင့် ပို့ဆောင်ပေးရ တာလည်း ရှိပါတယ်။အဲဒီလိုနေရာမျိုးမှာဆိုရင် ပို့ဆောင်စရိတ်က ပိုကုန်ပါတယ်။ သို့သော် ပြည်သူ တွေ လက်ထဲကို သတင်းစာရောက်စေချင်တဲ့အတွက် ရောက်အောင်ပို့ပါတယ်။

ဒီနေရာမှာ အမြတ်ဆိုတာက အများပြည်သူ ၀န်ဆောင်မှု အတွက်ဥိး တည်ဆောင်ရွက် တာဖြစ်တဲ့ အတွက် ငွေကြေး အမြတ် အစွန်းအများကြီး ရအောင်မကြိုး စားပါ ဘူး။ ပြည်သူတွေ လိုအပ်တဲ့ သတင်း အချက်အလက်တွေကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေးကို ပဲ အဓိကအမြတ် အဖြစ် ရည်မှန်းဆောင် ရွက်နေတာဖြစ်ပါတယ်။ ဒါကလည်း အများပြည်သူဝန်ဆောင်မှုမီဒီယာရဲ့ အနှစ်သာရ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ Public Service Media အများပြည်သူဝန်ဆောင်မှုမီဒီယာရဲ့ သဘော သဘာဝက စိမ်းနေသေးတဲ့အတွက် အခုလို အထင်မှားမှုတွေရှိနေတယ်လို့ ထင်ပါတယ်။
Ye Htut

No comments:

Post a Comment