Saturday, January 19, 2013

တောင်ကြီးမြို့တွင် ကုန်ခြောက်၊သားငါးဈေး မြေနေရာအား အဆင့်မြင့်ဈေးတည်ဆောက်ရန် စီစဉ်လျက်ရှိ

Photo: တောင်ကြီးမြို့တွင် ကုန်ခြောက်၊သားငါးဈေး မြေနေရာအား အဆင့်မြင့်ဈေးတည်ဆောက်ရန် စီစဉ်လျက်ရှိ
Friday, 18 January 2013

ယခင်က ကုန်ခြောက်၊သားငါးရောင်းချသော ဈေးမြေနေရာအား အဆင့်မြင့်ဈေးအဖြစ် ပြောင်းလဲတည်ဆောက်ရန် စီစဉ်လျက်ရှိပြီး တည် ဆောက်လိုသောဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် တင်ဒါတင်သွင်းနိုင်ကြောင်း တောင်ကြီးမြို့၊ မြို့နယ် စည်ပင်သာယာရေး
ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဒီဈေးက အရင်တုန်းက ကုန်ခြောက်၊ သား ငါးတွေရောင်းတဲ့
ဈေးနေရာပါ။ ဒါကို အဆင့်မြင့်ဈေးအဖြစ် ပြောင်းပြီး တည်
ဆောက်ဖို့ စီစဉ်ထား တယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တင်ဒါခေါ်နေပါတယ်။ တင်ဒါသွင်းချင်တဲ့ ဆောက်လုပ်ရေးလုပ်
ငန်းရှင်တွေအနေနဲ့ တင်ဒါလျှောက်လွှာ တင်တဲ့အခါမှာ ဈေးတစ်ခုမှာ လိုအပ်တဲ့အချက်တွေ အားလုံးကိုပါ ရေးဆွဲပုံစံထုတ်ပြီး တင်ဒါ တင်သွင်းရမှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆင့်မြင့်ဈေး တည်ဆောက်မည့်မြေနေရာမှာ ၁ဒသမ
၄၄ ဧကကျယ်ဝန်းပြီးအဆင့်မြင့်ဈေးတည်ဆောက်လိုသော
ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအနေဖြင့် အဆောက်အဦးကို ၃ထပ်နှင့်အထက် ဆောက်လုပ်ရန်လိုအပ်ပြီး စားသောက်ဆိုင်၊
Shopping Mall၊ Show Room၊ အလှ ပြင်ဆိုင်ခန်းများ၊
ကုမ္ပဏီရုံးခန်းများ ဖွင့်လှစ်နိုင်ရန် ဆောက်လုပ်ရမည်ဖြစ်ပြီး ၊ ကား၊ဆိုက်ကယ်များ ရပ်နားရန်နေရာများကိုပါ ထည့်သွင်း စီစဉ်ပေးရမည်ဖြစ်ကြာင်း သိရသည်။

ဆိုင်ခန်းများတည်ဆောက်ရေး နှင့် နေရာချထားရေးနှင့်ပတ်
သတ်ပြီး “ဈေးကြီးကို အဆင့်မြင့်ဈေးပြောင်းပြီးသွားရင် အရင်
ဈေးမှာရောင်းတဲ့ ဆိုင်ရှင်တွေကိုလည်း ဆိုင်ခန်းတွေနေရာ
ပြန်ချပေးမှာပါ၊ ၀ယ်သူရော ရောင်းသူရော အဆင်ပြေအောင်
ရောင်းကုန်အမျိုးအစားအလိုက် ဆိုင် ခန်းနေရာတွေသတ်မှတ်
ပေးဖို့ ၊ ပြီးတော့ အရင်က သားငါးဈေးဆိုတော့ ဒီမှာလာရောင်း
တဲ့ထဲမှာ ပျံကျဈေးသည်တွေလည်းရှိတယ်လေ အခု ဈေးကို အဆင့်မြှင့်ပြီးဆောက်ဖို့တင်ဒါခေါ်တော့ ပျံကျဈေးသည်တွေကို
နေရာချထားပေးမယ့် အစီအစဉ်ရှိရင် ထည့်ပြီးဆွဲပေးဖို့ဆိုတဲ့
အချက်တော့ ထည့်ထားတယ်” ဟု ကုန်ခြောက် သား၊ငါး အဆင့်မြင့်ဈေးတည်ဆောက်ရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူက ပြောကြားသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် တင်ဒါတင်သွင်း
ရာတွင် အဆင့်မြင့်ဈေး တည်ဆောက်ပြီးစီးပါက ရရှိလာမည့် အကျိုးအမြတ်ကို ကုမ္ပဏီနှင့် စည်ပင်သာယာရေးကော်မတီ
အဖွဲ့တို့အတွက် ခွဲဝေစီမံမှုများကိုလည်း ထည့်သွင်းပေးရန်
လိုအပ်ကြောင်း၊ အဆိုပြုတင်ဒါ သွင်းမည့် ကုမ္ပဏီသည် ကုမ္ပဏီမှတ်ပုံတင်၊ ဆောက်လုပ်မည့်ပုံစံများနှင့်အတူ ငွေကျပ်
သိန်း၅၀၀ကို အာမခံငွေအဖြစ် တင်သွင်းရမည်ဖြစ်ကြောင်း၊ တင်ဒါ အောင်မြင်သွားသော ကုမ္ပဏီနှင့် စာချုပ်ချုပ်ကာ
ဈေးအားအဆင့်မြင့်ဈေးအဖြစ်တည်ဆောက်မည်ဖြစ်ပြီး၊ တင်ဒါမအောင်မြင်သော ကုမ္ပဏီ များမှ တင်သွင်းထားသော
ငွေကျပ် သိန်း ၅၀၀ ကို တင်ဒါအတည်ပြုရွေးခြယ်ပြီး ခုနှစ်ရက်အတွင်း ပြန်လည်ထုတ်ယူခွင့်ပေးရန် စီစဉ်ထား
ကြောင်း သိရသည်။

ဆုဝေ
The Myanma Age ယခင်က ကုန်ခြောက်၊သားငါးရောင်းချသော ဈေးမြေနေရာအား အဆင့်မြင့်ဈေးအဖြစ် ပြောင်းလဲ တည်ဆောက်ရန် စီစဉ်လျက် ရှိပြီးတည် ဆောက် လိုသောဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် တင်ဒါတင်သွင်းနိုင်ကြောင်း တောင်ကြီးမြို့၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

“ဒီဈေးက အရင်တုန်းက ကုန်ခြောက်၊ သားငါးတွေရောင်း တဲ့ ဈေးနေရာပါ။ ဒါကို အဆင့်မြင့်ဈေး အဖြစ် ပြောင်းပြီး တည်ဆောက်ဖို့ စီစဉ်ထား တယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တင်ဒါခေါ်နေပါတယ်။ တင်ဒါသွင်းချင် တဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ တင်ဒါလျှောက်လွှာ တင်တဲ့အခါမှာ ဈေး တစ်ခုမှာ လိုအပ်တဲ့အချက်တွေ အားလုံးကိုပါ ရေးဆွဲပုံစံထုတ်ပြီး တင်ဒါတင်သွင်းရမှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆင့်မြင့်ဈေး တည်ဆောက်မည့်မြေနေရာမှာ ၁ဒသမ ၄၄ ဧကကျယ်ဝန်းပြီးအဆင့်မြင့်ဈေး တည်ဆောက်လိုသော ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအနေဖြင့် အဆောက်အဦးကို ၃ ထပ်နှင့် အထက် ဆောက် လုပ် ရန် လိုအပ်ပြီး စားသောက်ဆိုင်၊ Shopping Mall၊ Show Room၊ အလှ ပြင်ဆိုင်ခန်းများ၊ ကုမ္ပဏီရုံးခန်းများ ဖွင့်လှစ်နိုင်ရန် ဆောက်လုပ်ရမည်ဖြစ်ပြီး ၊ ကား၊ဆိုက်ကယ်များ ရပ်နားရန်နေရာများကိုပါ ထည့်သွင်း စီစဉ်ပေးရမည်ဖြစ်ကြာင်း သိရသည်။

ဆိုင်ခန်းများတည်ဆောက်ရေး နှင့် နေရာချထားရေးနှင့်ပတ်သတ်ပြီး “ဈေးကြီးကို အဆင့်မြင့်ဈေးပြောင်းပြီးသွားရင် အရင်ဈေးမှာရောင်းတဲ့ ဆိုင်ရှင်တွေကိုလည်း ဆိုင်ခန်းတွေနေ ရာ ပြန်ချပေးမှာ ပါ၊ ၀ယ်သူရော ရောင်းသူရော အဆင်ပြေအောင် ရောင်းကုန်အမျိုးအစားအလိုက် ဆိုင် ခန်းနေရာတွေသတ်မှတ်ပေးဖို့ ၊ ပြီးတော့ အရင်က သားငါးဈေးဆိုတော့ ဒီမှာလာရောင်း တဲ့ထဲမှာ ပျံကျဈေးသည်တွေလည်းရှိတယ်လေ အခု ဈေးကို အဆင့်မြှင့်ပြီးဆောက်ဖို့တင်ဒါခေါ်တော့ ပျံကျဈေးသည်တွေကို နေရာချထားပေးမယ့် အစီအစဉ်ရှိရင် ထည့်ပြီးဆွဲပေးဖို့ဆိုတဲ့ အချက်တော့ ထည့်ထားတယ်” ဟု ကုန်ခြောက် သား၊ငါး အဆင့်မြင့်ဈေးတည်ဆောက်ရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူက ပြောကြားသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် တင်ဒါတင်သွင်းရာတွင် အဆင့်မြင့်ဈေး တည်ဆောက်ပြီးစီး ပါက ရရှိလာမည့် အကျိုးအမြတ်ကို ကုမ္ပဏီနှင့် စည်ပင်သာယာရေးကော်မတီ အဖွဲ့တို့အတွက် ခွဲဝေစီမံမှုများကိုလည်း ထည့်သွင်းပေးရန် လိုအပ်ကြောင်း၊ အဆိုပြုတင်ဒါ သွင်းမည့် ကုမ္ပဏီသည် ကုမ္ပဏီမှတ်ပုံတင်၊ ဆောက်လုပ်မည့်ပုံစံများနှင့်အတူ ငွေကျပ် သိန်း၅၀၀ကို အာမခံငွေအဖြစ် တင်သွင်း ရမည်ဖြစ်ကြောင်း၊ တင်ဒါ အောင်မြင်သွားသော ကုမ္ပဏီနှင့် စာချုပ်ချုပ်ကာ ဈေးအား အဆင့်မြင့်ဈေး အဖြစ်တည်ဆောက်မည်ဖြစ်ပြီး၊ တင်ဒါမအောင်မြင်သော ကုမ္ပဏီ များမှ တင်သွင်းထားသော ငွေကျပ် သိန်း ၅၀၀ ကို တင်ဒါအတည်ပြုရွေးခြယ်ပြီး ခုနှစ်ရက်အတွင်း ပြန်လည်ထုတ်ယူခွင့်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

The Myanma Age

No comments:

Post a Comment