Tuesday, January 22, 2013

အီဂျစ် နိုင်ငံ ရဲစခန်း တစ်ခု၏ ပြင်ပတွင် တိုက်ခိုက်မှု ဖြစ်ပွား သေဆုံးသူ ငါးဦး အထိ မြင့်တက်

အီဂျစ် နိုင်ငံ ရဲစခန်း တစ်ခု၏ ပြင်ပတွင် တိုက်ခိုက်မှု ဖြစ်ပွား သေဆုံးသူ ငါးဦး အထိ မြင့်တက်

အီဂျစ် နိုင်ငံ ကွာလီအို ဘီးယား ရိုမာနိုရိတ် ဒေသရှိ ရဲစခန်း တစ်ခု၏ အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင် များနှင့် သတ်ဖြတ်ခြင်း ခံရသူ တစ်ဦး၏ ဆွေမျိုး သားချင်းများ အကြား တိုက်ခိုက်မှု ဖြစ်ပွားရာ သေဆုံးသူ ဦးရေမှာ ငါးဦး အထိ မြင့်တက်ခဲ့ပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ အမ်မက်အိုမားက ဆင်ဟွာ သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့၏ စစ်ဆင်ရေး တစ်ခုအတွင်း ရဲတပ်ဖွဲ့ဝင် များ၏ မှားယွင်း ပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ရာ ၎င်း၏ ဆွေမျိုးသားချင်း များက ဆန့်ကျင် ဆန္ဒပြရာ မှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဓိကရုဏ်း များကြောင့် ဒဏ်ရာ ရရှိသူ ၁၂ ဦးအား ဘက်တန်နှင့် နက်ဆာ ဆေးရုံများသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ငါးဦး အနက်တွင် ရဲအရာရှိ နှစ်ဦးနှင့် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူ တစ်ဦးတို့ ပါဝင်ခဲ့ ကြောင်း၊ အဆိုပါ ရဲစခန်း အနီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များကို တိုးမြှင့် ချထားခဲ့ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/4970-2013-01-22-09-04-31#.UP4hb528B8E

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အီဂျစ် နိုင်ငံ ကွာလီအိုဘီးယား ရိုမာနိုရိတ် ဒေသရှိ ရဲစခန်းတစ်ခု၏ အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် သတ်ဖြတ်ခြင်းခံရသူ တစ်ဦး ၏ ဆွေမျိုးသားချင်းများအကြား တိုက်ခိုက်မှု ဖြစ်ပွားရာ သေဆုံးသူ ဦးရေမှာ ငါးဦးအထိ မြင့်တက်ခဲ့ပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမ်မက်အိုမားက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သည့်ရဲတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုအတွင်း ရဲတပ် ဖွဲ့ဝင်များ၏ မှားယွင်းပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ရာ ၎င်း၏ ဆွေမျိုးသားချင်းများကဆန့်ကျင် ဆန္ဒပြရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဓိကရုဏ်းများကြောင့် ဒဏ်ရာရရှိသူ ၁၂ ဦးအား ဘက်တန်နှင့် နက်ဆာ ဆေးရုံများသို့ ပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။

သေဆုံးသူငါးဦးအနက်တွင် ရဲအရာရှိ နှစ်ဦးနှင့် စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းခံရသူတစ်ဦးတို့ ပါဝင်ခဲ့ ကြောင်း၊ အဆိုပါ ရဲစခန်းအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝငများကို တိုးမြှင့်ချထားခဲ့ကြောင်းသိရသည်။

  မြ၀တီ

No comments:

Post a Comment