Tuesday, January 15, 2013

နဘားဘူတာအနီး ဆော်မော်တံတားအား ကေအိုင်အေမှမိုင်းခွဲ

နဘားဘူတာအနီး ဆော်မော်တံတားအား ကေအိုင်အေမှမိုင်းခွဲ

ဇန်န၀ါရီလ ၁၅ရက်
 အင်းတော်မြို့နယ် နဘားဘူတာအနီး ဆော်မော်ချောင်း မီးရထားလမ်းတံတားအား ကေအိုင်အေမှ ည ၈နာရီ၁၀မိနစ်က မိုင်းခွဲခဲ့ ပါသည်။ ၂လမ်းသွားမီးရထားလမ်း တံတားဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် တံတားရေ လည်တိုင်မှာ ကျိုးပဲ့ပျက်စီးခဲ့ကာ မီးရထားသံလမ်းလည်း ကွေးကောက်၍ ဇလီဖားတုံး ၅၀လောက် ပျက်စီးခဲ့ သည်ဟု သိရှိရပါသည်။ မြစ်ကြီးနား မှမန္တလေးတို့ စုန်ဆင်းလာသော ၃၈ အစုန် အိပ်စင်ရထား နဘား ဘူတာနားမရောက်ခင်မှာဖြစ်တဲ့အတွက်ကြောင့် ရထားထိခိုက်မှုမရှိခဲ့ပေမယ် ရထားကို နဘားဘူတာတွင် ရပ်နားထားရပါသည်။ အခုချိန်မှ တံတားကို တာဝန်ရှိသူတွေသွားရောက်ပြင်ဆင်နေသည်ဟု သိရှိရသည်။
 မီးရထားလမ်းတံတားကို ကေအိုင်အေမှ ဖျက်ဆီးခဲ့သောကြောင့် ကုန်စီးဆင်းမှု နှောင့်နှေးသလို ခရီးသည်များလည်း အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသည်။ မီးရထားရောက်ချိန်ထက်စောပြီး မိုင်းခွဲခဲ့တာပဲ ကံကောင်း တယ်လို့ ပြောရမှာပဲ မီးရထားသာ တံတားပေါ်ရောက်နေချိန် မိုင်းခွဲမယ်ဆိုရင် ခရီးသည်တွေလည်း ထိခိုက်သေဆုံးမှုတွေရှိနိုင်သည်ဟု နဘားဘူတာမှ မီးရထားဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့သည်။ ကေအိုင်အေမှ ဒီလအတွင်း ရထားလမ်းမိုင်းခွဲမှုမှာ ၄ကြိမ်ရှိနေပြီး ခရီးသည် ၁၀ဦး ကျော်ထိခိုက်ဒဏ်ရမှုတွေရှိနေသည် ဟုသိရှိ ရသည်။

အင်းတော်မြို့နယ် နဘားဘူတာအနီး ဆော်မော်ချောင်း မီးရထား လမ်း တံတားအား ကေအိုင်အေမှ ည ၈နာရီ၁၀မိနစ်က မိုင်းခွဲခဲ့ပါသည်။ ၂လမ်းသွားမီးရထားလမ်း တံတားဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် တံတားရေလည်တိုင်မှာ ကျိုးပဲ့ပျက်စီးခဲ့ကာ မီးရထားသံလမ်း လည်း ကွေးကောက်၍ ဇလီဖားတုံး ၅၀လောက် ပျက်စီးခဲ့သည်ဟု သိရှိရပါသည်။ မြစ်ကြီးနား မှမန္တလေး တို့ စုန်ဆင်းလာသော ၃၈ အစုန်အိပ်စင်ရထား နဘားဘူတာနားမရောက်ခင်မှာဖြစ်တဲ့အတွက်ကြောင့် ရထားထိခိုက်မှုမရှိခဲ့ပေမယ်ရထားကို နဘားဘူတာတွင် ရပ်နားထားရပါသည်။ အခုချိန်မှ တံတားကို တာဝန်ရှိသူတွေသွားရောက်ပြင်ဆင်နေသည်ဟု သိရှိရသည်။
မီးရထားလမ်းတံတားကို ကေအိုင်အေမှ ဖျက်ဆီးခဲ့သောကြောင့် ကုန်စီးဆင်းမှု နှောင့်နှေးသလို ခရီးသည် များလည်း အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသည်။ မီးရထားရောက်ချိန်ထက်စောပြီး မိုင်းခွဲခဲ့တာပဲ ကံကောင်းတယ်လို့ပြောရမှာပဲ မီးရထားသာ တံတားပေါ်ရောက်နေချိန် မိုင်းခွဲမယ်ဆိုရင် ခရီးသည်တွေ လည်း ထိခိုက်သေဆုံးမှုတွေရှိနိုင်သည်ဟု နဘားဘူတာမှ မီးရထားဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့ သည်။ ကေအိုင်အေမှ ဒီလအတွင်း ရထားလမ်းမိုင်းခွဲမှုမှာ ၄ကြိမ်ရှိနေပြီး ခရီးသည် ၁၀ဦး ကျော် ထိခိုက် ဒဏ်ရမှုတွေရှိနေသည် ဟုသိရှိ ရသည်။
Kachin Daily News

No comments:

Post a Comment