Tuesday, January 8, 2013

လိုသလို ပရိုဂရမ်ဆွဲ သုံးနိုင်သော စက်ရုပ် Lego မှထုတ်

Photo: လိုသလို ပရိုဂရမ်ဆွဲ သုံးနိုင်သော စက်ရုပ် Lego မှထုတ်
Tuesday, January 08, 2013


Lego ဆိုရင် ကလေးကစားစရာ အရုပ်တွေချည်း ထုတ်နေတယ် ရယ်လို့ မဟုတ်ပါဘူး။

ယခု ထုတ်လုပ်လိုက်တဲ့ စက်ရုပ်ကတော့ ကလေးရော၊ လူကြီးတွေ ပါ ဆော့ လို့ရမယ့် စက်ရုပ် ဖြစ်ပါတယ်။ ပရိုဂရမ်ကို လိုသလို ရေးဆွဲပြီး ထည့်သွင်း ခွင့် ပေးထားပါတယ်။ ဒီတော့ Lego က စက်ရုပ်ကိုယ်ထည်နဲ့ ပရိုဂရမ် မှတ်သားမယ့် အစိတ်အပိုင်းများပဲ ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ စက်ရုပ် ကို ရွေ့ လျားသွားလာဖို့ ကျတော့ ကိုယ်ဆွဲတဲ့ ဂရိုဂရမ်ပေါ်မှာ မူတည်သွား မှာ ဖြစ်ပါတယ်။

Wall E ထဲက စက်ရုပ်နဲ့တောင် ခပ်ဆင်ဆင် ရှိပါတယ်။ သူ့မှာ ကွန်ပျူတာ၊ HTML ချိတ်ဆက်ဖို့အတွက် Plug in များ အစုံအလင် ပါရှိပါတယ်။ အီလက် ထရောနစ် ဆားကစ်ကို ပရိုဂရမ် သွင်းရတာလောက်တော့ လွယ်မှာ မဟုတ် ပါဘူး။ အီလက်ထရောနစ် ပညာရပ်၊ မက်ကယ်ထရောနစ် ပညာရပ်နဲ့ အိုင်တီ ပညာရပ် လေ့လာနေတဲ့ ကျောင်းသားများအတွက် အံကိုက်ဖြစ်မယ့် စက်ရုပ် ဖြစ်ပါတယ်။

လက်ရှိကာလတန်ဖိုးက အမေရိကန်ဒေါ်လာ ၃၅၀ ဖြစ်တဲ့ အတွက် မြန်မာပြည် ကနေမှာမယ်ဆိုရင် ၃ သိန်း ဝန်းကျင်လောက် ကုန်မှာ ဖြစ်ပါတယ်။ ယင်း စက်ရုပ်ကို Mindstorms EV3 လို့ အမည်ပေး ထားကြောင်း သိရပါတယ်။
--
Ref: cnet
Aung Kham (TSJ team)
TechSpace Journal Lego ဆိုရင် ကလေးကစားစရာ အရုပ်တွေချည်း ထုတ်နေတယ် ရယ်လို့ မဟုတ်ပါဘူး။ ယခု ထုတ်လုပ်လိုက်တဲ့ စက်ရုပ်ကတော့ ကလေးရော၊ လူကြီးတွေပါ ဆော့လို့ရမယ့် စက်ရုပ် ဖြစ်ပါတယ်။ ပရိုဂရမ်ကိုလိုသလို ရေးဆွဲပြီး ထည့်သွင်းခွင့်ပေးထားပါတယ်။ ဒီတော့ Lego က စက်ရုပ်ကိုယ်ထည်နဲ့ ပရိုဂရမ် မှတ်သားမယ့် အစိတ် အပိုင်း များပဲ ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ စက်ရုပ်ကို ရွေ့ လျားသွား လာဖို့ ကျတော့ ကိုယ်ဆွဲတဲ့ ဂရိုဂရမ်ပေါ်မှာ မူတည်သွား မှာ ဖြစ်ပါတယ်။

Wall E ထဲက စက်ရုပ်နဲ့တောင် ခပ်ဆင်ဆင် ရှိပါတယ်။ သူ့မှာ ကွန်ပျူတာ၊ HTML ချိတ်ဆက်ဖို့အတွက် Plug in များ အစုံအလင် ပါရှိပါတယ်။ အီလက် ထရောနစ် ဆားကစ်ကို ပရိုဂရမ် သွင်းရတာလောက်တော့ လွယ်မှာမဟုတ်ပါဘူး။ အီလက်ထရောနစ် ပညာရပ်၊ မက်ကယ်ထရောနစ် ပညာရပ်နဲ့ အိုင်တီပညာရပ် လေ့လာနေတဲ့ ကျောင်းသားများအတွက် အံကိုက်ဖြစ် မယ့်စက်ရုပ် ဖြစ်ပါတယ်။

လက်ရှိကာလတန်ဖိုးက အမေရိကန်ဒေါ်လာ ၃၅၀ ဖြစ်တဲ့ အတွက် မြန်မာပြည် ကနေမှာမယ်ဆိုရင် ၃ သိန်း ဝန်းကျင်လောက် ကုန်မှာ ဖြစ်ပါတယ်။ ယင်း စက်ရုပ်ကို Mindstorms EV3 လို့ အမည်ပေး ထားကြောင်း သိရပါတယ်။
--
Ref: cnet
Aung Kham (TSJ team)
TechSpace Journal

No comments:

Post a Comment