Saturday, January 5, 2013

ဝမ်းစမိုးသံ သောသောညံ လုပ်ကြရတော့မည်

မြန်မာနိုင်ငံသို့  အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ( မာတီနာတာလီဂ၀ါ- Marty Natalegawa ) ကလာမည့်သောကြာ( ဇန္န၀ါရီလ-ရ-ရက်နေ့  -၂၀၀၃- ) တွင် မြန်မာအစိုးရက ဖိတ်ကြား၍  လာမည်ဟု အင်ဒိုနီးရှား ထုတ် သတင်းစာတွေမှာ  တွေ့ ရသည် ။

သူလာသည့်အခါဘင်္ဂလီကုလားတွေကို သမိုင်းလိမ်နာမည်ဖြင့် မြန်မာ နိုင်ငံသားအဖြစ် တရားဝင်ဥပဒေနှင့်အညီ အသိအမှတ်ပြုအောင် တိုက်တွန်းဆောင် ရွက် သွားမည် ဟုကြေညာ ထားသည်ကို ဖတ်ရသည် ။

 ရခိုင်ပြည်နယ်အတွင်း အခြေအနေများကိုဂရုပြုလေ့လာပြီး လက်ရှိပြသနာများကို ခွဲခြား စစ်ဆေး လေ့လာ မည်ဟု ဆိုပါသည်။တရားဝင်နေထိုင်ခွင့်ကို  ဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုထားသည် ။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေသော ၀မ်းနည်းဘွယ်ရာများကို ကြေကွဲရပြီး အကြမ်းဖက်မှုများကို  ပြုလုပ်နေခြင်းခံနေရသည်ဟုလည်း ဆိုသည် ။ပေါင်းသင်းဆက် ဆံရေးကို အခြေခံသော စီးပွါးရေးဖြင့် အတူတကွယှဉ်တွဲနေထိုင်ရေးကို အားပေး သွားမည်ဟု ဆိုပြီး သူတို့အင်ဒိုနီးရှားနိုင်ငံမှာ အတွေ့ အကြုံများ သင်္ခဏ်းစားများ ရှိနေ သည်ကိုသင်ကြားပေးမည်ဟုလည်း ပြောဆိုသည် ။

 ( ဤ၀ပ်ဆိုက်မှာ ကြည့်ပါ-)

Here link
သူလာသည်မှာ မြန်မာအစိုးရက ဖိတ်ကြား၍ လာသည်ဖြစ်သောကြောင့် အစိုးရအနေဖြင့် ကိုယ် ဖိတ်ကြားသော ဧည့်သည်မှာ ဧည့်သည်ကောင်းလား ၊ ဧည့်သည်ဆိုးလားဆိုသည်ကို ကောက်ချက် ချရန် လိုသည် ။

 မာတီနာတာလီဂ၀ါ (MartyNatalegawa)မှာ ကောင်းသောလာခြင်း မဟုတ်ဟု ပြောချင် သည်။ ပြောလည်းပြောနိုင်သည်။ မည်သည့်အတွက်ဆိုလျှင် သူလာသည်မှာ မြန်မာနိုင်ငံအစိုးရ၏သမ္မတ ဦးသိန်းစိန်ကို စော်ကားမော်ကား  ပြောဆိုကာ  စိန်ခေါ်ပြီးလာခြင်းဖြစ်သည် ။

 သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ၎င်းသမိုင်းလိမ်လူမျိုး မရှိပါဟု ပြောဆိုသည်ကို သူက ၄င်းလူမျိုးအား ကူညီထောက်ပံ့ဖို့  ဒေါ်လာ( ၁) သန်း ယူဆောင်လာပြီး ၄င်းလူမျိုးအားဥပဒေနှင့်အညီ တရားဝင် မြန်မာနိုင်ငံ သားဖြစ်အောင် ဆောင်ရွက်ရန်အတွက် တိုက်တွန်း ပြောဆိုမည်ဟု ဆိုထားသည်မှာ လွန်စွာ ကသိကအောင့် ဆန်သော စကားဖြစ်ပါသည် ။

မည်သို့ ပင်ဆိုစေ သမ္မတကြီး ဦးသိန်းစိန်ကိုတော့ ယခုအချိန်ထိယုံကြည်နေဆဲဖြစ် ပါသည် ။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး ( ၁၃၅ )မျိုးထဲမှာ ၄င်းသမိုင်းလိမ်လူမျိုးမရှိသည်ကို ပြောထားတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂ၀ါ တယောက် ခုအချိန်မှာ မြောင်းထဲ မကျခဲ့လျှင် ကျမည့်အချိန် မရှိတော့။သမ္မတကြီး ဦးသိန်းစိန်က ပြောမည်မှာသေချာပါသည်။ အာဆီယံနိုင်ငံများ ညီလာခံမှ သူ့ အား ကိုယ်စားလှယ်အဖြစ်စေလွှတ်ရန် အမည်စာရင်းတင်သွင်း ပေးထားခြင်းကြောင့် ယခုကဲ့ သို့ လာရောက်သည်ဆိုသော်လည်း အာဆီယံနိုင်ငံများသည် အဖွဲ့ ဝင်နိုင်ငံများ၏ ပြည်တွင်းရေး ကိုဝင်ရောက်စွက်ဖက်ဖြင်း အလျဉ်းမပြုလုပ်ရ ။
 
 မြန်မာနိုင်ငံ၏ နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မည်သည့်နိုင်ငံကမျှ ပြုပြင်ပြောင်းလဲရန် ဖိအားပေး၍မရ ။ကျွန်တော်တို့ လိုချင်သည်မှာ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းနေခြင်းကို ကြားချင် မြင် ချင် သည် ။ သို့ အတူနိုင်ငံတကာမှ အစိုးရအဖွဲ့ ဝင်များကလည်း မြန်မာနိုင်ငံသို့ သွားရောက် လည်ပါတ်သော အခါ သူ့ ယဉ်ကျေးမှု ၊ သူ့ နိုင်ငံရေး ၊ သူ့ လူမှုရေးကိုဖြင့် လေးစားလိုက်နာ ရမည်ဖြစ်သည် ။ 
 
မိမိပြောချင်ရာ ပြောဖို့ မိမိလုပ်ချင်ရာလုပ်ဖို့  အချုပ်အချာ အာဏာမရှိသော နိုင်ငံမဟုတ်။ သူ့နိုင်ငံ၏ ဥပဒေကို လေးစားရမည်ဖြစ်သည် ။ နိုင်ငံခြားတွင်သွားရောက်နေထိုင်သူများသည် နိုင်ငံခြားတွင် တရက်နေက တရက်နေခွင့်ကိုပေးဆောင်ရသည်။ အချုပ်အချာအာဏာပိုင် မြေတလက်မတွင်မှ အလကား နေထိုင်၍မရ ။၎င်းမှာ နိုင်ငံတနိုင်ငံ၏ အချုပ်အချာအာဏာပိုင်ဆိုင်ခွင့်ဆိုသောနိုင်ငံတော်၏ ဂုဏ်သိက္ခာဖြစ်သည်။ ယင်းနိုင်ငံတော်၏ ဂုဏ်သိက္ခာကိုမည်သည့်နိုင်ငံသားကမျှ မစော်ကားရ။ ဂရုမမူ မပြုရ ။

 ထို့ ကြောင့် ယခုလည်း မြန်မာနိုင်ငံသို့ လာမည့်အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကို နုတ်ပိတ်ပြီးမှ လာခဲ့ ပါဆိုသော သတင်းစကားကို ပေးရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံသားတို့မကြိုက်သော နာမည်ကို အသုံးပြု၍ လာမည်ဆိုလျှင် ကန့် ကွက်ဆန္ဒပြရလိမ့်မည်ဆိုသော သတင်းစကားကို ပေးရမည်ဖြစ်သည်။ အစိုးရက ဖိတ်ခေါ်သော်လည်းအစိုးရလည်း လက်မခံသော -ရဟန်းပြည်သူလည်း လက်မခံသော ဧည့်သည် တယောက်ကိုနိုင်ငံကြီးသားပီပီ လမ်းပေါ်ထွက်ဆန္ဒပြကြရမည်မှာ  ပြည်သူတရပ်လုံး၏ တာဝန်ဖြစ်နေပြီ။မည်သည့်နိုင်ငံရေးဖွတ်ကြားအဖွဲ့ အစည်းတွေကလမ်းပေါ်ထွက်ခြင်းကို လက်မခံကြသော်
လည်း ယခုအချိန်မှာ  နိုင်ငံတော်နှင့်အတူရဲရင့်ပြတ်သားသော အမျိုးချစ်စိတ်ပြင်းထန်လွန်းသည့် ရဟန်းပြည်သူများကတက်ညီလက်ညီ ဆန္ဒဖေါ်ထုတ်ကြရတော့မည်။ သီချင်းတွေထဲကလို ၀မ်းစမိုးသံသောသောညံဖို့  နောက်တခါ လာပြီဗျို့ လို့  အားရပါးရ ကြွေးကြော် ဆန္ဒပြကြ ပါတော့လို့  ပြော လိုက် ရပါသည် ။

ကျော်ခဏ်းနွယ်

No comments:

Post a Comment