Friday, January 18, 2013

မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အား ရွှေပြည်တံခွန် ကုမ္ပဏီမှ တရားဝင် လျှောက်ထားမည်

Photo: မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အား ရွှေပြည်တံခွန် ကုမ္ပဏီမှ တရားဝင် လျှောက်ထားမည်
Friday, January 18, 2013

မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အား တရားဝင် လျှောက်ထား သွားမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းလိုင်စင် ရရှိခဲ့ပါက ခြောက်လအတွင်း ကျပ် ၅၀၀၀ တန်ဖုန်းများ ထွက်ရှိလာအောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားသည်။ 

“အခုခေါ်တဲ့ တင်ဒါကို ကျွန်တော်တို့ ဝင်ပြိုင်သွားမှာပါ။ လုပ်ငန်းလိုင်စင်
ရရင် အရင်က ပြောခဲ့တဲ့အတိုင်း ကျပ် ၅၀၀၀ တန် ဆင်းကတ်တွေကို
ခြောက်လအတွင်း အသုံးပြုနိုင်အောင် လုပ်သွားမှာပါ” ဟု ၎င်းက
ပြောကြားသည်။ 

၎င်းတို့ကုမ္ပဏီအနေဖြင့် ဆက်သွယ်ရေး တည်ဆောက်မှုနှင့် ပတ်သက်သော နည်းပညာများ ကို အိန္ဒိယနှင့်အမေရိကန်နိုင်ငံများမှ လေ့လာထားခြင်း
ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်းဖုန်းများကို ဇန်နဝါရီလအတွင်း
ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သော်လည်း ယင်းသတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဈေးနှုန်းသတ်မှတ်ထားပြီး အထက်ကို တင်ပြဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ဈေးနှုန်းနှင့် နေ့ရက်ကို အတိအကျ မပြောနိုင်သေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်
နီယာချုပ် ဦးဌေးဝင်းက ပြောကြားထားသည်။ 

“အခုထွက်မယ့် ဖုန်းကို တစ်သိန်းအောက် ဈေးနှုန်းနဲ့ပဲ ရောင်းရမယ်လို့ သမ္မတက ညွှန်ကြားထားတယ်လို့ ကြားပါတယ်။ ကျပ်ငါးသောင်း
ဖြစ်မယ်လို့လည်း ပြောနေကြတယ်။ ဟိုဂျာနယ် တစ်စောင်မှာကျတော့ ဇန်နဝါရီ ၈ ရက် ထွက်မယ် ပြောတယ်။ နောက်တစ်စောင်ကျတော့ ဒုတိယပတ်တဲ့။ နောက်တစ်စောင်မှာကျတော့ အထက်ကို တင်ထားတယ်လို့ ဦးဌေးဝင်းက ပြောတယ်ဆိုပြီး ဖြစ်ပြန်ရော။ ပြည်သူတွေက ဘယ်ဟာကို ယုံရမှန်းမသိ ဖြစ်နေတယ်” ဟု တန်ဖိုးနည်းဖုန်း သုံးစွဲလိုသူ တက္ကသိုလ်မှ ဆရာမတစ်ဦးက သုံးသပ်ပြောကြားသည်။

ရွှေပြည်တံခွန် ကုမ္ပဏီအနေဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ အတွင်းကလည်း ကျပ် ၅၀၀၀ ဖုန်း ထုတ်လုပ် ရောင်းချနိုင်ရေးအတွက် ကြိုးပမ်းခဲ့ဖူးပြီး
ပြည်သူများအကြား စိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် News Watch Weeklyဂျာနယ်တွင် ဖော်ပြ
ထားပါသည်။ 

Khit Lu Nge မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူထားသော လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အား တရားဝင် လျှောက်ထား သွားမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းလိုင်စင် ရရှိခဲ့ပါက ခြောက်လအတွင်း ကျပ် ၅၀၀၀ တန်ဖုန်းများ ထွက်ရှိလာအောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားသည်။

“အခုခေါ်တဲ့ တင်ဒါကို ကျွန်တော်တို့ ဝင်ပြိုင်သွားမှာပါ။ လုပ်ငန်းလိုင်စင်
ရရင် အရင်က ပြောခဲ့တဲ့အတိုင်း ကျပ် ၅၀၀၀ တန် ဆင်းကတ်တွေကို ခြောက်လအတွင်း အသုံးပြုနိုင်အောင် လုပ်သွားမှာပါ” ဟု ၎င်းက ပြောကြားသည်။

၎င်းတို့ကုမ္ပဏီအနေဖြင့် ဆက်သွယ်ရေး တည်ဆောက်မှုနှင့် ပတ်သက်သော နည်းပညာများ ကို အိန္ဒိယနှင့်အမေရိကန်နိုင်ငံများမှ လေ့လာထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်းဖုန်းများကို ဇန်နဝါရီလအတွင်း ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သော်လည်း ယင်းသတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဈေးနှုန်း သတ်မှတ်ထားပြီး အထက်ကို တင်ပြဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ဈေးနှုန်းနှင့် နေ့ရက်ကို အတိအကျ မပြောနိုင်သေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြား ထားသည်။

“အခုထွက်မယ့် ဖုန်းကို တစ်သိန်းအောက် ဈေးနှုန်းနဲ့ပဲ ရောင်းရမယ်လို့ သမ္မတက ညွှန်ကြားထားတယ်လို့ ကြားပါတယ်။ ကျပ်ငါးသောင်းဖြစ်မယ်လို့လည်း ပြောနေကြတယ်။ ဟိုဂျာနယ် တစ်စောင်မှာကျတော့ ဇန်နဝါရီ ၈ ရက် ထွက်မယ် ပြောတယ်။ နောက်တစ်စောင်ကျတော့ ဒုတိယပတ်တဲ့။ နောက်တစ်စောင်မှာ ကျတော့ အထက်ကို တင်ထားတယ်လို့ ဦးဌေးဝင်းက ပြောတယ်ဆိုပြီး ဖြစ်ပြန်ရော။ ပြည်သူတွေက ဘယ်ဟာကို ယုံရမှန်းမသိ ဖြစ်နေတယ်” ဟု တန်ဖိုးနည်းဖုန်း သုံးစွဲလိုသူ တက္ကသိုလ်မှ ဆရာမတစ်ဦးက သုံးသပ်ပြောကြားသည်။

ရွှေပြည်တံခွန် ကုမ္ပဏီအနေဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ အတွင်းကလည်း ကျပ် ၅၀၀၀ ဖုန်း ထုတ်လုပ် ရောင်းချနိုင်ရေးအတွက် ကြိုးပမ်းခဲ့ဖူးပြီး ပြည်သူများအကြား စိတ်ဝင်စားမှု အများဆုံးဖြစ် ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် News Watch Weeklyဂျာနယ်တွင် ဖော်ပြထားပါသည်။

From : Khit Lu Nge

No comments:

Post a Comment