Saturday, January 5, 2013

ပြည်တွင်းတွင် ပုစွန်ထုတ်လုပ်မှုနည်းပါးပြီး စားသုံးမှုကို ပြည့်မှီအောင် မဖြည့်ဆည်းနိုင်သောကြောင့် ပြည်ပမှတရားမ၀င် ပုစွန်များ နေ့စဉ် ၀င်ရောက်လျက်ရှိနေကြောင်း သိရ

ပြည်တွင်း၌ ပုစွန်ထုတ်လုပ်မှု နည်းပါးပြီး ပြည်တွင်းစားသုံးမှုကို ပြည့်မှီအောင် ဖြည့်ဆည်းနိုင်ခြင်း မရှိသောကြောင့် ပြည်ပမှ ပုစွန်များ နေ့စဉ် ၀င်ရောက်လျက်ရှိနေကြောင်းကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ၏ နှစ်ပတ်လည်အစည်းအဝေး မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်း အစီအရင်ခံစာအရ သိရှိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လုပ်ကိုင်နေကြသော ရေငန်ပုစွန် လွှတ်ကွင်း ကျယ် မွေးမြူရေးစနစ်သည် ကန်ပြုပြင်ရန် ခက်ခဲခြင်း၊  မွေးမြူရေးနည်းစနစ် မပြောင်းလဲနိုင်ခြင်းတို့ကြောင့် ယခင်က တစ်ဧက ထွက်နှုန်းမှာ ပိဿာ ၂၀ထွက်ရာမှ အခုထွက်နှုန်းမှာ ၅ ပိဿာခန့်သာ ထွက်ရှိကြောင်း သိရှိရသည်။
 ပုစွန်မွေးမြူရေးကဏ္ဍတွင် ပုစွန်ဖြူမွေးမြူရေးကို လုပ်ကိုင် ဆောင်ရွက်နေသော ကုမ္ပဏီ(၅) ခုခန့်သာရှိပြီး သဘာဝမွေးမြူရေးနှင့် ပင်လယ်ပြင်မှ ပုစွန်ကုန်ကြမ်းများကိုသာ အားကိုးနေရကြောင်း သိရှိရသည်။ ပုစွန်ဖြူဈေးနှုန်းမှာ လက်ရှိတွင် ကောင်းနေသော်လည်း လုပ်ငန်းတိုးချဲ့နိုင်ခြင်း မရှိခြင်း၊ပြည် တွင်း ပုစွန် ထုတ်လုပ်မှု နည်းပါးနေခြင်းတို့ကြောင့် နိုင်ငံခြားမှ ပုစွန်ဖြူများ တရားဝင်မဟုတ်ဘဲ ပြည်တွင်းသို့ နေ့စဉ် ၀င်ရောက်လျက်ရှိရာ ပြည်တွင်းဈေးကွက်တွင် နေရာယူလျက်ရှိနေကြောင်း သိရှိရသည်။
ရေချိုပုစွန် မွေးမြူရေးကဏ္ဍတွင် ၂၀၁၂ခုနှစ်၌ ပုဂ္ဂလိက သားပေါက်စခန်း ၁၅ခု ရှိလာပြီး သားပေါက်ကောင်ရေ သိန်း ၁၅၀၀ခန့် ထုတ်လုပ်လာနိုင်သော်လည်း ရေချိုပုစွန် ရောင်းဝယ်ရေး၌ ပြည်တွင်း စားသုံးမှုကို ပြည့်မှီအောင်  မဖြည့်စည်းနိုင်ခြင်းတို့ကြောင့် ပြည်ပမှ ရေချိုပုစွန်များ တရားမ၀င်နည်းလမ်းများဖြင့် ၀င်ရောက်လာ သည် ကို တွေ့ရှိနေရသည်ဟု အဆိုပါ အစီအရင်ခံစာ၌ တွေ့ရှိရသည်။
ပုစွန်မွေးမြူရေးကဏ္ဍတွင် လက်ရှိ ရေငန်ပုစွန်ကျား မွေးမြူရေးလုပ်ငန်းသည် ရောဂါကင်းသော မျိုးအမများ ရရှိရေးမှာ အခက်အခဲ ဖြစ်နေကြောင်း သိရပြီး ရေငန်ပုစွန်လုပ်ငန်းတွင် ၅ရာခိုင်နှုန်း ခန့်သာ ရေငန်ပုစွန် ကျား မွေးမြူနိုင်ပြီး ကျန်ရှိသော ၉၅ရာခိုင်နှုန်း မှာ ရေငန် ပုစွန်ဖြူ မွေးမြူရေး လုပ်ငန်းများ သာဖြစ်ကြောင်း သိရှိရသည်။
ပုစွန်မွေးမြူရေးကဏ္ဍတိုးတက်ရန်အတွက် နိုင်ငံခြားအဖွဲ့အစည်းများ၊နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ၊ကမ္ဘာ့အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး နိုင်ငံခြားဈေးကွက်များ ရရှိလိုကြောင်း သိရှိရသည်။
Eleven

No comments:

Post a Comment