Tuesday, January 15, 2013

ကချင်မြေရောက် ရှမ်းတစ်ယောက်


စိုင်းနောင်၊ ဇန်နဝါရီ ၁၅။
ကျွန်တော်နာမည် စိုင်းနောင်ပါ. ကချင်ပြည်နယ်မှာ မွေး. ကချင်ပြည်နယ်မှာ ကြီးပြင်းခဲ့ရတဲ့ ရှမ်းတစ်ယောက်ပါ။ ကျွန်တော်တို့ ရွာပတ်ဝန်းကျင်မှာလည်း ရှမ်းရွာတွေနဲ့ ရှမ်းလူမျိုးတွေ အများစု နေထိုင်ကြပြီး ကချင်လူမျိုးတွေက လူနည်းစုပါ။ ကချင်ပြည်နယ်မှာ ငယ်ငယ်လေးကတည်းက အတူနေလာတော့ ကချင်ရယ် ရှမ်းရယ်ဆိုပြီး ခွဲခွဲခြားခြားမရှိပဲ အေးအတူပူအမျှ အတူနေလာခဲ့ကြတာ.. ဟိုး .ကျွန်တော်တို့ အဖေတို့ အမေတို့ ငယ်ငယ်ကတည်းကပါ။ ကျွန်တော် မှတ်မိရသလောက်ဆိုရင်
.ကျွန်တော်လူမှန်းစပြီး သိတတ်ကာစ အရွယ်ကတည်းက အဖေတို့ အမေတို့ ဒီနယ်မြေမှာ ကြီးစိုးနေတဲ့ KIA ကို ကြောက်ရပါတယ်။ ရွာမှာနေတဲ့လူတွေက ကိုယ်လုပ်တဲ့ လုပ်ငန်းအလိုက် ဆပ်ကြေးမှန် မှန်ပေးပြီး နေရပါတယ်။ ရိက္ခာနဲ့ လူသစ်တွေကိုလည်း မှန်မှန်ပေးရပါတယ်။ ကျွန်တော့အကိုနဲ့ ဦးလေးတွေ တုန်းကဆိုရင် KIA ထဲကို မဝင်ချင်တော့ တခြားလူနဲ့ အစားထိုးထည့်ပြီး ပိုက်ဆံပေးလိုက်ရတာကို မှတ်မိနေပါသေးတယ်။ သူတို့တွေ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားစဉ် ၁၇ နှစ်တာကာလအတွင်းမှာတော့ ဒီလိုနည်းတွေနဲ့ပဲ အေးအေးဆေးဆေးဖြစ်ခဲ့ပေမယ့် အစိုးရနဲ့ စစ်ပွဲတွေစတင်ဖြစ်ပွားချိန်ကစပြီး KIA ရဲ့ လုပ်ရပ်တွေက ပိုဆိုးလာပါတယ်။ ဆပ်ကြေးတောင်းတာတွေ၊ လူသစ်စုတာတွေနဲ့ ရိက္ခာထောက်ပံ့ပေးနေ ရတာတွေဟာ အရင်တုန်းကနဲ့ မတူတော့ပဲ အကြမ်းဖက်ဆန်ဆန် ခြိမ်းခြောက်လုပ်ကိုင်လာ တာတွေကြောင့် ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေရဲ့ ကိုယ်စားပြု တိုင်းလိုင်(ရှမ်းနီ)ပါတီကနေ KIA တို့ရဲ့ လုပ်ရပ်အပေါ် တိကျပြတ်သားတဲ့ ထုတ်ပြန်ချက်ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ပါတယ်…

 

အခုဆိုရင် ထုတ်ပြန်ချက်ထဲကထက်ပိုဆိုးနေပြီး ရထားလမ်း၊ ကားလမ်းနဲ့ တံတားတွေကို မိုင်းခွဲဖျက်ဆီးနေ တာနေ့စဉ်နေ့တိုင်းလိုလိုကြားသိနေရပါတယ်။ကျွန်တော်တို့ရွာထဲမှာဆိုရင် အရွယ်ကောင်း ယောက်ျားလေး၊ မိန်းကလေးတွေ မနေရဲတော့ပါဘူး။ KIA က ခေါ်သွားရင် ဘယ်တော့ ပြန်ရောက်လာ မှန်းမသိ၊ သေမှန်း မသိ ရှင်မှန်းမသိနဲ့.. ရွာထဲက လူကြီးတွေလည်း သူတို့ရဲ့ သားသမီးတွေကို KIA နဲ့ ဘေး ကင်းရာ ဆွေမျိုး နီးစပ်တဲ့ လူတွေဆီကို ပို့ပြီး နေနေကြရပါတယ်။ မိဘတွေက သားသမီးတွေအတွက် စိတ်ပူရ၊ သားသမီးတွေက မိဘအတွက် စိတ်ပူရနဲ့ ကိုယ့်ဝမ်းစာအတွက် ကိုယ် .ကောင်းကောင်းမွန်မွန် ရှာဖွေ စားသောက်လို့ မရတဲ့ဘဝဖြစ်နေပါပြီ။ သူတို့ KIA အဖွဲ့ကတော့ နှစ်ရှည်လများ ဆပ်ကြေးတွေကောက်ပြီး စားလို့သောက်လို့ ရနေပေမယ့် ဒေသခံတွေအားလုံးကတော့ ဒုက္ခရောက်နေကြရပါတယ်။
          ကျွန်တော်တို့တွေ ခံစားနေရတဲ့နာကျည်းချက်တွေက ကျွန်တော်တို့ ဒေသခံတွေ အသိဆုံးပါ. ``မီဒီယာတွေမှာ ဖော်ပြနေသလို KIA ဆိုတာ ကချင်ပြည်နယ်ကို ကိုယ်စားပြုတာမဟုတ်သလို ကချင်လူထုကောင်းစားရေးလည်း လုပ်နေတာမဟုတ်ပါဘူး။ လက်နက်အားကိုးပြီး ဒေသတွင်းမှာ အကြမ်းဖက်ဗိုလ်ကျနေတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ ဒါကို အခုအချိန်မှာ ကချင်ပြည်နယ်တစ်နယ်လုံးက လက်ခံထားကြတာဖြစ်ပါတယ်။`` အမှန်တကယ်တော့ KIA အဖွဲ့လို ကချင်ပြည်နယ်ကို အကျည်း တန်စေတဲ့ အကြမ်းဖက်အဖွဲ့ဟာ မရှိသင့်တော့ပါဘူး။ စစ်တပ်က အမြစ်ပြတ်တိုက်ခိုက်လိုက်မှသာ ကချင်ပြည်နယ်တစ်ခုလုံး အေးချမ်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် KIA အကြမ်းဖက်အဖွဲ့ကို  အမြစ်ပြတ် တိုက်ခိုက်ပေးပါလို့ ကချင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ ရှမ်းတိုင်းရင်းသားတစ်ယောက် အနေနဲ့ ကချင်လူထုကိုယ်စား  တောင်းဆိုလိုက်ရပါတယ်။

No comments:

Post a Comment