ဝိုင်းမော်မြို့နယ် ဆမားဟော်ရွာသို့ ဇန်န၀ါရီလ ၂၁ရက်နေ့ည ၉ နာရီလောက်တွင်
KIA လုံထန်စခန်းမှ အဖွဲ့တွေရောက်ရှိလာပြီး ရွာ မှ ဒေသခံရွာသား တွေကို
ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရှိရပါ သည်။ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသောရွာသားများသည် လီဆူး အမျိုးသားအသက် ၁၈ နှစ်မှ ၄၀ ကြား လူငယ်လူလတ်ပိုင်း
များဖြစ်ကြောင်း ၊ ဖမ်းဆီးသွားသူများကို သူတို့၏ လုံထန်စခန်းသို့
ခေါ်ဆောင်သွားသည်ဟု သိရှိရသည်။
လုံထန်စခန်းမှ KIA တပ်သားတစ်ဦးမှ
ရွာမှ လီဆူးအဖိုးအိုကို ပြောဆို မှုအရ သူတို့စခန်းက လူတွေကို
ထပ်မံစုဆောင်းခြင်း များကို ထပ်မံပြုလုပ် မည်ဖြစ်ပြီး စုဆောင်းရရှိသည့်
လူသစ်များကို သူတို့တပ်ရင်း ၃ အနီးတွင် သင်တန်းဖွင့်လှစ်
မည်ဖြစ်ကြောင်းသိရှိရသည်။ အစိုးရတပ်နှင့် KIA တို့၏ တိုက်ပွဲများတွင် KIA
ဘက်မှထိခိုက်ကျဆုံးမှုတွေများပြား နေခြင်း ကြောင့် တပ်သားသစ်တွေလိုအပ်မှုကိုအမြန်ဆုံး ဖြည့်တင်းရန် အတွက် ဗဟိုလူသစ်များကို အမြန်ဆုံးနှင့်အများဆုံးရအောင်စုဆောင်းဖို့ အမိန့်ထုတ်ထားသည့်အတွက် လူသစ်များကို အမြန်စု
ဆောင်နေ ရခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့ပါသည်။
ဝိုင်းမော်မြို့နယ် ဆမားဟော်ရွာသို့ ဇန်န၀ါရီလ ၂၁ရက်နေ့ည ၉ နာရီလောက်တွင် KIA လုံထန်စခန်းမှ အဖွဲ့တွေရောက်ရှိလာပြီး ရွာ မှ ဒေသခံရွာသား တွေကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရှိရပါ သည်။ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသောရွာသားများသည် လီဆူး အမျိုးသားအသက် ၁၈ နှစ်မှ ၄၀ ကြား လူငယ်လူလတ်ပိုင်း များဖြစ်ကြောင်း ၊ ဖမ်းဆီးသွားသူများကို သူတို့၏ လုံထန်စခန်းသို့ ခေါ်ဆောင်သွားသည်ဟု သိရှိရသည်။
လုံထန်စခန်းမှ KIA တပ်သားတစ်ဦးမှ ရွာမှ လီဆူးအဖိုးအိုကို ပြောဆို မှုအရ သူတို့စခန်းက လူတွေကို ထပ်မံစုဆောင်းခြင်း များကို ထပ်မံပြုလုပ် မည်ဖြစ်ပြီး စုဆောင်းရရှိသည့် လူသစ်များကို သူတို့တပ်ရင်း ၃ အနီးတွင် သင်တန်းဖွင့်လှစ် မည်ဖြစ်ကြောင်းသိရှိရသည်။ အစိုးရတပ်နှင့် KIA တို့၏ တိုက်ပွဲများတွင် KIA ဘက်မှထိခိုက်ကျဆုံးမှုတွေများပြား နေခြင်း ကြောင့် တပ်သားသစ်တွေလိုအပ်မှုကိုအမြန်ဆုံး ဖြည့်တင်းရန် အတွက် ဗဟိုလူသစ်များကို အမြန်ဆုံးနှင့်အများဆုံးရအောင်စုဆောင်းဖို့ အမိန့်ထုတ်ထားသည့်အတွက် လူသစ်များကို အမြန်စု ဆောင်နေ ရခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့ပါသည်။
No comments:
Post a Comment