KIA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် စစ်ရေးနှင့် မသက် ဆိုင်သည့်နေရာများ၊ အပြစ်မဲ့ ပြည်သူများနှင့် ဒေသ တည် ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အဆက်မပြတ်တိုက်ခိုက်မှုများကို မလို လားသော၊ လက်မခံ နိုင်သော ဒေသခံ
ပြည်သူများ၏သတင်းပေးမှုအရ နယ်မြေခံတပ်မတော်လှုပ်ရှား စစ်ကြောင်းနှင့်
နယ်မြေခံ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက် ည
၉ နာရီ ၂၅ မိနစ် ခန့်က မုံးယား/ မုံးဟောင် နယ်မြေအတွင်း ရှင်းလင်းခဲ့ရာ
KIA အကြမ်းဖက် သောင်းကျန်းသူများ၏ လျှို့ဝှက်သိမ်းဆည်းထားသည့် လက်နက်မျိုးစုံ ၁ဝ လက်အား ဖော်ထုတ်သိမ်းဆည်းရရှိခဲ့သည်။
ဒေသခံ ပြည်သူများအနေဖြင့် KIA အကြမ်းဖက် သောင်းကျန်းသူများ၏
လုပ်ရပ်များအပေါ် မကျေနပ် ချက်များ၊ စက်ဆုပ်ရွံရှာမှုများ
ဖြစ်ပေါ်လျက်ရှိသဖြင့်
နယ်မြေခံတပ်မတော်စစ်ကြောင်းများ၊ နယ်မြေခံ ပြည် သူ့စစ်များနှင့်
ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။
မြ၀တီ

No comments:
Post a Comment