ဟွန်ဒါ ဂီယာလို့ အမည်ပေးထားတဲ့ကား ဖြစ်ပါတယ်။ တံခါး နှစ်ပေါက် သို့မဟုတ် သုံပေါက်ပဲပါမယ့်ကား ဖြစ်ပါတယ်။
အရွယ်ကလည်းပုံမှာ မြင်ရတဲ့အတိုင်း ခပ်သေးသေးဆိုတော့ အမြန်မောင်းဖို့ရည်ရွယ်တဲ့ ကားမဟုတ်တာတော့သေချာပါတယ်။ ပြိုင် ကားသေးတာနဲ့ Honda Gear ရဲ့  သေးပုံသေးနည်းကမတူပါဘူး။ အသက် ငယ်ငယ် Young Generation တွေအတွက် ရည်ရွယ်တဲ့ ကား လို့ဆိုပါတယ်။ လောင်စာဆီမသုံးပဲ လျှပ်စစ်စွမ်းအင်သို့တည်း မဟုတ် နှစ် မျိုးရောသုံးမယ့်ဟိုင်းဘရစ် ပါဝါနဲ့ မြင်တွေ့ရပါမယ်။
ဒီဇိုင်းကိုလည်း ဂျပန်ဟွန်ဒါမှရေးဆွဲထားခြင်း ဖြစ်ပြီးလာမယ့်ကားပြပွဲတွေမှာဆက်တိုက်ပြသမှာ ဖြစ်ပါ တယ်။ ထွက်ရှိမယ့် အချိန်ကို ပြောမထားပေမယ့် နောက်နှစ်တွေထဲမှာ ဖြစ်လာမယ်လို့ ခန့်မှန်းထား ကြကြောင်း သိရပါတယ်။
ColayOnline:Automobile
No comments:
Post a Comment