Friday, January 18, 2013

ဘိန်းစိမ်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ နားကုန်းကာလကျေးရွာနေ မစုသိန်း(၂၃)နှစ်နှင့် ဦးဟိုက်(၅၆)နှစ်တို့သည် ဘိန်းစိမ်းများ ကိုယ်တိုင်စိုက်ပျိုးပြီး ၎င်းတို့၏နေအိမ်အသီးသီးတွင် သိုဝှက် ထားကြောင်းသတင်းအရ တောင်ကြီးမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များကသက်သေများနှင့်အတူ ၁၇-၁- ၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန်တွင် ၀င်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ မစုသိန်း၏နေအိမ် မီးဖိုဆောင်နှင့် စတိုခန်းအတွင်းရှိ လွယ်ကြိုးတပ်ပလိုင်းအတွင်းမှ ပလပ် စတစ်ဖြင့်ထုပ်လျှက် အလေးချိန် ၁.၅ ကီလိုဂရမ်ခန့်စီပါ ဘိန်းစိမ်း(၁၀)ထုပ်၊ အလေးချိန် (၁၅) ကီလို ဂရမ်ခန့်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၉၇၅၀၀၀၀ိ/-)အားလည်းကောင်း၊ ဦးဟိုက်၏နေအိမ်အိပ်ခန်းအတွင်းရှိ ပလပ်စတင်ဆွဲခြင်းအတွင်း မိုင်းကိုင်းစက္ကူဖြင့်ထုပ်ထားသည့်အလေးချိန် ၁.၅ ကီလိုဂရမ်ခန့်စီပါ ဘိန်းစိမ်း(၃)ထုပ်၊ အလေးချိန်(၄.၅) ကီလိုဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၂၉၂၅၀၀၀ိ/-)အား လည်းကောင်း ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးချက်အရ မစုသိန်းသည် နားကုန်းကာလကျေးရွာ၏မြောက်ဘက် (၄)မိုင်ခန့်အကွာ တောင်စောင်း တွင် ဘိန်း(၆)ဧကအား စိုက်ပျိုးခဲ့ပြီး ဘိန်းစိမ်း(၁၀) ပိဿာခန့် ခြစ်ယူရရှိခဲ့၍ နေအိမ်တွင်သိုလှောင်ထား ခဲ့ကြောင်း၊ ထို့အတူ ဦးဟိုက်သည် ဘိန်းခင်း(၃)ဧကခန့် စိုက်ပျိုးခဲ့ပြီး ဘိန်းစိမ်း(၃)ပိဿာခန့် ခြစ် ယူရ ရှိ၍ နေအိမ်၌သိုလှောင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်၍ ဘိန်းစိမ်းများသိုလှောင်ထားသည့် မစုသိန်းအား ဖယ်ခုံရဲစခန်း မယ(ပ)၁/၂၀၁၃၊ မူးယစ်ဆေး ၀ါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့်လည်းကောင်း၊ ဦးဟိုက် အား ဖယ်ခုံရဲစခန်း မယ(ပ)၂/၂၀၁၃၊ အဆိုပါဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment