Wednesday, January 23, 2013

မြစ်ကြီးနား မှ ပူတာအိုသို့ ကုန်ပစ္စည်း ပို့ဆောင်သည့် ယာဉ်တန်း အား KIA မှ ခြုံခို တိုက်ခိုက်

Photo: မြစ်ကြီးနား မှ ပူတာအိုသို့ ကုန်ပစ္စည်း ပို့ဆောင်သည့် ယာဉ်တန်း အား
KIA မှ ခြုံခို တိုက်ခိုက် 
Wednesday, January 23, 2013

ကချင်ပြည်နယ် ပူတာအို ဒေသရှိ ဌာနဆိုင်ရာ များနှင့် ဒေသခံ 
တိုင်းရင်း သားများ အတွက် လိုအပ်သော ရိက္ခာ၊ စားကုန်နှင့် လူသုံးကုန် ပစ္စည်းများ  ပေးပို့သည့် ယာဉ်တန်းအား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် KIA အကြမ်းဖက် သောင်းကျန်းသူ ၅ဝ ခန့်က ခြုံခို တိုက်ခိုက် ခဲ့သည်။ တိုက်ခိုက် မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် အချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ် ၁ စီး ပျက်စီး ခဲ့ကြောင်း သိရှိ ရသည်။

အလားတူ ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၁ နာရီခန့် တွင်လည်း ပူတာအို ဒေသ တိုင်းရင်းသားများ အတွက် ကုန်စည် ပို့ဆောင်ပေးသည့်  အရပ်ဘက် ကုန်စည် ပို့ဆောင်ရေး ယာဉ်တန်းအား လမ်းလုံခြုံရေး
ဆောင်ရွက်ပေးရန် နယ်မြေ ရှင်းလင်းသည့် တပ်မတော် စစ်ကြောင်း တစ်ကြောင်းအား ခြုံခို တိုက်ခိုက် သဖြင့် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး KIA အကြမ်းဖက် သောင်းကျန်း သူများသည် အရှေ့ဘက်နှင့် အရှေ့ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။

မြစ်ကြီးနား- ပူတာအို လမ်းကြောင်း တစ်လျှောက် ကုန်ပစ္စည်း ပို့ဆောင်စဉ် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ အထိ KIA အကြမ်းဖက် သောင်း ကျန်းသူ အဖွဲ့မှ နှောင့်ယှက် တိုက်ခိုက်မှု ၁၆ ကြိမ်မြောက် ဖြစ်သကဲ့သို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂ဝ၁၃) ထုတ်ပြန် ပြီးနောက် KIA အဖွဲ့ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် ပစ်မှတ် များအား ၈ ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။  


ဲမြ၀တီ
ဓာတ်ပုံ - မြစ်ကြီးနား မှ ပူတာအို သို့ ကုန်ပစ္စည်းများ ပို့ဆောင်သည့် 
ယာဉ်တန်းအား KIA မှ ခြုံခို တိုက်ခိုက်သည့် နေရာပြ မြေပုံ
ကချင်ပြည်နယ် ပူတာအို ဒေသရှိ ဌာနဆိုင်ရာ များနှင့် ဒေသခံတိုင်းရင်း သားများအတွက် လိုအပ်သော ရိက္ခာ၊ စားကုန်နှင့် လူသုံးကုန် ပစ္စည်းများပေးပို့သည့်ယာဉ်တန်းအား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် KIA အကြမ်းဖက် သောင်းကျန်းသူ ၅ဝ ခန့်က ခြုံခို တိုက်ခိုက် ခဲ့သည်။ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ် ၁ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၁ နာရီခန့် တွင်လည်း ပူတာအို ဒေသ တိုင်းရင်းသားများအတွက် ကုန်စည် ပို့ဆောင်ပေးသည့် အရပ်ဘက်ကုန်စည်ပို့ဆောင်ရေး ယာဉ်တန်းအား လမ်း လုံခြုံရေးဆောင် ရွက်ပေးရန် နယ်မြေရှင်းလင်းသည့် တပ်မတော်စစ်ကြောင်း တစ်ကြောင်းအား ခြုံခိုတိုက်ခိုက်သဖြင့် အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး KIA အကြမ်းဖက် သောင်းကျန်းသူများသည် အရှေ့ဘက်နှင့် အရှေ့ တောင် ဘက် သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

မြစ်ကြီးနား- ပူတာအို လမ်းကြောင်း တစ်လျှောက် ကုန်ပစ္စည်းပို့ဆောင်စဉ် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ အထိ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ နှောင့်ယှက် တိုက်ခိုက်မှု ၁၆ ကြိမ်မြောက်ဖြစ်သကဲ့သို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်ချက် (၃/၂ဝ၁၃) ထုတ်ပြန် ပြီးနောက် KIA အဖွဲ့အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား ၈ ကြိမ်မြောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။


ဲမြ၀တီ

No comments:

Post a Comment