Monday, January 21, 2013

သံဖြူဇရပ်ဈေး မီးလောင်ပြာကျ၊ သန်းပေါင်း တသိန်းခန့် ဆုံးရှုံးဟု ခန့်မှန်း

Photo: သံဖြူဇရပ်ဈေး မီးလောင်ပြာကျ၊ သန်းပေါင်း တသိန်းခန့် ဆုံးရှုံးဟု ခန့်မှန်း
Monday, January 21, 2013

ဆိုင်ခန်းပေါင်း ၆၀၀ ခန့် မီးလောင်ပြာကျကာ ဆုံးရှုံးမှုတန်ဖိုး သန်းပေါင်း တသောင်းအထက် ရှိသည်ဟု ခန့်မှန်းထားသည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ရှိ အမှတ် (၁) မြို့မဈေး မီးလောင်ကျွမ်းမှုကြောင့် ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ည ၁၁ နာရီဝန်းကျင်မှ စတင်လောင်ကျွမ်းသည့် မီးကြောင့် ဈေးအတွင်းရှိ
ရွှေဆိုင် ၉၅ ခန်း၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ၂၇ ခန်း၊ ကုန်ခြောက်ဆိုင် 
၄၁ ခန်း၊ အထည်ဆိုင် ၂၁၅ ခန်း၊ ကုန်စုံဆိုင် ၇၆ ခန်း အပါအဝင် စုစုပေါင်း ဆိုင်ခန်းပေါင်း ၅၉၆ ခန်းနှင့် ဈေးအပြင်ဘက်ရှိ စားသောက်ဆိုင်တန်းတခုလုံး မီးထဲပါသွားခဲ့သည်။

မြို့နယ် မီးသတ်တပ်ဖွဲ့မှ အချိန်မီ ရောက်မလာခြင်းနှင့် လျှင်မြန်စွာ ကူးစက်လောင်းကျွမ်းခြင်းကြောင့် ဆုံးရှုံးမှု များပြားရခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“ဆယ်နာရီခွဲကျော်ကျော်လောက်မှာ မီးစလောင်တယ်။ ၁၂ နာရီလောက်မှ မီးသတ်က ရောက်လာတယ်။ မီးလောင်တာလည်း ခဏချင်းပဲ။ ကျနော့် မျက်ရှေ့မှာတင် ခဏလေး ကူးသွားတာပဲ” ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်သူတဦးက ပြောသည်။

သံဖြူဇရပ်နှင့် နီးစပ်ရာ ကျေးရွာများနှင့် မုဒုံမြို့နယ်အတွင်းရှိ မီးသတ်ကား ဆယ်စီးကျော် လာရောက် ဝိုင်းကူ ငြိမ်းသတ်ခဲ့ကြသော်လည်း မီးအားပြင်းသည့်အတွက် ငြိမ်းသတ်နိုင်ခြင်း မရှိဘဲ နံနက် ၄ နာရီခန့်
ရောက်မှသာ မီးစွယ်ကြိုးသွားခဲ့သည်ဟု ဆိုသည်။

"ကျနော်တို့ဆိုင်မှာ ဘာပစ္စည်းမှ မထားဘူး။ ဆိုင်ခန်းပဲ ပါသွားတယ်။ ဆိုင်ခန်းတန်ဖိုးသက်သက်ကို သိန်းနှစ်ရာလောက် ရှိတယ်” ဟု ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ရွှေဆိုင်မှ လွဲ၍ ကျန်သည့်ဆိုင်များသည် ဆုံးရှုံးမှုတန်ဖိုး များပြားသည်ဟု သိရသည်။

“မွန်အမျိုးသားနေ့နဲ့ နီးလို့ ဝယ်လှောင်ထားတာ။ ဒီလိုဖြစ်မယ်လို့လည်း ဘယ်သူမှ တွက်မထားလို့ ဆိုင်မှာပဲ ပစ္စည်းတွေ ပုံထားတာ။ အခုဘာမှ မကျန်တော့ဘူး” ဟု အထည်ဆိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။ သူမ၏ ဆိုင်မှ အနည်းဆုံး သိန်း ၃၀၀ အထက် ဆုံးရှုံးမှု ရှိမည်ဟု ခန့်မှန်းသည်။

မီးလောင်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ မရှိဘဲ လူနေရပ်ကွက်သို့လည်း ကူးစက်ခြင်း မရှိကြောင်း သိရသည်။

လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ကာ လောင်ကျွမ်းခြင်း ဖြစ်သည်ဟု မြို့နယ်အာဏာပိုင်အဖွဲ့က အထက်သို့ အစီရင်ခံရန်အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနနှင့် ညှိနှိုင်းသော်လည်း လျှပ်စစ်အင်ဂျင်နီယာဌာနက လက်မခံကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။

သံဖြူဇရပ်မြို့မဈေးကို ၁၉၈၄ ခုနှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ပြီး
ဈေးသစ်ပြန်လည်တည်ဆောက်ရန်အတွက် လွန်ခဲ့သည့် ၃ နှစ်ခန့်ကပင် မြို့နယ်စည်ပင်က စီစဉ်ခဲ့ဘူးသည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ဆိုင်ခန်းပေါင်း ၁,၁၂၄ ခန်း ရှိသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ အမှတ် (၁) ဈေးကြီး
တခုလုံး မီးလောင်ပြာကျခဲ့သည်။

ကောင်းဝါ
Than Lwin Times
ဓာတ်ပုံ - Eleven Media Groupဆိုင်ခန်းပေါင်း ၆၀၀ ခန့် မီးလောင်ပြာကျကာ ဆုံးရှုံးမှုတန်ဖိုး သန်းပေါင်း တသောင်းအထက်ရှိသည်ဟု ခန့်မှန်းထားသည့် မွန်ပြည် နယ်၊ သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ရှိ အမှတ် (၁) မြို့မဈေး မီးလောင်ကျွမ်း မှုကြောင့် ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။
 ည ၁၁ နာရီဝန်းကျင်မှ စတင်လောင်ကျွမ်းသည့် မီးကြောင့် ဈေး အတွင်းရှိ ရွှေဆိုင် ၉၅ ခန်း၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ၂၇ ခန်း၊ ကုန်ခြောက်ဆိုင် ၄၁ ခန်း၊ အထည်ဆိုင် ၂၁၅ ခန်း၊ ကုန်စုံဆိုင် ၇၆ ခန်း အပါအဝင် စုစုပေါင်း ဆိုင်ခန်းပေါင်း ၅၉၆ ခန်းနှင့် ဈေးအပြင်ဘက်ရှိ စားသောက်ဆိုင်တန်းတခုလုံး မီးထဲပါသွားခဲ့သည်။

မြို့နယ် မီးသတ်တပ်ဖွဲ့မှ အချိန်မီ ရောက်မလာခြင်းနှင့် လျှင်မြန်စွာ ကူးစက်လောင်းကျွမ်းခြင်းကြောင့် ဆုံးရှုံးမှု များပြားရခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“ဆယ်နာရီခွဲကျော်ကျော်လောက်မှာ မီးစလောင်တယ်။ ၁၂ နာရီလောက်မှ မီးသတ်က ရောက်လာတယ်။ မီးလောင်တာလည်း ခဏချင်းပဲ။ ကျနော့်မျက်ရှေ့မှာတင် ခဏလေး ကူးသွားတာပဲ” ဟု မီးငြိမ်းသတ် ရာတွင် ပါဝင်သူတဦးက ပြောသည်။

သံဖြူဇရပ်နှင့် နီးစပ်ရာ ကျေးရွာများနှင့် မုဒုံမြို့နယ်အတွင်းရှိ မီးသတ်ကား ဆယ်စီးကျော် လာရောက် ဝိုင်းကူ ငြိမ်းသတ်ခဲ့ကြသော်လည်း မီးအားပြင်းသည့်အတွက် ငြိမ်းသတ်နိုင်ခြင်း မရှိဘဲ နံနက် ၄ နာရီခန့်
ရောက်မှသာ မီးစွယ်ကြိုးသွားခဲ့သည်ဟု ဆိုသည်။

"ကျနော်တို့ဆိုင်မှာ ဘာပစ္စည်းမှ မထားဘူး။ ဆိုင်ခန်းပဲ ပါသွားတယ်။ ဆိုင်ခန်းတန်ဖိုးသက်သက်ကို သိန်းနှစ်ရာလောက် ရှိတယ်” ဟု ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။ ရွှေဆိုင်မှလွဲ၍ ကျန်သည့်ဆိုင် များသည် ဆုံးရှုံးမှုတန်ဖိုး များပြားသည်ဟု သိရသည်။

“မွန်အမျိုးသားနေ့နဲ့ နီးလို့ ဝယ်လှောင်ထားတာ။ ဒီလိုဖြစ်မယ်လို့လည်း ဘယ်သူမှ တွက်မထားလို့ ဆိုင်မှာပဲ ပစ္စည်းတွေပုံထားတာ။ အခုဘာမှ မကျန်တော့ဘူး” ဟု အထည်ဆိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။ သူမ၏ဆိုင်မှ အနည်းဆုံး သိန်း ၃၀၀ အထက် ဆုံးရှုံးမှု ရှိမည်ဟု ခန့်မှန်းသည်။

မီးလောင်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ မရှိဘဲ လူနေရပ်ကွက်သို့လည်း ကူးစက်ခြင်း မရှိကြောင်း သိရသည်။

လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ကာ လောင်ကျွမ်းခြင်း ဖြစ်သည်ဟု မြို့နယ်အာဏာပိုင်အဖွဲ့က အထက်သို့ အစီရင်ခံရန်အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနနှင့် ညှိနှိုင်းသော်လည်း လျှပ်စစ်အင်ဂျင်နီယာ ဌာနက လက်မခံကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။

သံဖြူဇရပ်မြို့မဈေးကို ၁၉၈၄ ခုနှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ပြီး ဈေးသစ်ပြန်လည်တည်ဆောက် ရန်အတွက် လွန်ခဲ့သည့် ၃ နှစ်ခန့်ကပင် မြို့နယ်စည်ပင်က စီစဉ်ခဲ့ဘူးသည်ဟု ဆိုင်ခန်းပိုင်ရှင် များက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ဆိုင်ခန်းပေါင်း ၁,၁၂၄ ခန်း ရှိသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ အမှတ် (၁) ဈေးကြီး တခုလုံး မီးလောင်ပြာကျခဲ့သည်။

From  : Eleven Media Group

No comments:

Post a Comment