Thursday, January 31, 2013

နိုင်ငံတည်ဆောက်ရေးနှင့် ပါတီတစ်ရပ် ရေရှည်ရပ်တည်ရန် လိုအပ်ချက် နိုင်ငံတကာ ပညာရှင်များ လာရောက်ဆွေးနွေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၉
နိုင်ငံတော် တည်ဆောက်ရေးနှင့် ပါတီတစ်ရပ် ရေရှည် ရပ်တည်နိုင်ရန်အတွက် လိုအပ်ချက်များကို ဆွေးနွေးရန် ဖေဖော်ဝါရီ ဒုတိယပတ်တွင် နိုင်ငံတကာ ပညာရှင်များ လာရောက်ကြမည်ဟု ဒီမိုကရက် တစ်ပါတီ (မြန်မာ)မှ သိရသည်။ နယ်သာလန်၊ ဒိန်းမတ်၊ အင်ဒို၊ တောင်အာဖရိကနှင့် နီပေါမှ နိုင်ငံ ရေးနှင့် စီးပွားရေး ပညာရှင်များ လာရောက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံရေး ပါတီ ၅၄ ပါတီနှင့် တွေ့ဆုံဆွေးနွေး ကြမည် ဖြစ်သည်။

”ဒီမိုကရေစီစနစ် အကျိုးသက် ရောက်မှုနဲ့ပတ်သက်ပြီး တွေ့ဆုံမှာ ပါ”ဟု ၄င်းက ပြောသည်။ လာရောက် ဆွေးနွေးသည့် အထဲတွင် နိုင်ငံ တည်ဆောက်ရေးနှင့် ပါတီတစ်ရပ် ရေရှည်ရပ်တည်ရေး အပြင် နိုင်ငံရေး ပါတီငယ်များသည် မီဒီယာများပေါ် ပါဝင်မှုနည်းနေသည့် အတွက် မီဒီယာများနှင့် ဆက်ဆံရေး ကိုလည်း ဆွေးနွေးပေးသွားမည်ဟု သိရကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ပြန်ကြားရေးမှူး ဦးလှမြင့်က ပြောသည်။
နိုင်ငံတကာမှ လာရောက်တွေ့ ဆုံမှုသည် တိုင်းပြည်တည်ဆောက် ရေးကို အထောက်အကူပြုကြောင်း၊ ပါတီများနှင့် မကြာခဏ တွေ့ဆုံရန် လိုအပ်ကြောင်း ဦးသုဝေက ပြောသည်။ ဖေဖော်ဝါရီတွင် ဆွေးနွေးရန် အတွက် အကြိုညှိနှိုင်းမှုအဖြစ် ဇန်န ဝါရီ ၂၈ ရက်နေ့တွင် ပညာရှင်အချို့ လာရောက်ပြီး ဒီမိုကရက် တစ်ပါတီ (မြန်မာ)နှင့်တွေ့ဆုံခဲ့သည်။
ရန်နိုင်
 popularmyanmar

No comments:

Post a Comment