Saturday, January 19, 2013

ဖားကန့်မြို့ပေါ် အရပ်သားနေအိမ်ကို အသုံးပြုပြီး တိုက်ခိုက်သော KIA အထိနာသွား၊ အရပ်သားဟု လိမ်လည်ကာ ဒဏ်ရာရ သူမှ ဖားကန့်ဆေးရုံတွင် ဆေးကုသခံယူနေ

Photo: ဖားကန့်မြို့ပေါ် အရပ်သားနေအိမ်ကို အသုံးပြုပြီး တိုက်ခိုက်သော 
KIA အထိနာသွား၊ အရပ်သားဟု လိမ်လည်ကာ ဒဏ်ရာရ သူမှ ဖားကန့်ဆေးရုံတွင် ဆေးကုသခံယူနေ
Saturday, January 19, 2013

ဖားကန့်မြို့ပေါ် စမ်းသီတာရပ်ကွက်သို့ (၁၈-၁-၂၀၁၃)ရက်နေ့ ညပိုင်း (၁၀၀၀)ချိန်ခန့်တွင် KIA အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင်စီစစ်ဆဲ အင်အား(၁၀)ဦးရောက်ရှိလာကြောင်း၊ စမ်းသီတာ ရပ်ကွက်အတွင်း
နေထိုင်သော ကိုအောင်စိုးလွင်နှင့်ဒေါ်အာပူ နေအိမ်သို့ ရောက်ရှိလာပြီး
နေအိမ်ပေါ်မှ လူများ အောက်သို့ဆင်းကာ ဖယ်ရှားပေးရန် ပြောဆိုခဲ့ပါသည်။

၎င်းနောက် အဆိုပါ KIA အကြမ်းဖက်သောင်းကျန်းသူများသည် နေအိမ်
ပြတင်းပေါက်မှ လှမ်းမြင်တွေ့ရသော တပ်မတော် စခန်းကုန်း ရတခလ(၂၂၉)၊ ခန္တီး အခြေစိုက် တပ်ခွဲအဆင့်ထိုင် စခန်းကုန်းကို လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

KIA အကြမ်းဖက်သောင်းကျန်းသူများသည် ဖားကန့်မြို့ပေါ်အတွင်း
အေးချမ်းစွာ နေထိုင်လိုသော တိုင်းရင်းသားများအား ခုတုံးလုပ်ကာ တပ်မတော် စစ်ကြောင်းကို တိုက်ခိုက်ခြင်းသည် လွန်စွာမှပင် သေးသိမ့် သည့် တိုက်ကွက်ဖေါ်မှု တစ်ခုသာ ဖြစ်ပါသည်။ တပ်မတော် စစ်ကြောင်းမှ အရပ်သားများနေအိမ်မှ စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်နေသည့် အတွက် ပြန်လည် ပစ်ခတ်ရန် တုံ့ဆိုင်းနေကြောင်း သိရှိရပါသည်။ 
သို့သော် လက်နက်ငယ်များအပြင် အဆိုပါခြံဝန်းအတွင်းမှ RPJ ဖြင့် KIA အကြမ်းဖက်သောင်းကျန်းသူများမှ တိုက်ခိုက်လာသောအခါ စခန်းကုန်းမှ
 ၆၀ မမ စိန်ပြောင်းဖြင့် အဆိုပါ နေအိမ်သို့ ပြန်လည်ချိန်ရွယ် ကာ (၂)လုံးပစ်ခတ်ခဲ့ရကြောင်း သိရှိရပါသည်။

တပ်စခန်းကုန်းမှ မလွှဲမရှောင်သာ ပြန်လည် ပစ်ခတ်သည့် ၆၀ မမဗုံးသီး တစ်လုံးသည် ရန်သူခိုအောင်းနေသော နေအိမ်ပေါ်သို့တည်မတ်စွာ ကျရောက်ခဲ့သည့်အတွက် KIA အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာ ထွက်ပြေးသွားကြောင်းနှင့် တိုက်ပွဲတွင် တပ်မတော်မှ ထိခိုက်မှုမရှိ အရပ်သားနေအိမ်အား ခုတုံးလုပ်တိုက်ခိုက်သော KIA အကြမ်းဖက်
သောင်းကျန်းသူများထဲမှ ဇော်ဒိန်း(၂၃)နှစ်၊ (ဘ) ဦးနော်ဆိုင်း သည် ယာပေါင်၊ ယာလက်နှင့် ၀မ်းဗိုလ်များတွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ
ရရှိသွားကြောင်း သိရှိရပါသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသွားသည့် KIA အကြမ်းဖက်သောင်းကျန်းသူ
ဇော်ဒိန်း(၂၃)နှစ်အား ရပ်ကွက်အတွင်းမှ ဂျိန်းဖေါ်တိုင်းရင်းသား တစ်ချို့မှ အရပ်သားဟု လိမ်လည်ကာ ဖားကန့် ဆေးရုံသို့ ယနေ့ (၁၉-၁-၂၀၁၃)
ရက်နေ့ (၀၈၀၀)ချိန်တွင် ဆေးဝါးကုသစေရန် တင်ပို့ထားကြောင်း သိရှိရပါသည်။

(ခေတ်သစ်) ဖားကန့်မြို့ပေါ် စမ်းသီတာရပ်ကွက်သို့ (၁၈-၁-၂၀၁၃)ရက်နေ့ ညပိုင်း (၁၀၀၀)ချိန်ခန့်တွင် KIA အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင် စီစစ်ဆဲ အင်အား(၁၀)ဦးရောက်ရှိလာကြောင်း၊ စမ်းသီတာ ရပ်ကွက်အတွင်းနေထိုင်သော ကိုအောင်စိုးလွင်နှင့် ဒေါ်အာပူ နေအိမ် သို့ ရောက် ရှိလာပြီး နေအိမ်ပေါ်မှ လူများ အောက်သို့ဆင်းကာ ဖယ်ရှားပေးရန် ပြောဆိုခဲ့ပါသည်။

၎င်းနောက် အဆိုပါ KIA အကြမ်းဖက်သောင်းကျန်းသူများသည်နအိမ်ပြတင်းပေါက်မှ လှမ်းမြင်တွေ့ရသော တပ်မတော်စခန်းကုန်း ရတခလ(၂၂၉)၊ ခန္တီးအခြေစိုက် တပ်ခွဲအဆင့်ထိုင် စခန်းကုန်းကို လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

KIA အကြမ်းဖက်သောင်းကျန်းသူများသည် ဖားကန့်မြို့ပေါ်အတွင်း အေးချမ်းစွာ နေထိုင်လိုသော တိုင်းရင်းသားများအား ခုတုံးလုပ်ကာ တပ်မတော် စစ်ကြောင်းကို တိုက်ခိုက်ခြင်းသည် လွန်စွာမှပင် သေးသိမ့်သည့် တိုက်ကွက်ဖေါ်မှု တစ်ခုသာဖစ်ပါသည်။ တပ်မတော် စစ်ကြောင်းမှ အရပ်သားများနေအိမ်မှ စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် ပြန်လည် ပစ်ခတ်ရန် တုံ့ဆိုင်းနေကြောင်း သိရှိရပါသည်။ 

သို့သော် လက်နက်ငယ်များအပြင် အဆိုပါခြံဝန်းအတွင်းမှ RPJ ဖြင့် KIA အကြမ်းဖက်သောင်းကျန်းသူ များမှ တိုက်ခိုက်လာသောအခါ စခန်းကုန်းမှ ၆၀ မမ စိန်ပြောင်းဖြင့် အဆိုပါ နေအိမ်သို့ ပြန်လည်ချိန်ရွယ် ကာ (၂)လုံးပစ်ခတ်ခဲ့ရကြောင်း သိရှိရပါသည်။

တပ်စခန်းကုန်းမှ မလွှဲမရှောင်သာ ပြန်လည် ပစ်ခတ်သည့် ၆၀ မမဗုံးသီး တစ်လုံးသည် ရန်သူခိုအောင်းနေသော နေအိမ်ပေါ်သို့တည်မတ်စွာ ကျရောက်ခဲ့သည့်အတွက် KIA အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာ ထွက်ပြေးသွားကြောင်းနှင့် တိုက်ပွဲတွင် တပ်မတော်မှ ထိခိုက်မှုမရှိ အရပ်သားနေအိမ်အား ခုတုံးလုပ်တိုက်ခိုက်သော KIA အကြမ်းဖက်သောင်းကျန်းသူ များထဲမှ ဇော်ဒိန်း(၂၃)နှစ်၊ (ဘ) ဦးနော်ဆိုင်း သည် ယာပေါင်၊ ယာလက်နှင့် ၀မ်းဗိုလ်များတွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရှိရပါသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသွားသည့် KIA အကြမ်းဖက်သောင်းကျန်းသူ ဇော်ဒိန်း(၂၃)နှစ်အား ရပ်ကွက်အတွင်းမှ ဂျိန်းဖေါ်တိုင်းရင်းသား တစ်ချို့မှ အရပ်သားဟု လိမ်လည်ကာ ဖားကန့် ဆေးရုံသို့ ယနေ့ (၁၉-၁-၂၀၁၃) ရက်နေ့ (၀၈၀၀)ချိန်တွင် ဆေးဝါးကုသစေရန် တင်ပို့ထားကြောင်း သိရှိရပါသည်။

(ခေတ်သစ်)

No comments:

Post a Comment