Thursday, January 24, 2013

အမေရိကန် သမ္မတ အိုဘားမားက စစ်မက် မရှိသော မိတ်ဖက် ပူးပေါင်းမှု လုပ်ဆောင် သွားမည်ဟု ကတိပြု ခဲ့ခြင်း

အမေရိကန် သမ္မတ အိုဘားမားက စစ်မက် မရှိသော မိတ်ဖက် ပူးပေါင်းမှု လုပ်ဆောင် သွားမည်ဟု ကတိပြု ခဲ့ခြင်း

 
အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အမေရိကန် နိုင်ငံ အနေဖြင့် ကမ္ဘာ တစ်ဝန်းတွင် ခိုင်မာသော မိတ်ဖက် ပူးပေါင်းမှုများ တိုးပွား စေရေးနှင့် စစ်မက် မရှိသော လုံခြုံမှု ဖော်ဆောင်ရေး တို့အတွက် ကတိပြုကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်သော ဒုတိယ အကြိမ် သမ္မတ သက်တမ်း ရာထူး အပ်နှင်းသည့် အခမ်း အနားတွင် ပြောကြား ခဲ့သည်ဟု Newsnow သတင်းတစ်ရပ် အရ သိရှိ ရပါသည်။

အမေရိကန် နိုင်ငံသည် ကမ္ဘာ တစ်ဝန်းတွင် ခိုင်မာသော မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှုများ ဖော်ဆောင် နိုင်ရေး အတွက် အလေးထား ဆက်လက်ထိန်းသိမ်း ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ အင်အားကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်ရေးထက် ငြိမ်းချမ်းသော ကမ္ဘာတွင် မည်သူ တစ်ဦး တစ်ယောက်မျှ မနစ်နာ စေရေး အတွက် ပဋိပက္ခများကို ပိုမိုကိုင်တွယ် ဖြေရှင်း ပေးနိုင်စွမ်း ရှိသော မိတ်ဖက် အဖွဲ့အစည်းများ တိုးချဲ့ ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း အိုဘားမားက ပြောကြား ခဲ့ပါသည်။ အမေရိကန် ပြည်သူများ သည် လုံခြုံ ငြိမ်းချမ်းမှု သေချာ ခိုင်မာစေရေး အတွက် စစ်ပွဲများ ဆင်နွှဲနေရန် မလိုအပ်ဟု ယုံကြည် ထားကြောင်း အီရတ် စစ်ပွဲ ပြီးဆုံးမှုနှင့် အာဖဂန်မှ အမေရိကန် တပ်ဖွဲ့များ ရုပ်သိမ်းမည့် ကိစ္စတို့ကို ရည်ညွှန်း၍ အိုဘားမားက ပြောကြား ခဲ့ပါသည်။ 

ထို့အပြင် အိုဘားမားသည် အာရှ၊ အာဖရိက၊ အမေရိကနှင့် အရှေ့ အလယ်ပိုင်း ဒေသတို့တွင် ဒီမိုကရေစီ ဖော်ဆောင်မှု များကို ထောက်ကူ ပေးသွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြား ခဲ့ပါသည်။ တရုတ်နိုင်ငံ အနေအဖြင့် ဒေသတွင်း အင်အား ကြီးထွား လာလျက် ရှိစဉ် အိုဘားမား အစိုးရသည် အာရှ ဒေသရှိ မိတ်ဖက် နိုင်ငံများနှင့် ဆက်ဆံမှု ခိုင်မာရေး အလေးထား ဆောင်ရွက်လျက် ရှိသည်ဟု သိရှိ ရပါ သည်။

http://www.myawady.net.mm/allnews/global/item/5166-2013-01-23-22-30-15#.UQDrB528B8E
အမေရိကန်သမ္မတဘားရက်အိုဘားမားက အမေရိကန် နိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ခိုင်မာသော မိတ်ဖက်ပူးပေါင်းမှုများ တိုး ပွား စေရေးနှင့် စစ်မက်မရှိသော လုံခြုံမှု ဖော်ဆောင်ရေးတို့ အတွက် ကတိပြုကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်သော ဒုတိယ အကြိမ် သမ္မတသက်တမ်း ရာထူးအပ်နှင်းသည့် အခမ်းအနား တွင် ပြောကြားခဲ့သည်ဟု Newsnow သတင်းတစ်ရပ် အရ သိရှိ ရပါသည်။

အမေရိကန် နိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ခိုင်မာသောမိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု များ ဖော်ဆောင် နိုင်ရေးအတွက် အလေးထားဆက်လက်ထိန်းသိမ်း ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်ရေးထက် ငြိမ်းချမ်းသောကမ္ဘာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မနစ် နာ စေရေးအတွက် ပဋိပက္ခများကို ပိုမိုကိုင်တွယ် ဖြေရှင်း ပေးနိုင်စွမ်းရှိသော မိတ်ဖက်အဖွဲ့အစည်းများ တိုးချဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့ပါသည်။ အမေရိကန် ပြည်သူများ သည် လုံခြုံ ငြိမ်းချမ်းမှု သေချာ ခိုင်မာစေရေး အတွက် စစ်ပွဲများ ဆင်နွှဲနေရန် မလိုအပ်ဟု ယုံကြည် ထားကြောင်း အီရတ်စစ်ပွဲ ပြီးဆုံးမှုနှင့်အာဖဂန်မှအမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမည့်ကိစ္စတို့ကို ရည်ညွှန်း၍ အိုဘားမား က ပြောကြား ခဲ့ပါသည်။

ထို့အပြင် အိုဘားမားသည် အာရှ၊ အာဖရိက၊ အမေရိကနှင့် အရှေ့အလယ်ပိုင်း ဒေသတို့တွင် ဒီမို ကရေစီ ဖော်ဆောင်မှုများကို ထောက်ကူ ပေးသွားမည် ဖြစ်ကြောင်းကတိပြု ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ အနေအဖြင့် ဒေသတွင်း အင်အားကြီးထွားလာလျက်ရှိစဉ် အိုဘားမားအစိုးရသည် အာရှ ဒေ သရှိ မိတ်ဖက် နိုင်ငံများနှင့် ဆက်ဆံမှုခိုင်မာရေး အလေးထား ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါသည်။
မြ၀တီ


No comments:

Post a Comment