Tuesday, January 15, 2013

ဂျပန် တိုက်လေယာဉ် များကို တုံ့ပြန်ရန် အတွက် တရုတ် နိုင်ငံက အရှေ့တရုတ် ပင်လယ်သို့ တိုက်လေယာဉ် များ စေလွှတ်ခဲ့ခြင်း

ဂျပန် တိုက်လေယာဉ် များကို တုံ့ပြန်ရန် အတွက် တရုတ် နိုင်ငံက အရှေ့တရုတ် ပင်လယ်သို့ တိုက်လေယာဉ် များ စေလွှတ်ခဲ့ခြင်း

တရုတ် အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဌာနသည် အရှေ့တရုတ် ပင်လယ်၏ အနောက်တောင်ပိုင်း လေပိုင်နက်တွင် ပုံမှန် ကင်းလှည့်မှုများ ပြုလုပ်နေသော တရုတ်နိုင်ငံ၏ Y-8 တိုက်လေယာဉ်အား ဂျပန် နိုင်ငံ၏ F-15 တိုက်လေယာဉ် ၂ စင်းက နီးကပ်စွာ နောက်ယောင်ခံ လိုက်ခဲ့ပြီးနောက် ထိုကဲ့သို့ နှောင့်ယှက်မှု နှင့် ပတ်သက်၍ ပြစ်တင် ရှုတ်ချခဲ့ကြောင်း Xinhua သတင်း တစ်ရပ်အရ သိရှိရပါသည်။

ဂျပန် နိုင်ငံက ထိုကဲ့သို့ နှောင့်ယှက် ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံက အရှေ့တရုတ် ပင်လယ်သို့ J-10 တိုက်လေယာဉ် ၂ စင်း အား စေလွှတ်ခဲ့ကြောင်း တရုတ်အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနရှိ တာဝန်ရှိ သူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။ ၎င်း Y-8 တိုက်လေယာဉ်သည် အရှေ့တရုတ် ပင်လယ်၏ အနောက်တောင်ပိုင်း ရေပိုင် နက်တွင် ဇန်နဝါရီလ ၁ဝ ရက်နေ့က ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Y-8 တိုက်လေယာဉ် အား နောက်ယောင်ခံ လိုက်နေသော ဂျပန် တိုက်လေယာဉ်များ အပြင် ၎င်းလေပိုင်နက် အတွင်းရှိ အခြား ဂျပန် ကင်းထောက် လေယာဉ်များကိုပါ စောင့်ကြည့်ရန် အတွက် J-10 တိုက်လေယာဉ် ၂ စင်းကို စေလွှတ်ခဲ့ ကြောင်းနှင့် ဂျပန်တိုက်လေယာဉ်များ အနေဖြင့် တရုတ်တိုက်လေယာဉ်အား နီးကပ်စွာ ကင်းထောက်လှမ်းမှု များ တိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တရုတ်စစ်ဘက် အနေဖြင့် ၎င်း၏တရားဝင် အခွင့်အရေး များကို ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း၊ တရုတ်လေတပ်၏ လုံခြုံရေးကို ပြတ်ပြတ်သားသား ကာကွယ်ပေးမည် ဖြစ်ပြီး အမြင့်ဆုံး တပ်လှန့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ပိုမိုထိရောက်သော အစီအမံများ ချမှတ်ခြင်းဖြင့် လုံခြုံရေး အငြင်းပွားမှုကို တားဆီးသွားမည် ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံ အနေဖြင့် နိုင်ငံတကာ ဥပဒေများကို လေးစား လိုက်နာရန် လိုကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

http://www.myawady.net.mm/allnews/global/item/4362-2013-01-14-13-25-40

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia


တရုတ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနသည် အရှေ့တရုတ် ပင်လယ်၏ အနောက်တောင်ပိုင်း လေပိုင်နက်တွင် ပုံမှန်ကင်းလှည့် မှုများ ပြုလုပ်နေသော တရုတ်နိုင်ငံ၏ Y-8 တိုက်လေယာဉ်အား ဂျပန် နိုင်ငံ၏ F-15 တိုက်လေယာဉ် ၂ စင်းက နီးကပ် စွာ နောက်ယောင်ခံလိုက်ခဲ့ပြီးနောက် ထိုကဲ့သို့ နှောင့်ယှက်မှု နှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချခဲ့ကြောင်း Xinhua သတင်းတစ်ရပ်အရသိရှိရပါသည်။

ဂျပန် နိုင်ငံက ထိုကဲ့သို့ နှောင့်ယှက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံကအရှေ့တရုတ်ပင်လယ်သို့ J-10 တိုက်လေ ယာဉ် ၂ စင်း အား စေလွှတ်ခဲ့ကြောင်း တရုတ်အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနရှိ တာဝန်ရှိ သူတစ်ဦး က အတည်ပြု ပြောကြားခဲ့ပါသည်။ ၎င်း Y-8 တိုက်လေယာဉ်သည် အရှေ့တရုတ်ပင်လယ်၏ အနောက်တောင်ပိုင်း ရေပိုင်နက်တွင် ဇန်နဝါရီလ ၁ဝ ရက်နေ့ကကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။ Y-8 တိုက်လေယာဉ်အား နောက်ယောင်ခံလိုက်နေသော ဂျပန်တိုက်လေယာဉ်များ အပြင် ၎င်းလေပိုင်နက်အတွင်းရှိ အခြားဂျပန်ကင်းထောက် လေယာဉ်များကိုပါ စောင့်ကြည့်ရန်အတွက် J-10 တိုက်လေယာဉ် ၂ စင်းကို စေလွှတ်ခဲ့ ကြောင်းနှင့် ဂျပန်တိုက်လေယာဉ်များ အနေဖြင့် တရုတ် တိုက်လေ ယာဉ်အားနီးကပ်စွာကင်းထောက်လှမ်းမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တရုတ်စစ်ဘက်အနေဖြင့် ၎င်း၏တရားဝင် အခွင့်အရေးများကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ တရုတ်လေတပ်၏ လုံခြုံရေးကို ပြတ်ပြတ်သားသားကာကွယ်ပေးမည် ဖြစ်ပြီး အမြင့်ဆုံးတပ်လှန့် မှုများ ပြု လုပ်သွားမည် ဖြစ်ကြောင်း၊ ပိုမိုထိရောက်သော အစီအမံများ ချမှတ်ခြင်းဖြင့် လုံခြုံရေးအငြင်းပွားမှုကို တားဆီးသွားမည် ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံတကာ ဥပဒေများကို လေးစားလိုက်နာ ရန်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်ဟုသိရှိရပါသည်။
  မြ၀တီ

No comments:

Post a Comment