Tuesday, January 22, 2013

၂၅ စီးသာထုတ်သော အီတလီ brand ပြိုင်ကား Pagani Zonda F

Photo: ၂၅ စီးသာထုတ်သော အီတလီ brand ပြိုင်ကား Pagani Zonda F 
Tuesday, January 22, 2013

Pagani Zonda စီးရီးကို ၁၉၉၉ ခုနှစ်ကနေထုတ်လုပ်ပြီး ၂၀၁၁ ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ အစီးရေ ၂၀၆ စီးပဲထုတ်လုပ်ဖို့
ယာထားပြီး ၂၀၁၁ခုနှစ်မှာ အပြီးသတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ Pagani Zonda စီးရီးထဲက ၂၅ စီး သီးသန့်ထုတ်လုပ်ခဲ့ တဲ့ ပြိုင်ကား တစ်စီးရှိပါတယ်။ Pagani Zonda F လို့အမည်ရပြီး ၂၀၀၆ခုနှစ်က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကျော် Brand များဖြစ်တဲ့ Lamborghini, Porsche, Ferrari တို့ကို စိန်ခေါ်လိုက်တဲ့ ကားပဲဖြစ်ပါတယ်။ 

ကမ္ဘာ့အမြန်ဆုံး ကားလို့ အမည်တွင်တဲ့ Bugatti Veyron နဲ့ ပြိုင်မောင်းတာ ၂.၅ ဆက္ကန့်နောက်ကျပြီး ပန်းဝင်တဲ့ ကားဖြစ်ပါတယ်။ သီအိုရီအရ တွက်ချက်ရင် ပိုမြန်တယ် ဆိုပေမယ့် Bugatti Veyron ကို မကျော်လွန်ခဲ့ ပါဘူး။ သို့ပေမယ့် ကမ္ဘာ့အမြန်ဆုံးနဲ့ ဈေး အကြီးဆုံး ကား ၁၀ စီးစာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

လေယာဉ်မြီး Aerodynamics ကို ပုံစံတစ်မျိုးနဲ့တပ်ဆင် ထားပေးပြီး
လေအဟုန်ကြားမှာ လျင်လျင်မြန်မြန်ရွေ့လျား မှာ ဖြစ်ပါတယ်။ Gound effect ကောင်းပြီး air flow ကို နောက်ပိုင်း diffuser နဲ့ ထိန်းပေးထားပါ တယ်။ လေ အဝင်ကို ရှေ့ပိုင်းမှ ပိုမိုရရှိစေတဲ့အတွက် Cooling system အတွက် စိတ်ချရမှာ ဖြစ်ပါတယ်။ မာစီဒီးကထုတ်တဲ့ ၇.၃လီတာ V ၁၂လုံးအင်ဂျင်ကို အသုံးပြီး ဘရိတ်မြင်းကောင်ရေအား BHP 620 အထိထုတ်ပေးနိုင် မှာ ဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ၁၂၃၀ ကီလိုဂရမ် သာရှိပြီး တိုက်တေနီယမ်နှင့် ဖိုက်ဘာ တို့နဲ့သာ တည်ဆောက်ထားတဲ့
ပြိုင်ကားဖြစ်ပါတယ်။ ကာဘွန်ဖိုက် ဘာအမိုးကို လိုသလို ဖွင့်ပိတ်
ဲပြုလုပ်နိုင်ပါ တယ်။

အမြင့်ဆုံး speed တစ်နာရီ ၂၁၅ မိုင်နဲ့ အထက်မှာ ရှိပြီး ဂီယာ ၆ချက်ထိုး Manual အမျိုးအစား ဖြစ်ပါ တယ်။ နှစ်ယောက်စီးပြိုင်ကား Super Sport Coupe ဖြစ် တဲ့အတွက် အတွင်းအပြင် တည်ဆောက်ထားမှုက သားနားနေပါတယ်။ အရှည် ၁၇၄ လက်မကျော်သာရှိပြီး ၄၄.၉ လက်မအမြင့်ရှိပါတယ်။ ၂၅ စီးသာထုတ်တဲ့ Pagani Zonda F ကို အမေရိကန်ဒေါ်လာ ၆သိန်း ၆သောင်း ၇ထောင် (၆၆၇၀၀၀) နဲ့အထက်မှာ ရောင်းချတဲ့အတွက် ကမ္ဘာ့ဈေးအကြီးဆုံး ၁၀စီးစာရင်းမှ
နံပါတ် ၈ မှာရှိနေတဲ့ ကားဖြစ်ပါတယ်။

http://www.colayonline.com.mm/automobile/
ColayOnline:Automobile
Pagani Zonda စီးရီးကို ၁၉၉၉ ခုနှစ်ကနေထုတ်လုပ်ပြီး ၂၀၁၁ ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာအစီးရေ ၂၀၆ စီးပဲထုတ်လုပ်ဖို့ ယာ ထားပြီး ၂၀၁၁ခုနှစ်မှာ အပြီးသတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီ Pagani Zonda စီးရီးထဲက ၂၅ စီး သီးသန့်ထုတ်လုပ်ခဲ့တဲ့ ပြိုင် ကား တစ်စီးရှိပါတယ်။ Pagani Zonda F လို့အမည်ရပြီး ၂၀၀၆ခုနှစ်က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကျော် Brand များဖြစ်တဲ့ Lamborghini, Porsche, Ferrari တို့ကို စိန်ခေါ်လိုက်တဲ့ ကားပဲဖြစ်ပါ တယ်။

ကမ္ဘာ့အမြန်ဆုံးကားလို့ အမည်တွင်တဲ့ Bugatti Veyron နဲ့ ပြိုင်မောင်းတာ ၂.၅ ဆက္ကန့်နောက်ကျပြီး ပန်း ဝင်တဲ့ကားဖြစ်ပါတယ်။ သီအိုရီအရ တွက်ချက်ရင် ပိုမြန်တယ်ဆိုပေမယ့် Bugatti Veyron ကို မကျော် လွန်ခဲ့ပါဘူး။ သို့ပေမယ့် ကမ္ဘာ့အမြန်ဆုံးနဲ့ ဈေးအကြီးဆုံး ကား ၁၀ စီးစာရင်းထဲမှာပါဝင်နေဆဲ ဖြစ်ပါတယ်။

လေယာဉ်မြီး Aerodynamics ကို ပုံစံတစ်မျိုးနဲ့တပ်ဆင် ထားပေးပြီးလေအဟုန်ကြားမှာ လျင် လျင်မြန်မြန်ရွေ့လျားမှာ ဖြစ်ပါတယ်။ Gound effect ကောင်းပြီး air flow ကို နောက်ပိုင်း diffuser နဲ့ ထိန်းပေးထားပါတယ်။ လေအဝင်ကို ရှေ့ပိုင်းမှ ပိုမိုရရှိစေတဲ့အတွက် Cooling system အတွက်စိတ်ချ ရမှာ ဖြစ်ပါတယ်။ မာစီဒီးကထုတ်တဲ့ ၇.၃လီတာ V ၁၂လုံးအင်ဂျင်ကို အသုံးပြီး ဘရိတ်မြင်းကောင်ရေအား BHP 620 အထိထုတ်ပေးနိုင် မှာ ဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ၁၂၃၀ ကီလိုဂရမ်သာရှိပြီး တိုက်တေ နီယမ်နှင့် ဖိုက်ဘာတို့နဲ့သာ တည်ဆောက်ထားတဲ့ပြိုင်ကားဖြစ်ပါတယ်။ ကာဘွန်ဖိုက် ဘာအမိုးကို လိုသလို ဖွင့်ပိတ်ဲပြုလုပ်နိုင်ပါ တယ်။
အမြင့်ဆုံး speed တစ်နာရီ ၂၁၅ မိုင်နဲ့အထက်မှာရှိပြီး ဂီယာ ၆ချက်ထိုး Manual အမျိုးအစား ဖြစ်ပါ တယ်။ နှစ်ယောက်စီးပြိုင်ကား Super Sport Coupe ဖြစ်တဲ့အတွက် အတွင်းအပြင် တည်ဆောက် ထားမှု ကသားနားနေပါတယ်။ အရှည် ၁၇၄ လက်မကျော်သာရှိပြီး ၄၄.၉ လက်မအမြင့်ရှိပါတယ်။ ၂၅ စီးသာထုတ်တဲ့ Pagani Zonda F ကို အမေရိကန်ဒေါ်လာ ၆သိန်း ၆သောင်း ၇ထောင် (၆၆၇၀၀၀) နဲ့အထက်မှာ ရောင်းချတဲ့အတွက် ကမ္ဘာ့ဈေးအကြီးဆုံး ၁၀စီးစာရင်းမှနံပါတ် ၈ မှာရှိနေတဲ့ ကားဖြစ်ပါတယ်။

ColayOnline:Automobile

No comments:

Post a Comment