Sunday, January 13, 2013

ရန်ကုန်မြို့ရှိ တရားရေးဆိုင်ရာ အဆောက်အအုံများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးရန် စီစဉ်နေခြင်းအပေါ် လိုအပ်လျင် ထပ်မံဆန္ဒထုတ်ဖော်မည်ဟု ရှေ့နေများကွန်ရက် ပြောကြား

thn-12-1-5


ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် တရားရေးဆိုင်ရာ အဆောက် အအုံ များကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးရန်စီစဉ်နေခြင်း အပေါ် လိုအပ်လာလျင် ထပ်မံ၍ ဆန္ဒထုတ်ဖော်ခြင်းနှင့် ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမည်ဟု ရှေ့နေများ ကွန်ရက်မှ တာဝန်ရှိသူများက ဇန်န၀ါရီလ ၁၂ရက်တွင် ပြောကြားခဲ့
သည်။

နိုင်ငံတော်အစိုးရက ယခင်တရားရုံးချုပ်(ရန်ကုန်) ယခုရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အပေါ်ဆုံး ထပ်အား ပြတိုက်အဖြစ် အငှားချထားရန် စီစဉ်ဆောင်ရွက်နေပြီး ရန်ကုန်မြို့၊ကမ်းနားလမ်းနှင့် ဘဏ်လမ်း ကြားရှိ ယခင်ရန်ကုန်တိုင်းတရားရုံး(သို့မဟုတ်)စုပေါင်းတရားရုံး အဆောက်အအုံကြီးအား ပုဂ္ဂလိက ဟိုတယ်လုပ်ငန်းရှင်များသို့ လွှဲပြောင်းခဲ့ပြီး ယင်းစုပေါင်းရုံးကြီးအား အပြင်မှကာရံပြီး အတွင်းပိုင်းပြင်ဆင် တည်ဆောက်မှုများ ပြုလုပ်နေသည်ဟု ရှေ့နေများကွန်ရက်မှ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

ရှေ့နေများကွန်ရက်မှ တရားလွတ်တော်ရှေ့နေ ဦးကြီးမြင့်က'' ကျွန် တော်တို့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ တရားရုံး ကြီးတွေကို ဟိုတယ်တွေလုပ်မဲ့ကိစ္စဟာ အတော်ကိုလက်မခံနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ကျွန်တော် တို့ ရှေ့နေတွေရဲ့စွမ်းအားနဲ့ ကြိုးပမ်းလုပ်ဆောင်ခဲ့တာ တစ်ရုံးပဲအောင်မြင်ပါသေးတယ်။တစ်ရုံးတော့ ကျန် ပါသေးတယ်။ကမ်းနားလမ်းမှာရှိတဲ့ ရုံးကိုတော့အတွင်းပိုင်းပြင်နေတာ တွေ့ရတယ်။ ဒီကိစ္စက ကျွန်တော် တို့ ရှေ့နေတွေရဲ့အားနဲ့တော့မရတော့ဘူး။ လူကြီးမင်းတွေရဲ့ အားနဲ့လုပ်ဆောင်မှ ဖြစ်ပါတယ်။ ဒီကိစ္စတွေ ဟာ အားလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ရှေ့နေများကွန်ရက်မှ စုပေါင်းရုံကြီးနှင့် စပ်လျဉ်း၍ ယင်းရုံးကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏  ဂုဏ်ကျက်သရေကို ပြညွှန်သည့် ထည်ဝါခန့်ညားသော အဆောက်အအုံတစ်ခုဖြစ်ခြင်း၊ ရန်ကုန်မြို့တော် အတွင်းရှိ အချုပ်သားတရားခံများ ရုံးထုတ်မှုကိစ္စအဆင်ပြေခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းပေး လိုက်ခြင်းဖြင့် မူလတရားရေးဆိုင်ရာ အဆောက်အအုံ ပုံသဏ္ဌာန်နှင့် အတွင်းသရုပ်တို့ အားလုံး ပြောင်းလဲ သွားမည်ဖြစ်ရာ သမိုင်းအမွေအနှစ်ကို ပျက်စီးစေခြင်းစသည့် အကြောင်းအရာများကြောင့် အဆောက် အအုံကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပေးရန်မသင့်ဟု ရှေ့နေများကွန်ရက် မှ ပြောကြားခဲ့သည်။

''တရားရုံကြီး နစ်ရုံးကိစ္စကို လိုအပ်လျင်ဆန္ဒပြမယ်။လိုအပ်လျင် ဥပဒေအရ အရေးယူဆောင်ရွက် မယ်။ နောက် ရုံးခွန်၊တံဆိပ်ခေါင်းခွန် တိုးမြင့်မှုဟာ ကျွန်တော်တို့ ပြည်သူတွေအတွက်အများကြီးနစ်နာ မှုတွေရှိပါတယ်။လိုအပ်လာလျင် ဆန္ဒထုတ်ဖော်ပြဖို့ အစီအစဉ်ရှိပါတယ်'' ဟု ရှေ့နေများ ကွန်ရက်မှတရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောကြားခဲ့သည်။

ရှေ့နေများကွန်ရက်မှ နည်းလမ်းမျိုးစုံဖြင့် တရားရုံးအဆောက်အအုံများကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေသော်လည်း နိုင်ငံတော်အစိုးရဘက်မှ ထူးခြားသည့် တုန့်ပြန်ချက် တစ်စုံတစ်ရာမျှ မရရှိကြောင်းသိရပြီး ယင်းကွန်ရက်အနေဖြင့် တရားရေးဆိုင်ရာ အဆောက်အအုံများကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအား လွှဲပြောင်းပေးခြင်းမပြုနိုင်ရန် ဥပဒေဘောင်အတွင်းမှ တတ်စွမ်းသမျှဆောင် ရွက်သွားကြရန် ရည်ရွယ်ထားသည်ဟု ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြော ကြားခဲ့သည်။

တရားရေးဆိုင်ရာ အဆောက်အအုံများနှင့် ပတ်သတ်၍ ရှေ့နေများ ကွန်ရက်မှ ၂၀၁၂ ခုနှစ် အောက်တို ဘာလ ၁၇ ရက်နေ့တွင် ဆန္ဒထုတ် ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Eleven group

No comments:

Post a Comment