Monday, January 7, 2013

အရစ်ကျ ရောင်းချထားသည့် မိုဘိုင်းဆင်းမ်ကတ်များကို မကြာမီ ထပ်မံ ချထားပေးမည့် ဈေးနှုန်းအတိုင်း သတ်မှတ်ပေးမည်

အရစ်ကျ ရောင်းချထားသည့် မိုဘိုင်းဆင်းမ်ကတ်များကို မကြာမီ ထပ်မံ
ချထားပေးမည့် ဈေးနှုန်းအတိုင်း သတ်မှတ်ပေးမည်
Monday, January 07, 2013 

မြန်မာ့ဆက်သွယ်ရေးမှ ကျေးလက်နေ ပြည်သူများသို့ အရစ်ကျ
 ရောင်းချပေးသည့် မိုဘိုင်းဆင်းမ်ကတ်များကို မကြာမီ ထွက်ရှိမည့် မိုဘိုင်းဈေးနှုန်းများ အတိုင်းသာ ပေးဆောင်စေမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် အရစ်ကျ ရောင်းချပေးထားသည့် မိုဘိုင်းဆင်းမ်ကတ်များကို ဇန်နဝါရီလ အတွင်း၌ ထွက်ရှိမည့် မိုဘိုင်းဖုန်း
များ၏ တန်ဖိုးအတိုင်းသာ ပေးဆောင်စေ မည်ဖြစ်ပြီး ပေးသွင်းပြီးသည့် ပမာဏမှာ ပိုနေပါက ဆက်သွယ်ရေးမှ ပြန်လည် ထုတ်ပေးမည် မဟုတ်ဘဲ
 ပေးဆောင်ရန် ကျန်ရှိသည့် ငွေပမာဏကိုသာ ဆက်လက်ကောက်ယူမည်
 ဖြစ်ကြောင်းလည်း သိရသည်။

 မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများကို ၂၀၀၉ ခုနှစ်
အတွင်း ငွေကျပ် ငါးသိန်းဖြင့် ရောင်းချပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျပ်ငွေ နှစ်သိန်းနှင့် နှစ်သိန်းခွဲတို့ဖြင့် ရောင်းချပေးခဲ့ကာ ယခုထပ်မံ
ထွက်ရှိမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာ့ဆက်သွယ်ရေးမှ ကျေးလက်နေ ပြည်သူများသို့ အရစ်ကျရောင်း ချပေးသည့် မိုဘိုင်းဆင်းမ်ကတ်များကို မကြာမီ ထွက်ရှိမည့် မို ဘိုင်းဈေးနှုန်းများ အတိုင်းသာ ပေးဆောင်စေမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။ တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် အရစ်ကျ ရောင်းချပေးထားသည့် မိုဘိုင်းဆင်းမ်ကတ်များကို ဇန်နဝါရီလ အတွင်း၌ ထွက်ရှိမည့် မိုဘိုင်းဖုန်းများ၏ တန်ဖိုး အတိုင်း သာ ပေးဆောင်စေ မည်ဖြစ်ပြီး ပေးသွင်းပြီးသည့် ပမာဏမှာပိုနေပါက ဆက်သွယ်ရေးမှ ပြန်လည် ထုတ်ပေးမည် မဟုတ်ဘဲပေးဆောင်ရန် ကျန်ရှိသည့် ငွေပမာဏကိုသာ ဆက်လက်ကောက် ယူ မည်ဖြစ်ကြောင်း လည်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများကို ၂၀၀၉ ခုနှစ်အတွင်း ငွေကျပ် ငါး သိန်းဖြင့် ရောင်း ချပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျပ်ငွေ နှစ် သိန်းနှင့် နှစ်သိန်း ခွဲတို့ဖြင့် ရောင်း ချပေး ခဲ့ကာ ယခုထပ်မံထွက်ရှိမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ရက်နေ့ထုတ် Weekly Eleven ဂျာနယ် တွင် ဖော်ပြ ထားပါ သည်။

No comments:

Post a Comment