Friday, January 25, 2013

သတ္တုကဏ္ဍတွင် ရင်နှီးမြှုပ်နှံသူများ ဖိတ်ခေါ်၊ ပြည်ပ ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး

Photo: သတ္တုကဏ္ဍတွင် ရင်နှီးမြှုပ်နှံသူများ ဖိတ်ခေါ်၊ ပြည်ပ ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး
Friday, January 25, 2013


မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍတွင် ပြည်တွင်း-ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအား သတ္တုတွင်းဝန်ကြီးဌာနမှ ဖိတ်ခေါ်လျက်ရှိပြီး အမေရိကန်၊ သြစတြေးလျ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့က စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကူးသန်းရောင်းဝယ်မှု များပြုလုပ်ရန်ဆက်သွယ်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ ခေတ်သစ်စနစ်သစ်ကို အမိအရဆုပ်ကိုင်၍ ဈေးကွက်စီးပွားရေး
စနစ်နှင့် အညီ အကျိုးရှိစွာ ရင်းနှီးမြှုပ်နှံရန် နိုင်ငံပေါင်းစုံမှ ရင်းနှီးမြှုပ်နှံသူ
များအား တာဝန်ယူမှု၊ ပွင့်လင်းမြင်သာရှိမှု၊ လုံခြုံမှုတို့နှင့်အတူ ယုံကြည်စွာဖြင့်
မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါတယ်” ဟု သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်အောင် က ဇန်နဝါရီလ ၂၂ ရက်က ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သည့် 2nd Myanmar Mining Summit ပွဲ၌ ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန်နိုင်ငံ Free Posts ကုမ္ပဏီ၊ သြစတြးလျနိုင်ငံ white Energy ကုမ္ပဏီနှင့် Evolation Mine ကုမ္ပဏီ၊ မလေးရှားနိုင်ငံ Malaysia SMETING Corporation၊ အိန္ဒိယနိုင်ငံ MNDASTUR Co နှင့် တနင်္သာရီ အင်တာနေရှင်နယ် ကုမ္ပဏီတို့မှ စီးပွားရေး လုပ်ငန်းရှင်များ၊ သတ္တုပညာရှင်များအား ထိုနေ့တွင်ပင် တွေ့ဆုံကာ သတ္တုတွင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“သတ္တုကဏ္ဍမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာ ဖြစ်တဲ့အတွက် လူမှုစီးပွားတွေ ဖွံ့ဖြိုးတိုးတက်စေနိုင်မှာပါ။ တဖက်ကလည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိတဲ့ ရေမြေ၊ သစ်တောနဲ့ သတ္တုအရင်းအမြစ်တွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် စနစ်တကျ အဆင့်ဆင့် ပြုလုပ်သွားဖို့ လိုပါတယ်” ဟု ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက သုံးသပ်ပြောကြားသည်။

၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက်မှ သြဂုတ် ၂၄ ရက်အထိ ပြည်ပနိုင်ငံများသို့ သတ္တုတွင်းထွက် တင်ပို့မှုမှာ နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၆၈.၀၃၄ သန်း၊ ပုဂ္ဂလိက ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄၈.၃၆၀ သန်း၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၁၆.၃၉၄ သန်း တင်ပို့ရောင်းချပြီးဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမမြန်မာနိုင်ငံ၏ သတ္တုကဏ္ဍတွင် ပြည်တွင်း-ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများအား သတ္တုတွင်းဝန်ကြီးဌာနမှ ဖိတ်ခေါ်လျက်ရှိပြီး အမေရိကန်၊ သြစတြေးလျ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့က စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
 “ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အကျိုးတူ ပူးပေါင်းဆောင်ရွက် ရန်နှင့် ကူးသန်းရောင်းဝယ်မှု များပြုလုပ်ရန် ဆက်သွယ်ဆောင် ရွက်နိုင်ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ ခေတ်သစ်စနစ်သစ်ကို အမိအရဆုပ်ကိုင်၍ ဈေးကွက်စီးပွားရေးစနစ်နှင့် အညီ အကျိုးရှိစွာ ရင်းနှီးမြှုပ်နှံရန် နိုင်ငံပေါင်းစုံမှ ရင်းနှီးမြှုပ်နှံသူများအား တာဝန်ယူမှု၊ ပွင့်လင်းမြင်သာရှိမှု၊ လုံခြုံမှုတို့နှင့်အတူ ယုံကြည်စွာဖြင့် မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါတယ်” ဟု သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်အောင် က ဇန်နဝါရီလ ၂၂ ရက်က ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သည့် 2nd Myanmar Mining Summit ပွဲ၌ ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန်နိုင်ငံ Free Posts ကုမ္ပဏီ၊ သြစတြးလျနိုင်ငံ white Energy ကုမ္ပဏီနှင့် Evolation Mine ကုမ္ပဏီ၊ မလေးရှားနိုင်ငံ Malaysia SMETING Corporation၊ အိန္ဒိယနိုင်ငံ MNDASTUR Co နှင့် တနင်္သာရီ အင်တာနေရှင်နယ် ကုမ္ပဏီတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ သတ္တုပညာရှင်များအား ထိုနေ့တွင် ပင် တွေ့ဆုံကာ သတ္တုတွင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“သတ္တုကဏ္ဍမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင် မှာ ဖြစ်တဲ့အတွက် လူမှုစီးပွားတွေ ဖွံ့ဖြိုးတိုးတက်စေနိုင်မှာပါ။ တဖက်ကလည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိတဲ့ ရေမြေ၊ သစ်တောနဲ့ သတ္တုအရင်းအမြစ်တွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် စနစ်တကျ အဆင့်ဆင့် ပြုလုပ်သွားဖို့ လိုပါတယ်” ဟု ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက သုံးသပ်ပြောကြားသည်။

၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက်မှ သြဂုတ် ၂၄ ရက်အထိ ပြည်ပနိုင်ငံများသို့ သတ္တုတွင်းထွက် တင်ပို့မှု မှာ နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၆၈.၀၃၄ သန်း၊ ပုဂ္ဂလိက ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄၈.၃၆၀ သန်း၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၁၆.၃၉၄ သန်း တင်ပို့ရောင်းချပြီးဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

From : မဇ္ဈိမ

No comments:

Post a Comment