Friday, January 18, 2013

မျက်လုံးပြူးသည့်အမျိုးသားများ ဆွဲအားပြင်းသည်ဟုဆို

ထိုအခြေအနေသည် အမျိုးသမီးများ လစဉ်ပုံမှန် ရာသီသွေးသား ပြောင်းလဲတတ်သည့် ကာလများ အတွင်း ပိုမိုထင်ရှား တတ်ကြောင်းလည်း သိရသည်။ အမျိုးသားများ၏ မျက်နှာကို အနေအထား(၃)မျိုးမှ ရိုက်ကူးထားပြီး အမျိုးသမီးများ၏ အမြင်ကို စနစ်တကျ စာရင်းပြုစု ကောက်ခံခဲ့ရာ အမျိုးသမီး များက ဆွဲဆောင်အား ကောင်းသည်ဟု သတ်မှတ်ခြင်း ကို ခံရသူအမျိုးသား အများစုသည် မျက်စိသူငယ်အိမ် ကျယ်ဝန်းနေသည်ကို ဆန်းစစ်တွေ့ရှိခဲ့ရသည်။ အမျိုးသမီးများသည် အမျိုးသားတစ်ဦးနှင့် မျက်လုံးချင်း ဆုံမိသည့်အခါ သူငယ်အိမ်ကျယ်ပြန့်သော အမျိုးသားများ၏ အတွင်းစိတ်ကို ကောင်းမွန်ဖြောင့်မှန်သည်ဟု အလိုလို လှုံ့ဆော် ယူဆပြီး အထင်ကြီးစိတ်လည်း ၀င်လာတတ်ကြောင်း ပညာရှင်များက ဆိုသည်။ ထို့ကြောင့်လည်း မသိစိတ်က အဆိုပါ အမျိုးသားအပေါ် အလိုလို တိမ်းညွတ်သွားတတ်ကြောင်း သုတေသီများက ရှင်းလင်းပြောဆိုသွားသည်။

From : ရိုးရာလေး  

No comments:

Post a Comment