Tuesday, January 15, 2013

အင်တာနက် ဆက်ကြောင်းသစ်အတွက် ဒေါ်လာသန်း ၄၀ ခန့် တရုတ်ကုမ္ပဏီ ရင်းနှီးမြှုပ်နှံ

မြန်မာ့ စီးပွားရေး သတင်းများ  ဇန်နဝါရီ ၁၅၊ ၂၀၁၃

အင်တာနက် ဆက်ကြောင်းသစ်အတွက် ဒေါ်လာသန်း ၄၀ ခန့် တရုတ်ကုမ္ပဏီ ရင်းနှီးမြှုပ်နှံ 

ဆက်သွယ်ရေးမှ နိုင်ငံတကာသို့ ထွက်ပေါက်တခု ပိုရလာစေရန်အတွက် SE-ME-WE-5 အင်တာနက် ဆက်ကြောင်းတခု တည်ဆောက်မှုတွင် တရုတ်နိုင်ငံ ကုမ္ပဏီတခုမှ အမေရိကန် ဒေါ်လာ သန်း ၄၀ ခန့် ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

“SE-ME-WE-5 အင်တာနက် ဆက်ကြောင်း တည်ဆောက်မှုမှာ တရုတ်နိုင်ငံ အခြေစိုက် China Unicon ကုမ္ပဏီက ဝင်ရောက်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီက ကေဘယ်လ်တွေနဲ့ စက်ပစ္စည်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်းမှ သန်း ၄၀ ကြား ရင်းနှီးမြှုပ်နှံမှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောသည်။

ယင်းအတွက် သဘောတူစာချုပ်ကို ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် China Unicon ကုမ္ပဏီတို့က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်အတွင်းက ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။

“အင်တာနက် ဆက်ကြောင်း တည်ဆောက်ရာမှာ ကုန်းတွင်းပိုင်း ဖိုင်ဘာလိုင်းတွေကို မူဆယ်ကနေ-ငွေဆောင်အထိ အရင်တည်ဆောက်မှာပါ။ ပြီးမှ ပင်လယ်ထဲကို ဆင်းမှာပါ။ ပင်လယ်ထဲကမှ နိုင်ငံတကာနဲ့ ချိတ်ဆက်သုံးမှာပါ။ ဆက်ကြောင်း တည်ဆောက်မှုတွေ ပြီးစီးရင် အဲဒီ ကေဘယ်လ်လိုင်းကို တယောက်တဝက်စီ ပိုင်ဆိုင် အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းဌေး က ဆက်လက်ပြောကြားသည်။

လက်ရှိအသုံးပြုနေသည့် SE-ME-WE-3 အင်တာနက် ဆက်ကြောင်းကို အသုံးပြုခဲ့သည်မှာ သက်တမ်း ကြာမြင့်နေပြီ ဖြစ်သဖြင့် အင်တာနက် ဆွဲအားကောင်းမွန်စေရန် ဆက်ကြောင်းသစ်ကို တည်ဆောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“SE-ME-WE-5 ဆက်ကြောင်းသစ် တည်ဆောက်ပြီးရင် မြန်မာနိုင်ငံအနေနဲ့ ပင်လယ်ကနေ နိုင်ငံတကာကို ဆက်သွယ်နိုင်မှာ ဖြစ်သလို တရုတ်ကနေ နိုင်ငံတကာကို ဆက်သွယ်နိုင်မှာဖြစ်လို့ ဆက်ကြောင်း နှစ်ခု အသုံးပြုပြီးနိုင်ငံတကာကို ထွက်တဲ့ ထွက်ပေါက်တခု ပိုရလာမှာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိ ဦးသန်းအောင် က ပြောကြားသည်။ 




ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များရှိ လက်လုပ်လက်စား အများစုသည် တန်ဖိုးနည်းထမင်းဆိုင်များကိုသာ အဓိကထား စားသောက်နေရပြီး၊ ထမင်းဆိုင်များမှလည်း အဆင်ပြေအောင် ကျပ် (၅၀)၊ (၁၀၀) ဖိုးအထိ ရောင်းပေးရကြောင်း သိရ

ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ်များတွင် နေထိုင်သော လက်လုပ်လက်စား အများစုသည် တန်ဖိုးနည်း ထမင်းဆိုင်များကိုသာ အဓိကထား စားသောက်နေရပြီး ထမင်းဆိုင်များမှလည်း အဆင်ပြေအောင် (၅၀)၊ (၁၀၀) ဖိုးခန့် အထိ ရောင်းပေးရကြောင်း သိရသည်။
ပန်းရံနေ့စားသမားများ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်များ၊ စက်ရုံးအလုပ်သမားများတို့သည် ၀င်ငွေပေါ်မူတည်၍ ခွဲဝေသုံးစွဲနေရပြီး ချက်ပြုတ်စားသောက်ခြင်းထက် ၀ယ်ယူစားသောက်ခြင်းက ၄င်းတို့အတွက် ပိုမိုအဆင်ပြေကြောင်း ငွေ ၂၀၀ မှ ၃၀၀ ခန့်ရှိလျှင် တစ်နပ်စာအတွက် လုံလောက်ကြောင်း ဆင်ခြေဖုံးရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။
"ကျွန်တော်က ပန်းရံလုပ်ပါတယ်။ နေ့စားဆိုတော့ ၃၀၀၀ လောက်ရတယ် နေ့ပြန်တိုးပေးရ ဟိုအကြွေး ဒီအကြွေးပေးရနဲ့ နောက်ဆုံး ထမင်းမချက်နိုင်ဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်က ခုနှစ်နာရီလောက်ရှိတော့ ချက်ရင်လည်း ဆာလို့ မစောင့်နိုင်ဘူး။ ဆိုင်မှာက ထမင်းတစ်ရာဖိုး၊ ဟင်းတစ်ရာဖိုးဗျာ လိုက်ပွဲကငါးဆယ် တစ်ကိုယ်ရေဆို လောက်တယ်။ မိန်းမနဲ့ကလေးပါလာရင် တစ်ထောင်လောက် ကုန်တယ်" ဟု မြောက်ဥက္ကလာပတွင် နေထိုင်သော အသက်သုံးဆယ်ခန့်ရှိ ကိုညိုလုံးက ပြောသည်။
မနက်တွင် အပေါင်ဆိုင်များ၊ ပိုက်ဆံချေးသူများက မိမိတို့ကျေးဇူးရှင်များ ဖြစ်ကြောင်း၊ ထိုမှရသည့်ငွေများကို ဈေးရင်းဖို့နှင့် မနက်ပိုင်းဝမ်းစာအတွက် ဖြေရှင်းရကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သော ဈေးသည်တစ်ဦးကလည်း ပြောပြခဲ့သည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ ထမင်းဆိုင်ရှင် တစ်ဦးကလည်း "ဒီမှာတော့ အနည်းဆုံး ၃၀၀ ဖိုးရောင်းတယ်၊ ဒါပေမဲ့ ၅၀၊ ၁၀၀ ဖိုးကိုပဲ လာဝယ်စားကြတာ များတယ်၊ တစ်နေ့ကို လူလေးဆယ်ငါးဆယ်လောက် စားတာဆိုတော့ သူတို့ဝယ်တဲ့ဈေးကို ရောင်းရတာပေါ့၊ မရောင်းရင်လည်း ၀ယ်စားမယ့်သူတောင် ရှိမှာမဟုတ်ဘူး၊ လက်ဖက်သုပ် နှစ်ရာဖိုးဝယ်တယ်။ နောက်ထပ်တစ်ရာဖိုး ပေးပါဆိုလည်း ရောင်းပေးရတယ်။ တစ်ခါတစ်လေဆို ထမင်းစာပြီးမှ အကြွေးဆိုပြီး မှတ်ခိုင်းတယ်။ စားပြီးမှတော့ ဘာပြောလို့ရမှာလဲ၊ ဆာနေတဲ့သူတွေဆိုတော့လည်း မပြောချင်တော့ဘူး" ဟု ပြောပြခဲ့သည်။




မြန်မာစာစနစ် ပါဝင်သည့် HTC မိုဘိုင်းဖုန်းများအား ပြည်တွင်း၌ တရားဝင် စတင်ဖြန့်ချိ

မြန်မာစာစနစ် ပါဝင်သည့် HTC မိုဘိုင်းဖုန်းများအား ပြည်တွင်း၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့၌ တရားဝင် စတင်ဖြန့်ချိရန်အတွက် HTC Coporation နှင့် ပြည်တွင်းရှိ KMD Computer Group တို့ သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း ထိုသို့ HTC မိုဘိုင်းဖုန်းများအား တရားဝင်ဖြန့်ချိရာတွင် မြန်မာနိုင်ငံအတွက် အထူးသီးသန့် ဖန်တီးထားသည့် မြန်မာဘာသာသုံး Virtual Keyboard များဖြင့် ဒီဇိုင်းတီထွင်ထားသည့် စမတ်ဖုန်းများ ပါဝင်ပြီး  မြန်မာစာစနစ်တွင်လည်း ဇော်ဂျီ၊ စံမြန်မာနှင့် Myanmar 3 များ ပါဝင်ကြောင်း သိရှိရသည်။ 
"ကျွန်တော့်ရဲ့ ပြင်းပြတဲ့ဆန္ဒက မြန်မာဘာသာကို အပြည့်အ၀ အသုံးပြုနိုင်မယ့် Smart Phone တွေကို ဆန်းသစ်တီထွင်မှု ပြုလုပ်ပေးချင်တာပါ။ ဒါမှသာ မြန်မာလူမျိုးတွေ ဆက်သွယ်မှုအပိုင်းမှာ ပိုပြီးအဆင်ပြေပြေ လွယ်လွယ်ကူကူ ဆက်သွယ်လာနိုင်ကြမှာပါ" ဟု HTC ၏ CEO ဖြစ်သူ ဦးဝင်းသန်း (ခေါ်) Mr Peter Chou က ပြောကြားခဲ့သည်။
"ကျွန်မတို့အနေနဲ့ HTC Concept Store တွေမှာ ဖုန်းတွေကို ပြသရောင်းချတဲ့ ဆိုင်သက်သက်ပဲ မဟုတ်ပါဘူး။ HTC ရဲ့နောက်ဆုံးထွက်လာတဲ့ Innovative အဖြစ်ဆုံး နည်းပညာတွေကို ၀ယ်ယူစရာမလိုပဲ ကျောင်းသားကျောင်းသူတွေနဲ့ စိတ်ပါဝင်စားသူတွေကိုယ်တိုင် စမ်းသပ်နိုင်ဖို့ စီစဉ်ပေးထားတဲ့ နေရာတစ်ခုပါ။ နောက်ပြီး HTC စမတ်ဖုန်းတွေရဲ့ Feature တွေကို လေ့လာသင်ယူနိုင်ဖို့ user experience training တွေကိုလည်း အခမဲ့တက်ရောက်နိုင်အောင် စီစဉ်ပေးသွားမှာပါ။ အခြားမြို့ကြီးတွေမှာလည်း HTC Concept Store တွေ ထပ်ဖွင့်သွားမှာပါ" ဟု KMD Computer Group ၏ ဥက္ကဌဖြစ်သူ ဒေါ်တင်တင်အေးက ပြောကြားခဲ့သည်။  အဆိုပါ ပြည်တွင်းသို့ တရားဝင် စတင်ဖြန့်ချိမည့် HTC ၏ စမတ်ဖုန်းများတွင် နိုင်ငံတော်တော်များများ၌ မရနိုင်သေးသည့် HTC Butterfly စမတ်ဖုန်း အပါအ၀င် Desire C, Desire VC, Desire X, One X များ ပါဝင်ပြီး HTC Product warranty အနေဖြင့် ၁၈ လပေး သွားမည်ဖြစ်ကြောင်း သိရသည်။




စက်မှုဇုန်အချို့ မြေဈေးနှုန်းမှာ တစ်ကမ္ဘာလုံး၌ အမြင့်ဆုံး ဖြစ်နေသော်လည်း နိုင်ငံတော်မှ ထိန်းချုပ်မည်မဟုတ်ကြောင်း စီးပွား/စီမံ ဒုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံရှိ စက်မှုဇုန်အချို့၏ မြေဈေးနှုန်းများမှာ နိုင်ငံတကာ တွက်ချက်မှု ပုံစံနှင့် တွက်ချက်ပါက ကမ္ဘာတွင် အမြင့်ဆုံး ဖြစ်နေသော်လည်း နိုင်ငံတော် အနေဖြင့် ထိန်းချုပ်မည် မဟုတ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားသည်။
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ဇန်န၀ါရီလ ၉ ရက်တွင် ကျင်းပသည့် သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ယင်းသို့ ထိန်းချုပ်မည် မဟုတ်သော်လည်း အထူးစီးပွားရေး ဇုန်များအတွင်းရှိ မြေဈေးနှုန်းများကိုမူ နိုင်ငံတကာ ဈေးများဖြင့် နှိုင်းယှဉ်ကာ ကိုက်ညီမှုရှိအောင် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။
စက်မှုဇုန် မြေဈေးကို တကယ်ထိန်းချုပ်ချင်ရင် တကယ် လုပ်မယ့်သူတွေကိုပဲ လွယ်လွယ်ကူ ကူချထားပေးလိုက်ဖို့ပဲ လိုတယ်။ ဒါဆို ဈေးတက်စရာ အကြောင်းမရှိဘူး။ တကယ်လုပ်မယ့်သူ ကျတော့ မြေကွက်ရတဲ့ အခါမှာလည်း သုံးလအတွင်း အုတ်တံတိုင်း ခတ်ရမယ်၊ မခတ်ရင် ပြန်သိမ်းမယ်၊ တစ်နှစ်အတွင်း စက်ရုံဆောက်ရမယ်၊ မဆောက်ရင် ပြန်သိမ်းမယ်ဆိုပြီး လုပ်တယ်။ ရောင်းစားတဲ့ သူတွေကျတော့ ခြံလည်းမခတ်၊ စက်ရုံလည်း မဆောက်ဘဲ နှစ်ပေါင်းများစွာ ကိုင်ထားတာကျတော့ ဘာမှပြန်မသိမ်းဘူး...
၎င်းကပင် “Land Prices ကို နိုင်ငံတော်အနေနဲ့ ထိန်းချုပ်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာ စက်မှုဇုန်၊ အထူးစီးပွားရေး ဇုန်တွေက ၁ စတုရန်း မီတာကို နှစ် ၅၀ နဲ့ တွက်တယ်။ ကျွန်တော်တို့ဆီမှာ ၁ စတုရန်း မီတာကို Per Years နဲ့ တွက်တယ်။ ကျွန်တော်တို့ဆီက စက်မှုဇုန်တွေကို နိုင်ငံတကာလို ၁ စတုရန်း မီတာကို 50 Year နဲ့တွက်ရင် တစ်ကမ္ဘာလုံးထက် များနေပါတယ်။ ကျွန်တော်တို့လည်း နိုင်ငံတကာက ဈေးတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်နိုင်ငံနဲ့ သင့်တော်တဲ့ နိုင်ငံက ဈေးကိုယူပြီး လုပ်သွားဖို့ ရှိတယ်။ မြေဈေး မြင့်တက်မှုကို ကျော်လွှားနိုင်အောင် ဆောင်ရွက်မယ်” ဟု ပြောကြားခဲ့သည်။
စက်မှုဇုန်များအတွင်း မြေဈေးများမှာ တစ်စတုရန်း မီတာလျှင် အမေရိကန်ဒေါ်လာ ၅၀ ကျသင့်နေပြီး ထိုင်း၊ ဗီယက်နမ်တို့ထက် များစွာ မြင့်တက်နေကြောင်း သိရှိရပါသည်။
အထူးစီးပွားရေး ဇုန်များအတွင်း၌မူ ထိုသို့ မြေဈေးနှုန်း မကြုံရစေရန် လုပ်ဆောင်မည် ဖြစ်ပြီး သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်မည့် Master Plan ကို ရေးဆွဲလျက်ရှိရာ ဇန်န၀ါရီ လကုန်တွင် ပြီးစီးမည် ဖြစ်သည်ဟု သိရှိရသည်။
စက်မှုဇုန်များတွင် မြေဈေး အမှန်တကယ် မြင့်တက်ရသည့် ပြဿနာမှာ အမှန်တကယ် စက်ရုံတည်ထောင် လုပ်ကိုင်မည့်သူများ မြေကွက် မရရှိဘဲ ရောင်းစားမည့်သူ၊ အမှန်တကယ် လုပ်ငန်းမတည်ထောင်ဘဲ ဈေးကစားသူများသာ မြေကွက် လွယ်လွယ်ကူကူ ရထားခြင်းကြောင့် ဖြစ်သည်ဟု ဆွေးနွေးပွဲ တက်ရောက်လာသည့် လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
မြေဈေးနှုန်းအား နိုင်ငံတော်မှ မထိန်းချုပ်ဘဲ ထိန်းသိမ်းနိုင်မည့် နည်းလမ်းမှာ ရှိပြီးဖြစ်ကြောင်း၊ အမှန်တကယ် လုပ်ကိုင်သူများအား စက်မှုဇုန် မြေကွက်များ လွယ်ကူစွာ ချထားပေးခြင်း၊ စက်ရုံလွယ်ကူစွာ တည်ဆောက်ခွင့် ပေးခြင်းများ ပြုလုပ်ရန်သာ လိုကြောင်း လုပ်ငန်းရှင်များက သုံးသပ်သည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် International Business Promotion Centre မှ ဦးအေးသောင်းက “စက်မှုဇုန် မြေဈေးတွေ ကြီးတယ်ဆိုတာ တကယ်လုပ်မယ့်သူကို မြေကွက် မချပေးဘဲနဲ့ ရောင်းစားမယ့် သူတွေကို ချထားပေးလို့ ဈေးကြီးတာ။ စက်မှုဇုန် မြေဈေးကို တကယ်ထိန်းချုပ်ချင်ရင် တကယ် လုပ်မယ့်သူတွေကိုပဲ လွယ်လွယ်ကူ ကူချထားပေးလိုက်ဖို့ပဲ လိုတယ်။ ဒါဆို ဈေးတက်စရာ အကြောင်းမရှိဘူး။ တကယ်လုပ်မယ့်သူ ကျတော့ မြေကွက်ရတဲ့ အခါမှာလည်း သုံးလအတွင်း အုတ်တံတိုင်း ခတ်ရမယ်၊ မခတ်ရင် ပြန်သိမ်းမယ်၊ တစ်နှစ်အတွင်း စက်ရုံဆောက်ရမယ်၊ မဆောက်ရင် ပြန်သိမ်းမယ်ဆိုပြီး လုပ်တယ်။ ရောင်းစားတဲ့ သူတွေကျတော့ ခြံလည်းမခတ်၊ စက်ရုံလည်း မဆောက်ဘဲ နှစ်ပေါင်းများစွာ ကိုင်ထားတာကျတော့ ဘာမှပြန်မသိမ်းဘူး” ဟု ပြောကြားခဲ့သည်။



NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

ဆက်သွယ်ရေးမှ နိုင်ငံတကာသို့ ထွက်ပေါက်တခု ပိုရလာစေရန် အတွက် SE-ME-WE-5 အင်တာနက် ဆက်ကြောင်းတခုတည်ဆောက် မှုတွင် တရုတ်နိုင်ငံ ကုမ္ပဏီတခုမှ အမေရိကန် ဒေါ်လာသန်း ၄၀ ခန့် ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

“SE-ME-WE-5 အင်တာနက်ဆက်ကြောင်း တည်ဆောက်မှုမှာ တရုတ်နိုင်ငံအခြေစိုက် China Unicon ကုမ္ပဏီကဝင်ရောက်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီ က ကေဘယ်လ်တွေနဲ့ စက်ပစ္စည်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်းမှ သန်း ၄၀ ကြား ရင်းနှီးမြှုပ်နှံမှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောသည်။

ယင်းအတွက် သဘောတူစာချုပ်ကို ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် China Unicon ကုမ္ပဏီတို့က ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလ ဒုတိယအပတ်အတွင်းက ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။

“အင်တာနက်ဆက်ကြောင်းတည်ဆောက်ရာမှာ ကုန်းတွင်းပိုင်းဖိုင်ဘာလိုင်းတွေကို မူဆယ်ကနေ -ငွေဆောင်အထိ အရင်တည်ဆောက်မှာပါ။ ပြီးမှ ပင်လယ်ထဲကို ဆင်းမှာပါ။ ပင်လယ်ထဲကမှ နိုင်ငံတကာနဲ့ ချိတ်ဆက်သုံးမှာပါ။ ဆက်ကြောင်းတည်ဆောက်မှုတွေ ပြီးစီးရင် အဲဒီ ကေဘယ်လ်လိုင်းကို တယောက် တဝက်စီပိုင်ဆိုင် အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းဌေး က ဆက်လက်ပြောကြားသည်။

လက်ရှိအသုံးပြုနေသည့် SE-ME-WE-3 အင်တာနက် ဆက်ကြောင်းကို အသုံးပြုခဲ့သည်မှာ သက်တမ်း ကြာမြင့်နေပြီဖစ်သဖြင့်အင်တာနက် ဆွဲအားကောင်းမွန်စေရန် ဆက်ကြောင်းသစ်ကို တည်ဆောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“SE-ME-WE-5 ဆက်ကြောင်းသစ် တည်ဆောက်ပြီးရင် မြန်မာနိုင်ငံအနေနဲ့ ပင်လယ်ကနေ နိုင်ငံတကာကို ဆက်သွယ်နိုင်မှာ ဖြစ်သလို တရုတ်ကနေ နိုင်ငံတကာကို ဆက်သွယ်နိုင်မှာဖြစ်လို့ ဆက်ကြောင်း နှစ်ခု အသုံးပြုပြီးနိုင်ငံတကာကို ထွက်တဲ့ထွက်ပေါက်တခု ပိုရလာမှာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေး ဝန်ကြီး ဌာန မှ အငြိမ်းစားအရာရှိ ဦးသန်းအောင် က ပြောကြားသည်။

NLABR

No comments:

Post a Comment