လက်ရှိ ကမ္ဘာ့ထိပ်သီးသိပ္ပံပညာရှင်တို့ ရှာဖွေ ဖော်ထုတ်နေတဲ့ နည်း လမ်းဖြစ်ပါတယ်။ ကြောက်စရာလည်း ကောင်းသလို၊ အံ့သြဖို့ လည်း ကောင်းပါတယ်။
ယင်းကတော့ လူ့စိတ်ကို စက်ရုပ်ထဲအားလုံး ပို့ဆောင်ခြင်း ဖြစ်ပါ တယ်။ အသက်လိပ်ပြာကို လွဲပြောင်းတဲ့ သဘောအတိုင်းပါပဲ။ တီထွင် မယ့် စက်ရုံက လူတစ်ယောက်နီးပါး ဥာဏ်ရှိရမယ် သို့မဟုတ်၊ လူက လွဲပြောင်းပေးလိုက်တဲ့ ဥာဏ်ရည်အားလုံးကို မပျက်ဆီးပဲမှတ်သားနိုင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ မြွေတွေ အရေခွံလှဲတာထက်တောင် ပို ဆန်းနေပါတယ်။ မြွေအရေခွံလှဲပေမယ့် သူ့ကိုယ်က ဒီတိုင်းပါပဲ။ ဒီမှာ လူ့ခန္ဓာကိုယ် တစ်ခုလုံးကို ထားခဲ့ရမှာ ဖြစ်ပါတယ်။
ကိုယ့်ဆီမှာရှိတဲ့ မှတ်ဥာဏ်၊ အိုင်ကျူလယ်ဗယ်အားလုံးကို စက်ရုပ်ဆီ ရောက်အောင် Upload လုပ်ပေး ရုံပါပဲ။ ဒီမှာတောင် ကိုယ်မမှတ်မိစေချင်တဲ့အကြောင်းအရာတွေကိုတောင် ချန်ထားလို့ရမယ်လို့ဆိုပါတယ်။ ယင်း စက်ရုပ်ကလည်းအနည်းဆုံး နှစ်ပေါင်း ၅၀၀ လောက်ကတော့ တာရှည်ခံမှာလို့ဆိုပါတယ်။
ကွန်ပြူတာ ချစ်ပ်၊ နာနိုဓာတ်ပြားများထဲမှာ လူ့လိပ်ပြာဝင်ခိုအောင်းဖို့ဆိုတာ စဉ်းတော့စဉ်းစားစရာပါပဲ။ ဒီလိုနဲ့စက်ပစ္စည်း ပြတ်ရင် ပြင်လိုက်၊အသစ်လှဲလိုက်၊ ပိုကောင်းတဲ့ စက်ရုပ်ခန္ဓာကိုယ်ကို ကူးပြောင်း လိုက်နဲ့ သူတို့ တွေးထားတဲ့အတွေးကတော့အံ့မခန်းပါပဲ။ ဒီတောပထမဆုံး အဆင့်ကလူတစ်ယောက် နီးနီး တွေးခေါ်နိုင်၊ ခံစားနိုင်တဲ့စက်ရုပ် သို့မဟုတ် နှလုံးသားပါတဲ့စက်ပစ္စည်း၊ Memory , ဟာ့ဒ်ဝဲများ တီထွင်ရမှာက ပထမအဆင့်ဖြစ်ပါ တယ်။
ယင်းစက်ရုံက နေရာစုံသွားလာနိုင်၊ ပိုမိုသန်မာ၊ လှုပ်ရှားနိုင်ပြီး၊ ကိုယ်ပါပဲလုပ်ချင်လုပ်ချင်၊ ပရိုဂရမ်ဆွဲ သွင်း လိုက်ရုံ ဖြစ်ပြီး စွယ်စုံတတ်ကျွန်းမယ့် သူတောင် ဖြစ်လာနိုင်ပါတယ်။
ထိကိုင်လို့မရပေမယ့်ပညတ်အတိုင်း ရှိနေတဲ့၊အချစ်၊အမုန်း၊သံယောဇဉ် ဆိုတာတွေကိုစက်ရုပ်ဦးနှောက်မှာ ထည့်သွင်းနိုင်ပြီဆိုရင် အောင်မြင်ဖို့ပထမဆုံး ခြေလှမ်းပါပဲ။ လူ့မှတ်ဥာဏ်ကိုကူးပြောင်းလို့ရတ ယ်
ဆိုတော့ နှစ်ကိုယ်ခွဲတောင် ဖြစ်လာမလားပဲ။ ဒီတော့အနာဂတ်မှာ လူသားတွေထာဝရအသက်ရှင်မယ့် သူများ ဖြစ်မဖြစ်ဆိုတာ စောင့်ကြည့်ရုံပဲ ဖြစ်ပါတယ်။
--
Ref: techblog
ရိုးရာလေး နည်းပညာ
ယင်းကတော့ လူ့စိတ်ကို စက်ရုပ်ထဲအားလုံး ပို့ဆောင်ခြင်း ဖြစ်ပါ တယ်။ အသက်လိပ်ပြာကို လွဲပြောင်းတဲ့ သဘောအတိုင်းပါပဲ။ တီထွင် မယ့် စက်ရုံက လူတစ်ယောက်နီးပါး ဥာဏ်ရှိရမယ် သို့မဟုတ်၊ လူက လွဲပြောင်းပေးလိုက်တဲ့ ဥာဏ်ရည်အားလုံးကို မပျက်ဆီးပဲမှတ်သားနိုင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ မြွေတွေ အရေခွံလှဲတာထက်တောင် ပို ဆန်းနေပါတယ်။ မြွေအရေခွံလှဲပေမယ့် သူ့ကိုယ်က ဒီတိုင်းပါပဲ။ ဒီမှာ လူ့ခန္ဓာကိုယ် တစ်ခုလုံးကို ထားခဲ့ရမှာ ဖြစ်ပါတယ်။
ကိုယ့်ဆီမှာရှိတဲ့ မှတ်ဥာဏ်၊ အိုင်ကျူလယ်ဗယ်အားလုံးကို စက်ရုပ်ဆီ ရောက်အောင် Upload လုပ်ပေး ရုံပါပဲ။ ဒီမှာတောင် ကိုယ်မမှတ်မိစေချင်တဲ့အကြောင်းအရာတွေကိုတောင် ချန်ထားလို့ရမယ်လို့ဆိုပါတယ်။ ယင်း စက်ရုပ်ကလည်းအနည်းဆုံး နှစ်ပေါင်း ၅၀၀ လောက်ကတော့ တာရှည်ခံမှာလို့ဆိုပါတယ်။
ကွန်ပြူတာ ချစ်ပ်၊ နာနိုဓာတ်ပြားများထဲမှာ လူ့လိပ်ပြာဝင်ခိုအောင်းဖို့ဆိုတာ စဉ်းတော့စဉ်းစားစရာပါပဲ။ ဒီလိုနဲ့စက်ပစ္စည်း ပြတ်ရင် ပြင်လိုက်၊အသစ်လှဲလိုက်၊ ပိုကောင်းတဲ့ စက်ရုပ်ခန္ဓာကိုယ်ကို ကူးပြောင်း လိုက်နဲ့ သူတို့ တွေးထားတဲ့အတွေးကတော့အံ့မခန်းပါပဲ။ ဒီတောပထမဆုံး အဆင့်ကလူတစ်ယောက် နီးနီး တွေးခေါ်နိုင်၊ ခံစားနိုင်တဲ့စက်ရုပ် သို့မဟုတ် နှလုံးသားပါတဲ့စက်ပစ္စည်း၊ Memory , ဟာ့ဒ်ဝဲများ တီထွင်ရမှာက ပထမအဆင့်ဖြစ်ပါ တယ်။
ယင်းစက်ရုံက နေရာစုံသွားလာနိုင်၊ ပိုမိုသန်မာ၊ လှုပ်ရှားနိုင်ပြီး၊ ကိုယ်ပါပဲလုပ်ချင်လုပ်ချင်၊ ပရိုဂရမ်ဆွဲ သွင်း လိုက်ရုံ ဖြစ်ပြီး စွယ်စုံတတ်ကျွန်းမယ့် သူတောင် ဖြစ်လာနိုင်ပါတယ်။
ထိကိုင်လို့မရပေမယ့်ပညတ်အတိုင်း ရှိနေတဲ့၊အချစ်၊အမုန်း၊သံယောဇဉ် ဆိုတာတွေကိုစက်ရုပ်ဦးနှောက်မှာ ထည့်သွင်းနိုင်ပြီဆိုရင် အောင်မြင်ဖို့ပထမဆုံး ခြေလှမ်းပါပဲ။ လူ့မှတ်ဥာဏ်ကိုကူးပြောင်းလို့ရတ
--
Ref: techblog
ရိုးရာလေး နည်းပညာ
No comments:
Post a Comment