Friday, January 11, 2013

အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် အသက်ဝင် လာလျှင် ပြည်တွင်းရှိ SME များ ထိခိုက်ပြိုလဲခြင်း မရှိစေရန် အားပေး မြှင့်တင်ရန်၊ လိုအပ်သော Task Force အဖွဲ့ဖွဲ့စည်းစီမံ သွားကြရန် နိုင်ငံတော်သမ္မတကြီး မှာကြား

Photo: အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် အသက်ဝင်
လာလျှင် ပြည်တွင်းရှိ SME များ ထိခိုက်ပြိုလဲခြင်း မရှိစေရန် အားပေး
မြှင့်တင်ရန်၊ လိုအပ်သော Task Force အဖွဲ့ဖွဲ့စည်းစီမံ သွားကြရန်
နိုင်ငံတော်သမ္မတကြီး မှာကြား
Friday, January 11, 2013 

မိမိတို့ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်းတွင်
ပါဝင်ပြီး လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်အတိုင်း လိုက်ပါ
ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် စီးပွားရေးအရှိန်အဟုန် ရပြီးဖြစ်သည့် အခြားအိမ်နီးချင်းနိုင်ငံများထက်စာလျှင် အသေးစားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများကို ပိုမိုအားပေးမြှင့်တင်ရန် လိုအပ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် တစ်ဘက်တွင် အခြားနိုင်ငံထက် စီးပွားရေး နောက်ကျကျန်နေသည့် အခြေအနေမှ စီးပွားရေး ဦးမော့
တိုးတက်လာအောင် နည်းပညာနှင့် အရင်းအနှီး လိုအပ်သည့်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရမည်ဖြစ်သော်လည်း ပြည်တွင်း၌ရှိပြီး အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ထိခိုက်ပြိုလဲမှုမရှိအောင် အားပေးမြှင့်တင်ရန်၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်အရ ကုန်စည်နှင့် ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများကို လွတ်လပ်စွာ စီးဝင်ခွင့်ပေးရသည့်အခါ ပြည်တွင်းမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထိခိုက်ပြိုလဲမှုမရှိအောင် အားပေးမြှင့်တင်ရန် လိုအပ်ပါကြောင်း။

လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံး၌ စက်မှုလက်မှု လုပ်ငန်းပေါင်း (၁၂၆၉၅၈) ခု ရှိသည့်အနက် သေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (၁၂၆၂၃၇)ခု ရှိသည့် အတွက် (၉၉ ဒသမ ၄) ရာခိုင်နှုန်းရှိသည်ကို
တွေ့ရှိရပါကြောင်း၊ အဆိုပါ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအနက် စက်မှုဇုန် အသီးသီး၌ (၉၅၆၅) ခု၊ စက်မှုဇုန်ပြင်ပ၌(၃၃၆၄၆)ခု၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ (၇၇၆၃) ခု၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ မှတ်ပုံတင်ထားသော လုပ်ငန်း (၁၃၂၆၃)ခု၊ မှတ်ပုံတင်ထားခြင်းမရှိသေးသော လုပ်ငန်း(၆၂ဝဝဝ)ခု ရှိပါကြောင်း။

ယခုထိမှတ်ပုံတင်ထားခြင်း မရှိသေးသော အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းပေါင်း (၆၂ဝဝဝ)ခန့် ရှိနေသည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအား တာဝန်ပေးလိုသည်မှာ စာရင်းကိန်းဂဏန်း မှန်ကန်အောင် စာရင်းပြန်လည် ကောက်ယူပြီးလုပ်ငန်းကော်မတီသို့တင်ပြရန် ဖြစ်ပါကြောင်း။

အာဆီယံလွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက်အရ 
လွတ်လပ်စွာ စီးဝင်လာမည့် ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ထုတ်လုပ်မှုစရိတ်၊ သယ်ယူ စရိတ် မြင့်မားမှု၊ အခြားအတားအဆီးကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနေမှုများ လျှော့ချရေး၊ ကုန်ပစ္စည်း အရည်
အသွေးမြှင့်တင် ထုတ်လုပ်နိုင်ရေး၊ နယ်ပယ်အလိုက် အသေးစိတ်
လေ့လာသုံးသပ်ပြီး လိုအပ်သော Task Force အဖွဲ့ဖွဲ့စည်းစီမံ သွားကြရန်၊ နည်းပညာနှင့် အရင်းအနှီးရရှိ ကူညီနိုင်ရေး၊ ပြည်တွင်းပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန်၊ ဒေသအလိုက်၊ နယ်ပယ်အလိုက် ယခုနှစ် ဧပြီလမှစ၍ သိသိသာသာ တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် အသင်းအဖွဲ့များ၊ Cluster များ လိုအပ်သလို ဖွဲ့စည်းပြီး အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းမှု စွမ်းအားဖြင့် ထိထိရောက်ရောက် စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။


" နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အသေးစားနှင့်အလတ်စား စီးပွားရေး
လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား " 

Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/01/11/id-2299

Hmuu Zaw
မိမိတို့ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် ပါဝင်ပြီး လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်အတိုင်း လိုက်ပါဆောင်ရွက်ရမည် ဖြစ်သည့်အတွက် စီးပွားရေးအရှိန်အဟုန် ရပြီးဖြစ်သည့် အခြားအိမ်နီးချင်းနိုင်ငံများထက်စာလျှင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပိုမိုအားပေးမြှင့်တင်ရန် လိုအပ် ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် တစ်ဘက်တွင် အခြားနိုင်ငံထက် စီးပွားရေး နောက်ကျကျန်နေသည့် အခြေအနေမှ စီးပွားရေး ဦးမော့ တိုးတက်လာအောင် နည်းပညာနှင့် အရင်းအနှီး လိုအပ်သည့်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရမည်ဖြစ်သော်လည်း ပြည်တွင်း၌ရှိပြီး အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ထိခိုက်ပြိုလဲမှုမရှိအောင် အားပေးမြှင့်တင်ရန်၊ အာဆီယံလွတ် လပ်သော ကုန်သွယ်မှုသဘောတူညီချက်အရ ကုန်စည်နှင့် ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများကို လွတ်လပ်စွာ စီးဝင်ခွင့်ပေးရသည့်အခါ ပြည်တွင်းမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထိခိုက်ပြိုလဲမှုမရှိအောင် အားပေးမြှင့်တင်ရန် လိုအပ်ပါကြောင်း။

လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံး၌ စက်မှုလက်မှု လုပ်ငန်းပေါင်း (၁၂၆၉၅၈) ခု ရှိသည့် အနက် သေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (၁၂၆၂၃၇)ခု ရှိသည့် အတွက် (၉၉ ဒသမ ၄) ရာခိုင် နှုန်းရှိသည်ကိုတွေ့ရှိရပါကြောင်း၊ အဆိုပါ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအနက် စက်မှုဇုန် အသီးသီး၌ (၉၅၆၅) ခု၊ စက်မှုဇုန်ပြင်ပ၌(၃၃၆၄၆)ခု၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ (၇၇၆၃) ခု၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ မှတ်ပုံတင်ထားသော လုပ်ငန်း (၁၃၂၆၃)ခု၊ မှတ်ပုံတင် ထားခြင်းမရှိသေးသော လုပ်ငန်း(၆၂ဝဝဝ)ခု ရှိပါကြောင်း။

ယခုထိမှတ်ပုံတင်ထားခြင်း မရှိသေးသော အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းပေါင်း (၆၂ဝဝဝ) ခန့် ရှိနေသည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအား တာဝန်ပေးလိုသည်မှာ စာရင်းကိန်းဂဏန်း မှန်ကန်အောင် စာရင်းပြန်လည်ကောက် ယူပြီးလုပ် ငန်းကော်မတီသို့တင်ပြရန် ဖြစ်ပါကြောင်း။

အာဆီယံလွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက်အရ လွတ်လပ်စွာ စီးဝင်လာမည့် ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ထုတ်လုပ်မှုစရိတ်၊ သယ်ယူ စရိတ် မြင့်မားမှု၊ အခြားအတားအဆီးကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနေ မှုများ လျှော့ ချရေး၊ ကုန်ပစ္စည်း အရည်အသွေးမြှင့်တင် ထုတ်လုပ်နိုင်ရေး၊ နယ်ပယ်အလိုက် အသေးစိတ်လေ့ လာသုံး သပ်ပြီး လိုအပ်သော Task Force အဖွဲ့ဖွဲ့စည်းစီမံ သွားကြရန်၊ နည်းပညာနှင့် အရင်းအနှီးရရှိ ကူညီနိုင်ရေး ၊ ပြည်တွင်းပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန်၊ ဒေသအလိုက်၊ နယ်ပယ်အလိုက် ယခုနှစ် ဧပြီလမှစ၍ သိသိသာသာ တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် အသင်းအဖွဲ့များ၊ Cluster များ လိုအပ်သလို ဖွဲ့စည်းပြီး အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းမှု စွမ်းအားဖြင့် ထိထိရောက်ရောက် စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။


" နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား "

Hmuu Zaw

No comments:

Post a Comment