Thursday, January 24, 2013

ကုန်တင်ယာဉ်ဈေးကွက်၌ အရစ်ကျ Suzuki Carry ကားများ အရောင်းသွက်နေ

Photo: ကုန်တင်ယာဉ်ဈေးကွက်၌ အရစ်ကျ Suzuki Carry ကားများ အရောင်းသွက်နေ
Thursday, January 24, 2013  


ဈေးနှုန်းကွာဟချက်ကြောင့် ရန်ကုန်ကုန်တင်ယာဉ်ဈေးကွက်အတွင်း Suzuki Carry ကားများမှာ Light Truck ကားများထက် ပိုမိုရောင်းသွက်နေကြောင်း ကားအရောင်းပြခန်းများထံမှ သိရသည်။

Suzuki Carry ကားများအား ဂျပန်မှ တိုက်ရိုက်တင်သွင်းခြင်းဖြစ်ပြီး
Light Truck ကားအများစုမှာ တရုတ်မှ တင်သွင်းပြီး ပြည်တွင်းတွင်
ပြန်လည်တပ်ဆင်သည်ဟု သိရသည်။

ယခင်က ပစ္စည်းများသယ်ယူပို့ဆောင်ရန် Light Truck နှင့်အခြားကုန်တင်
ယာဉ်ကြီးများ အရောင်း အ၀ယ်များသော်လည်း ယခုနောက်ပိုင်း Suzuki Carry ကားများမှာ ၄င်းတို့၏ ဈေးကွက်ဝေစု လုယူ လာခြင်းဖြစ်ကြောင်း သိရသည်။

``Suzuki Carry တွေက ဈေးလည်း သက်သာတယ်၊ ပြီးတော့ ကားအနေအထားကလည်း ပစ္စည်းတင်လို့ကောင်းတယ်၊ လူစီး
အတွက်ဆိုရင်လည်း အဆင်ပြေတယ်၊ ဒါကြောင့် Light Truck လို ကားမျိုးထက် ပိုရောင်းလာရတာပါ၊ ´´ ဟု ကြည့်မြင့်တိုင်မြို့နယ်မှ Truck ကားများ အဓိက ရောင်းချနေသည့် Farmer Auto ကားအရောင်းပြခန်းမှ ကိုဥာဏ်လင်းအောင် မှ ပြောသည်။

အဆိုပါ အရောင်းပြခန်း၌ (၂)လတာကာလအတွင်း ၂၀၀၂ မှ ၂၀၀၇
မော်ဒယ်အထိ ကားအစီးရေ ၄၀ လောက် ရောင်းချပြီးဖြစ်ကြောင်းသိရသည်။

ဈေးနှုန်းများအနေဖြင့် Suzuki Carry ကားများသည် (၈၄) သိန်း ၀န်းကျင်ရှိပြီး Light Truck ကားများသည် (၁၂၆) သိန်းဝန်းကျင်ရှိသည်။

`` Suzuki Carry တွေက ဈေးကတော့ တော်တော်လေး အဆင်ပြေပြီး ၀ယ်ချင်စရာ ကောင်းပါတယ်၊ ဒါပေမဲ့ အကြမ်းသိပ်မခံဘူး၊ (၁) နှစ်လောက် သုံးကြည့်ရင် သိမှာပါ၊ ကားမှာ သုံးထားတဲ့ အမျိုးအစားတွေက
တော်တော်လေးညံ့တယ်၊ Light Truck တွေ ကတော့ တော်တော်လေး အကြမ်းခံပါတယ်၊ ဈေးကတော့ ပိုကြီးတာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့
ဆီမှာလည်း Suzuki Carry တွေပဲ အရောင်းများတယ်´´ သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာဖြစ်သူ ကိုမင်းထက်ကိုက ပြောသည်။

ယခုနောက်ပိုင်း ကားအရောင်းပြခန်းများတွင် အရစ်ကျစနစ်နှင့်ရောင်းချ
သည့်စနစ်များရှိလာသည့် နောက်ပိုင်း အရစ်ကျဖြင့် ၀ယ်ယူမှုများ
လာကြောင်းကိုလည်း သိရသည်။ Suzuki Carry ကားများကိုလည်း လက်ငင်းထက် အရစ်ကျ ပိုမိုရောင်းရသည်ဟု ကားအရောင်းစင်တာ
ဈေးကွက်မှ သိရသည်။

``ကျွန်တော်ကတော့ ဒီကားကို ကျောင်းဖယ်ရီအတွက် ၀ယ်ဖြစ်သွားတာပါ၊ ၀ယ်ထားတာ လေးလလောက်ရှိပြီ၊ အရစ်ကျပဲ ၀ယ်ထားတာပါ၊ အခုထိတော့ အင်ဂျင်နဲ့ ပတ်သက်ပြီး ပြဿနာ မရှိသေးပါဘူး၊ ဒါပေမဲ့ တာယာကတော့ မကောင်းဘူး၊ ကျွန်တော်ပဲ ၀ယ်တုန်းက မစစ်လိုက်မိတာလား မသိဘူး၊ ၀ပ်ရှော့မှာ သွားစစ်ကြည့်တော့ ဘီးက အတွင်းမှာ ဖာထားတာတွေရှိတယ်၊
တွေ့တော့ ၀ယ်တဲ့ဆိုင်ကို သွားပြောတော့ ဘီးအကုန်ပြန်လဲ ပေးပါတယ်၊ ဒါပေမဲ့ ဒီလိုမဖြစ်သင့်ဘူး၊ ဒါက ကိုယ့် Car Show Room ပဲ သိက္ခာ
ကျတာပေါ့ ´´ ဟု Suzuki Carry ၀ယ်ယူစီးနေသူ ကိုဖြိုးဝေကိုမှ ပြောသည်။

Suzuki Carry ကားများကို အရစ်ကျ ၀ယ်ယူပါက (၃၄) သိန်းကျော် လက်ငင်းပေးချေရပြီး ကျန်သည့် ၁၂ လအတွက်  တစ်လလျှင် ၅ သိန်း
ဝန်းကျင်ဖြင့် ပေးချေရကြောင်း သိရှိရသည်။

မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup
ဈေးနှုန်းကွာဟချက်ကြောင့် ရန်ကုန်ကုန်တင်ယာဉ်ဈေးကွက်အတွင်း Suzuki Carry ကားများမှာ Light Truck ကားများထက် ပိုမိုရောင်း သွက်နေကြောင်း ကားအရောင်းပြခန်းများထံမှ သိရသည်။
Suzuki Carry ကားများအား ဂျပန်မှ တိုက်ရိုက်တင်သွင်းခြင်းဖြစ်ပြီး Light Truck ကားအများစုမှာ တရုတ်မှတင်သွင်းပြီး ပြည်တွင်း တွင် ပြန်လည်တပ်ဆင်သည်ဟု သိရသည်။

ယခင်က ပစ္စည်းများသယ်ယူပို့ဆောင်ရန် Light Truck နှင့်အခြားကုန်တင်ယာဉ်ကြီးများ အရောင်း အ၀ယ် များသော်လည်း ယခုနောက်ပိုင်း Suzuki Carry ကားများမှာ ၄င်းတို့၏ ဈေးကွက်ဝေစု လုယူ လာခြင်းဖြစ်ကြောင်း သိရသည်။

``Suzuki Carry တွေက ဈေးလည်းသက်သာတယ်၊ ပြီးတော့ ကားအနေအထားကလည်း ပစ္စည်းတင် လို့ကောင်းတယ်၊ လူစီးအတွက်ဆိုရင်လည်း အဆင်ပြေတယ်၊ ဒါကြောင့် Light Truck လို ကားမျိုးထက် ပိုရောင်းလာရတာပါ၊ ´´ ဟု ကြည့်မြင့်တိုင်မြို့နယ်မှ Truck ကားများ အဓိကရောင်းချနေသည့် Farmer Auto ကားအရောင်းပြခန်းမှ ကိုဥာဏ်လင်းအောင် မှ ပြောသည်။

အဆိုပါ အရောင်းပြခန်း၌ (၂)လတာကာလအတွင်း ၂၀၀၂ မှ ၂၀၀၇မော်ဒယ်အထိ ကားအစီးရေ ၄၀ လောက် ရောင်းချပြီးဖြစ်ကြောင်းသိရသည်။

ဈေးနှုန်းများအနေဖြင့် Suzuki Carry ကားများသည် (၈၄) သိန်း ၀န်းကျင်ရှိပြီး Light Truck ကားများသည် (၁၂၆) သိန်းဝန်းကျင်ရှိသည်။

`` Suzuki Carry တွေက ဈေးကတော့ တော်တော်လေး အဆင်ပြေပြီး ၀ယ်ချင်စရာ ကောင်းပါတယ်၊ ဒါပေမဲ့ အကြမ်းသိပ်မခံဘူး၊ (၁) နှစ်လောက် သုံးကြည့်ရင် သိမှာပါ၊ ကားမှာ သုံးထားတဲ့ အမျိုး အစားတွေ ကတော်တော်လေးညံ့တယ်၊ Light Truck တွေ ကတော့ တော်တော်လေး အကြမ်းခံပါတယ်၊ ဈေးကတော့ ပိုကြီးတာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာလည်း Suzuki Carry တွေပဲ အရောင်းများတယ်´´ သင်္ကန်း ကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာဖြစ်သူ ကိုမင်းထက်ကိုက ပြောသည်။

ယခုနောက်ပိုင်း ကားအရောင်းပြခန်းများတွင် အရစ်ကျစနစ်နှင့်ရောင်း ချသည့်စနစ်များရှိ လာ သည့် နောက်ပိုင်း အရစ်ကျဖြင့်ဝယ်ယူမှုများလာကြောင်းကိုလည်းသိရသည်။ Suzuki Carry ကားများကို လည်း လက်ငင်းထက် အရစ်ကျပိုမိုရောင်းရသည်ဟု ကားအရောင်းစင်တာဈေးကွက်မှ သိရသည်။

``ကျွန်တော်ကတော့ ဒီကားကို ကျောင်းဖယ်ရီအတွက်ဝယ်ဖြစ်သွားတာပါ၊ ၀ယ်ထားတာ လေး လလောက်ရှိပြီ၊ အရစ်ကျပဲဝယ်ထားတာပါ၊ အခုထိတော့အင်ဂျင်နဲ့ပတ်သက်ပြီး ပြဿနာမရှိသေးပါဘူး၊ ဒါပေမဲ့ တာယာကတော့ မကောင်းဘူး၊ ကျွန်တော်ပဲ ၀ယ်တုန်းက မစစ်လိုက်မိတာလား မသိဘူး၊ ၀ပ်ရှော့ မှာ သွားစစ်ကြည့်တော့ ဘီးကအတွင်းမှာ ဖာထားတာတွေရှိတယ်၊တွေ့တော့ ၀ယ်တဲ့ဆိုင်ကို သွားပြောတော့ ဘီးအကုန်ပြန်လဲ ပေးပါတယ်၊ ဒါပေမဲ့ ဒီလိုမဖြစ်သင့်ဘူး၊ ဒါက ကိုယ့် Car Show Room ပဲ သိက္ခာကျတာပေါ့ ´´ ဟု Suzuki Carry ၀ယ်ယူစီးနေသူ ကိုဖြိုးဝေကိုမှ ပြောသည်။

Suzuki Carry ကားများကို အရစ်ကျ ၀ယ်ယူပါက (၃၄) သိန်းကျော် လက်ငင်းပေးချေရပြီး ကျန်သည့် ၁၂ လအတွက် တစ်လလျှင် ၅ သိန်းဝန်းကျင်ဖြင့် ပေးချေရကြောင်း သိရှိရသည်။

(မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment