Saturday, January 19, 2013

မအူပင် ခရိုင်မှ ငါးမွေးမြူရေး လုပ်ငန်းများ (၅)နှစ် ဆက်တိုက် အရှုံးပေါ်

Photo: မအူပင်ခရိုင်မှ ငါးမွေးမြူရေးလုပ်ငန်းများ (၅)နှစ်ဆက်တိုက် အရှုံးပေါ်
Saturday , January 19, 2013

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်းရှိ မအူပင် ၊ ဓနုဖြူ ၊ ပန်းတနော်နှင့် ညောင်တုန်း မြို့နယ်များမှ ငါးမွေးမြူရေးလုပ်ငန်းများမှာ (၅)နှစ်ဆက်တိုက်အရှုံးပေါ်နေကြောင်း မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။

“ကျွန်တော်တို့ နှစ်စဉ် အရှုံးပေါ်နေတာ (၅)နှစ်တောင်ရှိပြီ ၊ တောက်လျှောက်
ရှုံးနေတော့ လုပ်ငန်း တွေမှာ ငွေကြေးအရင်းအနှီးက အများကြီး စိုက်ထုတ်ရတာ လူတွေလည်း မတတ်နိုင်တော့ဘူး “ မအူပင်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဖိလစ်ကင်းက ပြောသည်။

ထိုသို့အရှုံးပေါ်နေရခြင်းမှာ ပြည်တွင်းငါးစာဖြစ်သည့် ပဲဖတ်နှင့်နှမ်းဖတ်
များအား ပြည်ပသို့တင်ပို့ ရောင်းချခြင်း ၊ ငါးစာတောင့်ဈေးနှုန်းများ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခြင်း အစာတောင့်နှင့် အစာဈေးနှုန်းများ
မြင့်လာသော်လည်း ငါးဈေးနှုန်း ကျဆင်းနေခြင်းနှင့် ပြည်ပမှ ငါးဝယ်လိုအား ကျဆင်းနေ၍ ဈေးနှုန်းတည်ငြိမ်မှုမရှိခြင်းကြောင့်ဖြစ်သည်ဟု ငါးလုပ်ငန်း
ရှင်များထံက သိရှိရသည်။

(၅)နှစ်ဆက်တိုက်အရှုံးပေါ်နေခြင်းကြောင့် ငါးကုန်ထုတ်လုပ်ငန်းရှင်
များမှာ ငွေကြေးရင်းနှီးမြုပ်နှံမှု မလုပ်နိုင်ကြတော့သဖြင့် ငါးထုတ်လုပ်မှု
များလာခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းရှင်များက ဆိုသည်။

“လုပ်ငန်းတွေမှာ ငွေကြေးအပြည့်အ၀မမြှုပ်နှံနိုင်တော့ ငါးကန်(၁)ဧက ပိဿာချိန် နှစ်ထောင်လောက် ထွက်မယ့် ကန်ဟာ ပိဿာငါးရာလောက် တစ်ထောင်လောက်ပဲ ထွက်တော့တယ် ။ ငွေကြေးအရင်းအနှီး မတတ်နိုင်တော့ လျှော့ပြီးလုပ်ရတဲ့သဘောပါ ဒါတွေကြောင့်လည်း
နိုင်ငံတော်အတွက် ထုတ်လုပ်မှု အပိုင်းမှာ အများကြီးနစ်နာပါတယ်” ဟု ပန်းတနော်မြို့မှ ငါးလုပ်ငန်းရှင် ဦးကျော်သိန်းက သုံးသပ်ပြောဆိုသည်။

ဧရာဝတီတိုင်းသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ရေလုပ်ငန်း အများဆုံး
လုပ်ကိုင်ပြီး မအူပင်ခရိုင်အတွင်းမှာ ငါးမွေးမြူရေးကန် ဧက (၁၅၉၈၈)ဧကရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၄င်းခရိုင်မှ ငါးပိသာချိန် ပေါင်း (၁၇၈၈)သိန်း ထုတ်လုပ်နိုင်ကြောင်း မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  စာရင်း များအရ သိရှိရသည်။

လက်ရှိအချိန်တွင် ပုစွန်မွေးမြူရေးလုပ်ငန်းများအနေဖြင့် ဂျပန်သို့ ပြည်ပ
ဈေးကွက်ရှိသော်လည်း၊ ပြည်ပမှ ပုစွန်စာတင်သွင်းရသည့်အတွက် 
ကုန်ကျစားရိတ် ကြီးမြင့်မှုများ ဖြစ်ပေါ်နေကြောင်းနှင့် အစာပါ ပုစွန်စာများအတွက် ကုန်ကြမ်းအား မြန်မာနိုင်ငံမှ တင်ပို့ နေရခြင်းဖြစ်သည့် အတွက် နိုင်ငံအနေဖြင့် နည်းပညာလိုအပ်ချက်ကြောင့် မိအေးနှစ်ခါ နာသည့် အဖြစ်မျိုးကြုံတွေ့နေရကြောင်းကိုလည်း ပုစွန်ကန်တစ်ခု မှ လက်ထောက်
ပုစွန်မွေးမြူရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

မျိုးမင်းထွန်း (မြစ်မခ)
Myit Makha Mediagroupမအူပင်ခရိုင်မှ ငါးမွေးမြူရေးလုပ်ငန်းများ (၅)နှစ်ဆက်တိုက် အရှုံးပေါ် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ဓနုဖြူ၊ ပန်းတနော်နှင့် ညောင်တုန်း မြို့နယ်များမှ ငါးမွေးမြူရေးလုပ်ငန်းများမှာ (၅)နှစ်ဆက်တိုက်အရှုံးပေါ်နေကြောင်း မအူပင်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာန မှ သိရှိရသည်။

“ကျွန်တော်တို့ နှစ်စဉ်အရှုံးပေါ်နေတာ (၅)နှစ်တောင် ရှိပြီ ၊ တောက် လျှောက် ရှုံးနေတော့ လုပ်ငန်း တွေမှာ ငွေကြေးအရင်းအနှီးက အများကြီး စိုက်ထုတ်ရတာ လူတွေလည်း မတတ်နိုင်တော့ဘူး “ မအူပင်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဖိလစ်ကင်း က ပြောသည်။

ထိုသို့အရှုံးပေါ်နေရခြင်းမှာ ပြည်တွင်းငါးစာဖြစ်သည့် ပဲဖတ်နှင့်နှမ်းဖတ်များအား ပြည်ပသို့ တင်ပို့ ရောင်းချခြင်း ၊ ငါးစာတောင့်ဈေးနှုန်းများ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခြင်း အစာတောင့်နှင့် အစာဈေးနှုန်းများ မြင့်လာသော်လည်း ငါးဈေးနှုန်း ကျဆင်းနေခြင်းနှင့် ပြည်ပမှ ငါးဝယ်လိုအား ကျဆင်းနေ ၍ ဈေးနှုန်းတည်ငြိမ်မှုမရှိခြင်းကြောင့်ဖြစ်သည်ဟု ငါးလုပ်ငန်းရှင်များထံက သိရှိရသည်။

(၅)နှစ်ဆက်တိုက်အရှုံးပေါ်နေခြင်းကြောင့် ငါးကုန်ထုတ်လုပ်ငန်းရှင်များမှာ ငွေကြေးရင်းနှီးမြုပ်နှံမှု မလုပ်နိုင်ကြတော့သဖြင့် ငါးထုတ်လုပ်မှု များလာခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းရှင်များက ဆိုသည်။

“လုပ်ငန်းတွေမှာ ငွေကြေးအပြည့်အ၀မမြှုပ်နှံနိုင်တော့ ငါးကန်(၁)ဧက ပိဿာချိန် နှစ်ထောင်လောက် ထွက်မယ့် ကန်ဟာ ပိဿာငါးရာလောက် တစ်ထောင်လောက်ပဲ ထွက်တော့တယ် ။ ငွေကြေးအရင်းအနှီး မတတ်နိုင်တော့ လျှော့ပြီးလုပ်ရတဲ့သဘောပါ ဒါတွေကြောင့်လည်း နိုင်ငံတော်အတွက် ထုတ်လုပ်မှု အပိုင်းမှာ အများကြီးနစ်နာပါတယ်” ဟု ပန်းတနော်မြို့မှ ငါးလုပ်ငန်းရှင် ဦးကျော်သိန်းက သုံးသပ်ပြောဆို သည်။

ဧရာဝတီတိုင်းသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ရေလုပ်ငန်း အများဆုံး လုပ်ကိုင်ပြီး မအူပင်ခရိုင်အတွင်းမှာ ငါးမွေးမြူရေးကန် ဧက (၁၅၉၈၈)ဧကရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၄င်းခရိုင်မှ ငါးပိသာချိန် ပေါင်း (၁၇၈၈)သိန်း ထုတ်လုပ်နိုင်ကြောင်း မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်း များအရ သိရှိရသည်။

လက်ရှိအချိန်တွင် ပုစွန်မွေးမြူရေးလုပ်ငန်းများအနေဖြင့် ဂျပန်သို့ ပြည်ပဈေးကွက်ရှိသော်လည်း၊ ပြည်ပမှ ပုစွန်စာတင်သွင်းရသည့်အတွက် ကုန်ကျစားရိတ် ကြီးမြင့်မှုများ ဖြစ်ပေါ်နေကြောင်းနှင့် အစာပါ ပုစွန်စာများအတွက် ကုန်ကြမ်းအား မြန်မာနိုင်ငံမှ တင်ပို့ နေရခြင်းဖြစ်သည့် အတွက် နိုင်ငံအနေဖြင့် နည်းပညာလိုအပ်ချက်ကြောင့် မိအေးနှစ်ခါ နာသည့် အဖြစ်မျိုးကြုံတွေ့နေရကြောင်းကိုလည်း ပုစွန်ကန် တစ်ခု မှ လက်ထောက် ပုစွန်မွေးမြူရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

From : Myit Makha Mediagroup

No comments:

Post a Comment