Tuesday, January 8, 2013

အငြင်းပွားလျက် ရှိသော ကျွန်းများအနီး တရုတ် လေယာဉ်ကို ဂျပန် တိုက်လေယာဉ်များ မောင်းထုတ်

အငြင်းပွားလျက် ရှိသော ကျွန်းများအနီး တရုတ် လေယာဉ်ကို ဂျပန် တိုက်လေယာဉ်များ မောင်းထုတ်

ဂျပန်နှင့် တရုတ် နိုင်ငံများကြား အငြင်းပွားလျက် ရှိသော ကျွန်းများ အနီးသို့ တရုတ် လေယာဉ်တစ်စင်း ဝင်ရောက်လာမှုကို မောင်းထုတ်ရန် အတွက် ဂျပန် တိုက်လေယာဉ် များအား ဇန်နဝါရီ ၅ ရက်က စေလွှတ်ခဲ့ ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ဒေသစံတော်ချိန် ည ၁၂ နာရီခန့်တွင် တရုတ် နိုင်ငံက တျောင်ယုကျွန်းဟု ခေါ်ပြီး ဂျပန် နိုင်ငံက ဆန်ကာကူ ကျွန်းဟုခေါ်သော ကျွန်းများ၏ မြောက်ပိုင်း ကီလိုမီတာ ၁၂ဝ အကွာသို့ တရုတ် လေယာဉ်တစ်စင်း ရောက်ရှိ လာခဲ့ပြီးနောက် ဂျပန် တိုက်လေယာဉ် များကို ဖြန့်ချခဲ့ခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

Y-12 အမည်ရှိ တာဘိုပရော့ အင်ဂျင်နှစ်လုံး တပ်ဆင်ထားသော တရုတ် လေယာဉ်သည် ကျွန်းပေါ်ရှိ ဂျပန် လေပိုင်နက် အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း မရှိဘဲ အဆိုပါ နယ်မြေ အတွင်းမှ ပြန်လည်ထွက်ခွာ သွားကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ ကျွန်းများ အနီးသို့ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်လာသည့် တရုတ် လေယာဉ်ကို မောင်းထုတ်ရန် ဂျပန် တိုက်လေယာဉ်များ စေလွှတ်မှုသည် ယခုနှစ် အတွင်း ပထမဆုံး အကြိမ်ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူ တစ်ဦး က ပြောကြား ခဲ့သည်။ ဂျပန် နိုင်ငံသည် နှစ်ပေါင်း ၁၁ နှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့် ခဲ့ပြီးနောက် ယခုကဲ့သို့ တုံ့ပြန်မှု ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း ကျိုဒို သတင်း အေဂျင်စီ က  ပြောကြားခဲ့သည်။

ဂျပန် လစ်ဘရယ် ဒီမို ကရက်တစ် ပါတီသည် ၂ဝ၁၃ ဘဏ္ဍာရေး နှစ်တွင် ကာကွယ်ရေး အင်အားများ တိုးမြှင့်ရန် အတွက် အမေရိကန် ဒေါ်လာ ၅၃ ဒသမ ၄၃ ဘီလီယံခန့် သုံးစွဲရန် ကြိုးပမ်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3804-2013-01-08-09-17-10 ဂျပန်နှင့်တရုတ် နိုင်ငံများကြား အငြင်းပွားလျက်ရှိသော ကျွန်းများ အနီး သို့ တရုတ် လေယာဉ်တစ်စင်း ဝင်ရောက်လာမှုကို မောင်းထုတ်ရန် အတွက် ဂျပန် တိုက်လေယာဉ်များအား ဇန်နဝါရီ ၅ ရက်က စေလွှတ် ခဲ့ ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် ည ၁၂ နာရီခန့်တွင် တရုတ် နိုင်ငံက တျောင်ယု ကျွန်းဟု ခေါ်ပြီး ဂျပန် နိုင်ငံက ဆန်ကာကူကျွန်းဟုခေါ်သော ကျွန်းများ၏ မြောက်ပိုင်း ကီလိုမီတာ ၁၂ဝ အကွာသို့ တရုတ် လေ ယာဉ် တစ်စင်း ရောက်ရှိလာခဲ့ပြီးနောက် ဂျပန်တိုက်လေယာဉ်များကို ဖြန့်ချ ခဲ့ခြင်း ဖြစ်ကြောင်း ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

Y-12 အမည်ရှိ တာဘိုပရော့အင်ဂျင်နှစ်လုံး တပ်ဆင်ထားသော တရုတ် လေယာဉ်သည် ကျွန်းပေါ်ရှိ ဂျပန် လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းမရှိဘဲ အဆိုပါနယ်မြေအတွင်းမှ ပြန်လည်ထွက်ခွာ သွားကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ ကျွန်းများ အနီးသို့ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်လာသည့် တရုတ် လေယာဉ်ကို မောင်းထုတ်ရန် ဂျပန် တိုက်လေယာဉ်များ စေလွှတ်မှုသည် ယခုနှစ် အတွင်း ပထမဆုံး အကြိမ်ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူ တစ်ဦး က ပြောကြား ခဲ့သည်။ ဂျပန် နိုင်ငံသည် နှစ်ပေါင်း ၁၁ နှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့် ခဲ့ပြီးနောက် ယခုကဲ့သို့ တုံ့ပြန်မှု ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း ကျိုဒို သတင်း အေဂျင်စီ က ပြောကြားခဲ့သည်။

ဂျပန် လစ်ဘရယ် ဒီမို ကရက်တစ် ပါတီသည် ၂ဝ၁၃ ဘဏ္ဍာရေး နှစ်တွင် ကာကွယ်ရေး အင်အားများ တိုးမြှင့်ရန် အတွက် အမေရိကန် ဒေါ်လာ ၅၃ ဒသမ ၄၃ ဘီလီယံခန့် သုံးစွဲရန် ကြိုးပမ်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment