Thursday, January 31, 2013

ပုဂံ၊ အင်းလေး၊ လပွတ္တာနှင့် ရန်ကုန်မြို့တို့မှ ကလေးငယ် များ၏ လူနေမှုဘဝ ဒိန်းမတ် ရုပ်သံအဖွဲ့ လာရောက် ရိုက်ကူး

(ညောင်ဦး၊ ဇန်နဝါရီ ၂၈ )
ပုဂံ၊ အင်းလေး၊ လပွတ္တာနှင့် ရန်ကုန်မြို့များမှ ကလေးငယ်များ၏ လူနေမှုဘဝများကို ဒိန်းမတ်နိုင်ငံ  ရုပ်သံ အဖွဲ့တစ်ဖွဲ့ဖြစ်သော Danich Broadcasting Coorperation DRTV မှဇန်နဝါရီလ ၁၄ ရက်နေ့မှ ၃ဝ ရက်နေ့အထိ လာရောက် ရိုက်ကူးလျက် ရှိကြောင်း သတင်း ရရှိပါသည်။ အဆိုပါ အဖွဲ့တွင် အဖွဲ့ဝင် ၇ ဦး
ပါဝင်ပြီး မြန်မာ့ ရုပ်ရှင် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး လိုက်ပါ ကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။ ”ပုဂံမှာ လေးရက်ကြာ ရိုက်ကူးသွားပါတယ်။ ဇန်နဝါရီ၂၂ ရက် နေ့က ရိုက်ကူးရေး အဖွဲ့ရောက် လာတယ်၊ ဘုန်းတော်ကြီး ကျောင်း တွေ၊ ရှေးဟောင်းဘုရားတွေနဲ့ ကိုရင်လေးတွေ ဆွမ်းခံ ထွက်ပုံတွေ ကိုပါ ရိုက်ကူးတာ တွေ့ရတယ်” ဟု ပုဂံဒေသခံ တစ်ဦး က ပြောသည်။ ပုဂံဒေသသည် ခရီးသွားအများဆုံး လာရောက်ရာ ဒေသဖြစ်သည့် အတွက် ဒေသခံ ဆင်းရဲနွမ်းပါးသော ကလေးငယ်များမှာလည်း ပုဂံသို့ လာရောက်ကြသည့် နိုင်ငံခြား ခရီးသွား များအား ဘုရားများတွင် ပို့စကတ် လိုက်လံ ရောင်းချခြင်း၊ ပြည်တွင်း ဘုရားဖူးများနှင့် ဧည့်လမ်းညွှန် လိုက်ခြင်း၊ လက်ဆောင် ပစ္စည်း လိုက်လံ ရောင်းချခြင်း စသည်တို့ကို လုပ်ကိုင်နေရကြောင်းသိရသည်။
ပုဂံသစ္စာ

No comments:

Post a Comment