Monday, January 21, 2013

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးရေး

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးရေး

ယနေ့ နိုင်ငံတော်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတို့ ပြုပြင် ပြောင်းလဲလျက် ရှိရာ မြန်မာ့ အရေးကို ကမ္ဘာ့ နိုင်ငံများက အထူး စိတ်ဝင်စားလျက် ရှိပြီး ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု မှာလည်း တစ်နေ့ထက် တစ်နေ့ ပို၍ပို၍ တိုးလာကြောင်း တွေ့ရသည်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် တစ်ခုတည်း ကပင် နေ့စဉ် ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက် မှုမှာ ၂၃ဝဝ ကျော်ရှိသဖြင့် ယခင်နှစ်များကထက် ပိုမိုများပြားလာပြီဖြစ်သည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အထိ မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား တစ်သန်းကျော် လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာလှည့် ခရီးသွား များသည် မြန်မာနိုင်ငံ အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် နွေးထွေးစွာ ဆက်ဆံမှုနှင့်   ပွင့်လင်း မြင်သာမှု တို့ကြောင့် မြန်မာ့ အရေးကို စိတ်ဝင်စားလျက် ရှိရာမှ မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်ရန် ရွေးချယ် ခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁၂ ခုနှစ်အတွက် သွားရောက် လည်ပတ်ရန် အကောင်းဆုံး နေရာများအား ရွေးချယ်၍ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် CNN သတင်း ဌာနက ထုတ်ပြန်ခဲ့ရာ အင်္ဂလန်၊ မက္ကဆီကို နိုင်ငံ အတွင်းရှိ မာယာ လူမျိုးများ နေထိုင် သည့် နေရာ၊ မြန်မာနိုင်ငံ၊ အမေရိကန် နိုင်ငံ ချီကာ ဂိုမြို့၊ ကာရစ်ဘီယန် ကျွန်းစုတွင် ပါဝင်သော စိန့်ဗင်ဆင့်ကျွန်း၊ နယ်သာလန် နိုင်ငံ၊ ကနေဒါ နိုင်ငံ နယ်နိမိတ် အတွင်းရှိ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း တိုက်တန်းနစ် သင်္ဘော နစ်မြုပ်သည့် နေရာ၊ ဥရုဂွေး နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုမှ အော်လန်ဒို မြို့တို့ ဖြစ်သည်။

ကမ္ဘာလှည့် ခရီးသွားများသည် သဘာဝ ရှုခင်းများနှင့် ရှေးဟောင်း ယဉ်ကျေးမှု များကို ကြည့်ရှု လေ့လာလိုစိတ် ထက်သန်ကြသည်။ နိုင်ငံတော်တွင် ထိန်းသိမ်းထားသော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များနှင့် သဘာဝ ရှုခင်းများ အဖြစ် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်ထားသည့် ဘေးမဲ့တောများ၊ အမျိုးသား ဥယျာဉ်များ တည်ဆောက်ထားသည်။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးမှု အတွက် သဘာဝ သယံဇာတ အပေါ် မှီခိုမှု လျော့ပါးစေသော လုပ်ငန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှု ကိုပါ ဖြည့်ဆည်း ပေးနိုင်သည်။ သို့ဖြစ်၍ နိုင် ငံတော် အစိုးရက ဆက်လက် အကောင်အထည် ဖော်မည့် ၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်အထိ ပဉ္စမ ကာလတို ငါးနှစ် စီမံကိန်းတွင် ပါဝင်သော ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံတော် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် ကမ္ဘာလှည့် ခရီးသွား ဇုန်များရှိ ဒေသခံ ပြည်သူတို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော် လိုက်ရပေသည်။

http://www.myawady.com.mm/allnews/editorial/item/4775-2013-01-19-07-30-03#.UPyfx528B8E
ယနေ့ နိုင်ငံတော်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး တို့ ပြုပြင် ပြောင်းလဲလျက်ရှိရာ မြန်မာ့အရေးကို ကမ္ဘာ့ နိုင်ငံများက အထူးစိတ်ဝင်စားလျက်ရှိပြီး ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုမှာ လည်းတစ်နေ့ထက် တစ်နေ့ပို၍ပို၍တိုးလာကြောင်း တွေ့ရသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းကပင် နေ့စဉ် ကမ္ဘာ လှည့်ခရီးသွားများ ဝင်ရောက်မှုမှာ ၂၃ဝဝ ကျော်ရှိသဖြင့် ယခင်နှစ်များကထက် ပိုမိုများပြားလာပြီဖြစ် သည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား တစ်သန်းကျော်လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာလှည့် ခရီးသွား များသည် မြန်မာနိုင်ငံ အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နွေးထွေးစွာ ဆက်ဆံမှုနှင့်ပွင့်လင်း မြင်သာမှု တို့ကြောင့် မြန်မာ့အရေးကို စိတ်ဝင်စားလျက် ရှိရာမှ မြန်မာ နိုင်ငံသို့လာရောက်လည်ပတ်ရန် ရွေးချယ် ခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁၂ ခုနှစ်အတွက် သွားရောက်လည်ပတ်ရန် အကောင်းဆုံး နေရာများအား ရွေးချယ်၍ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် CNN သတင်းဌာနက ထုတ်ပြန်ခဲ့ရာ အင်္ဂလန်၊ မက္ကဆီကို နိုင်ငံအတွင်းရှိ မာယာ လူမျိုးများနေထိုင်သည့် နေရာ၊ မြန်မာနိုင်ငံ၊ အမေရိကန် နိုင်ငံ ချီကာဂိုမြို့၊ ကာရစ်ဘီယန်ကျွန်းစုတွင် ပါဝင်သော စိန့်ဗင်ဆင့်ကျွန်း၊ နယ်သာလန် နိုင်ငံ၊ ကနေဒါ နိုင်ငံနယ်နိမိတ်အတွင်းရှိ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း တိုက်တန်းနစ်သင်္ဘောနစ်မြုပ်သည့် နေရာ၊ ဥရုဂွေး နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု မှ အော် လန်ဒို မြို့တို့ ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားများသည် သဘာဝရှုခင်းများနှင့် ရှေးဟောင်းယဉ်ကျေးမှုများကို ကြည့်ရှု လေ့လာလို စိတ်ထက်သန်ကြသည်။ နိုင်ငံတော်တွင် ထိန်းသိမ်းထားသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် များနှင့် သဘာဝ ရှုခင်းများအဖြစ် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်ထားသည့် ဘေးမဲ့တောများ ၊ အမျိုး သားဥယျာဉ်များ တည်ဆောက်ထားသည်။

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် သဘာဝသယံဇာတအပေါ် မှီခိုမှု လျော့ပါးစေသောလုပ်ငန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှုကိုပါ ဖြည့်ဆည်းပေးနိုင်သည်။ သို့ဖြစ်၍ နိုင် ငံတော် အစိုးရက ဆက်လက် အကောင်အထည် ဖော်မည့် ၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၁၅- ၂ဝ၁၆ ခုနှစ်အထိ ပဉ္စမကာလတို ငါးနှစ်စီမံကိန်းတွင် ပါဝင်သောကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကမ္ဘာလှည့်ခရီးသွားဇုန်များရှိ ဒေသ ခံ ပြည်သူတို့တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပေ သည်။
မြ၀တီ



No comments:

Post a Comment