Tuesday, January 29, 2013

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် ကေအိုင်အေနှင့် တိုက်ပွဲဆင်နွှဲနေ သည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် များအား အပင်ပန်း အဆင်းရဲ ခံပြီး တာဝန်ကျေပွန်မှုများကြောင့် စစ်မြေပြင် အဆင့်တိုး( Jump Promotion) ပေးအပ် ချီးမြှင့်သွား မည်


မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် ကေအိုင်အေနှင့်
တိုက်ပွဲဆင်နွှဲနေ သည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်
များအား အပင်ပန်း အဆင်းရဲ ခံပြီး တာဝန်ကျေပွန်မှုများကြောင့်
စစ်မြေပြင် အဆင့်တိုး( Jump Promotion) ပေးအပ် ချီးမြှင့်သွား မည် ဖြစ်ကြောင်း သိရသည်။

တိုင်းပြည် ငြိမ်းချမ်းရေးအတွက် ပေးအပ်သည့်
တာဝန်ကို အသက်စွန့်ထမ်းဆောင်သည့် အတွက်
အဆိုပါ တိုက်ပွဲ ၀င် တပ်မတော်သားများအား လေးစား
ဂုဏ်ယူစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။

တိုက်ပွဲတိုင်း အောင်ပန်းဆွတ်ခူးနိုင်ပါစေ။

စစ်ရေးစွမ်းရည်ထူးချွန်မှုကြောင့် ၂၈-၁-၂၀၁၃ ရက်နေ့တွင် အောက်ပါအရာရှိများအား ယာယီတပ်ခွဲမှူး
(ဗိုလ်မှူး)အဖြစ် အဆင့်တိုးမြင့်ပေးလိုက်သည်-

ကြည်း ၄၀၈၀၇ ဗက မင်းသန့် (ခမရ-၃၁၇ မှ ခလရ-၉၁)၊
ကြည်း ၄၂၂၃၅ ဗက ၀င်းထွေးအောင် (ခမရ-၆၀၂ မှ ခမရ-၅၃၂)၊
ကြည်း ၄၁၁၈၂ ဗက ဇင်မင်းကို ( ခမရ-၃၁၇ မှ ခလရ-၁၈)၊
ကြည်း ၄၀၄၁၀ ဗက နေအောင် (ခမရ-၄၁၅ မှ ခလရ-၃၆)၊
ကြည်း ၄၁၀၂၄ ဗက ထက်ခိုင်အောင် (ခမရ-၆၀၂ မှ ခလရ-၃၈)၊
ကြည်း ၄၁၅၄၅ ဗက စိုးဝေအောင် (ခမရ-၆၀၂ မှ ခလရ-၉၈) ။

ယနေ့ စစ်မြေပြင် အဆင့်တိုးရာထူးများ ချီးမြှင့်မှုတွင် အရာရှိနာမည်အချို့သာ ဖော်ပြသည့်အတွက် အခြား
အဆင့် စစ်သည်များ မပါဟု ထင်မှတ်မှားနိုင်ပါသည်။

တိုင်းပြည်တာဝန် ထမ်းဆောင်ရာတွင် တာဝန်ကျေ ပွန် မှုနှင့် အနစ်နာခံ ပေးဆပ်မှု တို့အပေါ်တွင် အထက်လူကြီးများမှ နားလည်ဂုဏ်ယူစွာဖြင့် တစ်ဆင့်မြင့် ရာထူး များ ပေးအပ်ခြင်း
့ဖြစ်ပါသည်။ တပ်မတော် အက်ဥပဒေအရ ပြန်တမ်းဝင် အရာရှိများ ရာထူး တိုးမြှင့် မှု ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)မှ ဆုံးဖြတ်ပြီး အခြား အဆင့် အရာခံများကို စစ်ရေးချုပ် မှ ပေးအပ် ပိုင်ခွင့် ရှိသည်ဟု သိရပါသည်။

အကြပ်အဆင့် သို့ တိုးမြှင့်ခြင်းကို တပ်ရင်းမှူးမှ တိုင်းမှူး အဆင့်ထိ စစ်မြေပြင် တွင် တိုက်ရိုက် တိုးပေးနိုင်ပါသည်။ ယနေ့ စစ်မြေပြင်မှ အခြားအဆင့် စစ်သည်များအားလည်း တစ်ဆင့်မြင့် ရာထူးများ၊ အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုများ ချီးမြှင့်ခဲ့သည်ဟု သိရပါသည်။

No comments:

Post a Comment