Saturday, January 19, 2013

ၾသစေၾတးလ် နိုင်ငံမှ အပျော်တမ်း ရွှေတူးဖော်ရေး သမားတစ်ဦး အလေးချိန် ငါးကီလိုရှိ ရွှေတုံး တစ်တုံး တူးဖော်ရရှိ

Photo: သြစတြေးလျ နိုင်ငံမှ အပျော်တမ်း ရွှေတူးဖော်ရေး သမားတစ်ဦး 
အလေးချိန် ငါးကီလိုရှိ ရွှေတုံး တစ်တုံး တူးဖော်ရရှိ

သြစတြေးလျ နိုင်ငံတောင်ပိုင်း မဲလ်ဘုန်းမြို့မှ ၁၁ဝ ကီလိုမီတာ အကွာ ဘောလ်လာရတ် မြို့ပြင်ရှိ မြေကွက်လပ် တစ်ခုမှ ၅ ကီလို (၁၇၇ အောင်စ) အလေးချိန် ရှိသည့် ရွှေတုံးတစ်တုံး ကို အမည် မဖော်လိုသူ အပျော်တမ်း ရွှေရှာဖွေသူ အမျိုးသား တစ်ဦးက ဇန်နဝါရီ ၁၆ ရက်တွင် တူးဖော် ရရှိခဲ့ကြောင်း ရွှေဆိုင်ပိုင်ရှင် ကောဒယ်လ်ကန့်တ်က ဇန်နဝါရီ 
၁၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ ရွှေတုံးသည် Y ပုံသဏ္ဌာန် ရှိပြီး ၎င်းကို မြေအောက်အနက် ဆင်တီမီတာ ၆ဝ အကွာတွင် သတ္တု ရှာဖွေရေး ကိရိယာဖြင့် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို Y သဏ္ဌာန် ရွှေတုံးသည်
မြေပြင်တွင် ပြားကပ်လျက် တည်ရှိနေပြီး အထိအခိုက် မရှိစေရန် 
ဂရုတစိုက် တူးခဲ့ရကြောင်း ရွှေတုံးတူးဖော် ရရှိသူက ပြောကြားခဲ့သည်။

ဗစ်တိုးရီးယား ပြည်နယ်ရှိ ရွှေတွင်းများတွင် ယခင်က လူအများ အပြားက ရွှေတူး ဖော်သည့် လုပ်ငန်းကို လုပ်ကိုင် ခဲ့ကြသော်လည်း
နောက်ပိုင်း၌ ရွှေထွက်ရှိခြင်း မရှိဟု လူအများ အပြားက ထင်မြင် ယူဆခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါ အမည် မဖော်လိုသူ အမျိုးသားက ဆက်လက် တူးဖော်ခဲ့ကြောင်း၊ ယခုကဲ့သို့ ရွှေတုံးကို တူးဖော် ရရှိခဲ့ သဖြင့် ၎င်းအတွက် ရှာဖွေရကျိုး နပ်ခဲ့ကြောင်း ကန့်တ်က ပြောကြားခဲ့သည်။

မြ၀တီသြစတြေးလျ နိုင်ငံတောင်ပိုင်း မဲလ်ဘုန်းမြို့မှ ၁၁ဝ ကီလိုမီတာ အကွာ ဘောလ်လာရတ် မြို့ပြင်ရှိ မြေကွက်လပ် တစ်ခုမှ ၅ ကီလို (၁၇၇ အောင်စ) အလေးချိန် ရှိသည့် ရွှေတုံးတစ်တုံး ကို အမည် မဖော်လိုသူ အပျော်တမ်း ရွှေရှာဖွေသူ အမျိုးသား တစ်ဦးက ဇန်နဝါရီ ၁၆ ရက်တွင် တူးဖော် ရရှိခဲ့ကြောင်း ရွှေဆိုင် ပိုင်ရှင် ကောဒယ်လ်ကန့်တ် က ဇန်နဝါရီ ၁၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ ရွှေတုံးသည် Y ပုံသဏ္ဌာန် ရှိပြီး ၎င်းကို မြေအောက်အနက် ဆင်တီမီတာ ၆ဝ အကွာတွင် သတ္တု ရှာဖွေရေးကိရိယာဖြင့် ရှာဖွေတွ့ရှိခဲ့ခြင်းဖစ်ကြောင်း၊ ထို Y သဏ္ဌာန် ရွှေတုံးသည် မြေပြင် တွင် ပြားကပ်လျက် တည်ရှိနေပြီး အထိအခိုက် မရှိစေရန် ဂရုတစိုက်တူးခဲ့ရကြောင်း ရွှေတုံးတူးဖော် ရရှိသူက ပြောကြားခဲ့သည်။

ဗစ်တိုးရီးယား ပြည်နယ်ရှိ ရွှေတွင်းများတွင် ယခင်က လူအများ အပြားက ရွှေတူး ဖော်သည့် လုပ်ငန်းကို လုပ်ကိုင် ခဲ့ကြသော်လည်း နောက်ပိုင်း၌ ရွှေထွက်ရှိခြင်းမရှိဟု လူအများအပြားက ထင်မြင် ယူဆခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါအမည်မဖော်လိုသူ အမျိုးသားက ဆက်လက်တူးဖော်ခဲ့ကြောင်း၊ ယခုကဲ့သို့ ရွှေတုံးကို တူးဖော်ရရှိခဲ့သဖြင့် ၎င်းအတွက် ရှာဖွေရကျိုး နပ်ခဲ့ကြောင်း ကန့်တ်က ပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment