Thursday, January 31, 2013

မူဆိုလီနီသည် ခေါင်းဆောင်ကောင်း တစ်ဦးဟု ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ ကာကွယ်ပြောဆို

(မီလန်၊ ဇန်နဝါရီ ၂၈)
အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ သည် ဖက်ဆစ် ခေါင်းဆောင် မူဆိုလီနီအား ခေါင်းဆောင်ကောင်းဟု ကာကွယ်ပြောဆိုမှု လုပ်ခဲ့သော ကြောင့် ဝေဖန်မှု များနှင့် ရင်ဆိုင်နေရသည်။

အီတလီနိုင်ငံ မီလန်မြို့၌ ပြု လုပ်သော ဒုတိယကမ္ဘာစစ် အတွင်း နာဇီတို့၏ သတ်ဖြတ်မှု ခံခဲ့ရသူများ အား အောက်မေ့ဖွယ် အခမ်းအနား ၌ ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီသည် နာဇီ တို့၏ ဦးဆောင်မှုကြောင့် ဂျူး ဆန့်ကျင်ရေး လမ်းစဉ် သို့ မှားယွင်း လိုက်ပါ ခဲ့သော်လည်း အခြား တစ်ဖက်၌မှု လေးစား ဖွယ်ကောင်း သော ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
”အဲ့ဒီ အချိန်တုန်းက ဆုံးဖြတ်ချက် ချရတဲ့သူတွေရဲ့ အတွေးကို အခုခေတ်မှာ ခံစားပေးဖို့ ဆိုတာ တော်တော် ခက်ပါတယ်”ဟု ဖေဖော်ဝါရီလ အတွင်း ကျင်းပ မည့် ရွေး ကောက်ပွဲ အတွက် မဲဆွယ်ပွဲကျင်းပ နေရသည့် ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီက ဆိုသည်။
”အဲ့ဒီခေတ် အခါက ဂျာမန် တွေဟာ အပြီးတိုင် အောင်ပွဲရတော့ မယ့်ပုံပဲလေ၊ ဒါကပဲ အဲ့ဒီခေတ် အစိုးရကို ဂျာမန်တွေ နဲ့ ပူးပေါင်းမိ စေခဲ့တာပါ”ဟု ဘာလူစကိုနီ က ပြောသည်။
ဘာလူစကိုနီ၏ မှတ်ချက်ပြု စကားများကြောင့် နိုင်ငံ တစ်ဝန်းရှိ ပြည်သူများက ကန့်ကွက် ဝေဖန် နေကြပြီး လာမည့် ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့ များတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အခြေအနေ ကောင်းနိုင်မည် မဟုတ် ဟု အီတလီ မီဒီယာများက ရေးသား သုံးသပ်ကြသည်။
အကြိုလူထု စစ်တမ်းများအရ လည်း ဒီမိုကရက်တစ် ပါတီ(DP) က သာ ဦးဆောင်နေသည်ဟု သိရသည်။
 popularmyanmar

No comments:

Post a Comment