Thursday, January 24, 2013

ထိုင်းနိုင်ငံ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ မြန်မာ နိုင်ငံသို့လာရောက်မည်



ထိုင်းနိုင်ငံThailand Board of Investment (BOI) ၏ ဦးဆောင်မှုဖြင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၄၆ ဦး ပါဝင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက်မှ ၆ ရက်အထိ မြန်မာ နိုင်ငံသို့ ကုန် သွယ်ရေးနှင့်ရင်းနှီး မြှုပ်နှံမှုတိုးမြှင့် ဆောင်ရွက် နိုင်ရေးအတွက်လာရောက်ကြမည် ဖြစ်သည်။

၎င်းကိုယ်စားလှယ်အဖွဲ့သည်ခရီးစဉ်အတွင်း လယ်ယာစိုက်ပျိုးရေးထွက်ကုန်လုပ်ငန်း၊တိရစ္ဆာန် အစား အစာလုပ်ငန်း၊ မော်တော်ကားနှင့်အပိုပစ္စည်းလုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း၊ အလှကုန်လုပ်ငန်း၊ လျှပ်စစ် ပစ္စည်းအမျိုးမျိုထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်ငန်း၊ စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်း၊ စက်မှုစွန့်ပစ်ပစ္စည်းသန့်စင်ရေးလုပ်ငန်း၊ ဓာတ်ခွဲခန်းနှင့် သက်ဆိုင်သည့်ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ထုပ်ပိုးမှုလုပ်ငန်း၊ စက္ကူ ထုတ်လုပ်သည့်လုပ်ငန်း၊ ပိုက်နှင့်ပိုက်ဆက်လုပ်ငန်း၊ ပလတ်စတစ်လုပ်ငန်း၊ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း၊ ရော်ဘာလုပ်ငန်း၊ပိုးချည်မျှင်ထုတ်လုပ်သည့်လုပ်ငန်း၊အထည်ချုပ်လုပ်ငန်း ၊ ဆေး ဝါးနှင့် ဆေးရုံ သုံးပစ္စည်းလုပ်ငန်းအစရှိသော လုပ်ငန်းအမျိုးမျိုးကို အကျိုးတူပူးပေါင်းဆောင်ရွက် နိုင်ရန်နှင့် ရင်းနှီး မြှုပ်နှံရေးအခွင့်အလမ်းများကို လေ့လာနိုင်ရန်အတွက် မြန်မာစီးပွားရေး လုပ်ငန်းရှင် များနှင့် ဖေဖော် ဝါရီ ၅ ရက် (အင်္ဂါနေ့) မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ Chatrium Hotel ၌ တွေ့ ဆုံ ဆွေးနွေး ကြမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment