Friday, February 1, 2013

ကိုယ်ပိုင်မီဒီယာကို ကိုယ်ကျိုးစီးပွားအတွက်အသုံးချနေသော 11 MEDIA GROUP




နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များအဖြစ် လက်ရှိအစိုးရလက်ထက်တွင် သတင်းမီဒီယာများကို အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာရေးသားထုတ်ဝေမှုများ ခွင့်ပြုခဲ့သော်လည်း အချို့မီဒီယာများအနေဖြင့် ကိုယ်ကျိုးစီးပွားအတွက် ကိုယ်ပိုင်သတင်းဌာနများကို အသုံးချနေကြောင်း လေ့လာသူများက ဝေဖန်လိုက်သည်။ သတင်းစာနယ်ဇင်းကျင့်ဝတ်တွင်
သတင်းဌာနများ ဂျာနယ်များအနေဖြင့် အများပြည်သူ အကျိုးစီးပွား ဗဟုသုတရရှိစေရန် ပွင့်လင်းလွတ်လပ်စွာ ဝေဖန်အကြံပေး ရေးသားနိုင်ခွင့်ရှိသော်လည်း အချို့မီဒီယာများအနေဖြင့် မိမိတို့၏ ညီနောင်စီးပွားရေးလုပ်ငန်းများအတွက် မီဒီယာလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်းအသုံးချလျက်ရှိကြောင်း၊ စတုတ္ထမဏ္ဍိုင်အဖြစ်ရပ်တည်နေသည့် သတင်းမီဒီယာများအနေဖြင့် ထိုသို့သောရေးသားဖော်ပြမှုများကြောင့် ပြည်သူလူထု၏ ရေရှည်ယုံကြည်ကိုးစားမှုများ လျော့ပါးလာနိုင်ကြောင်း မီဒီယာလောကတွင် တီးတိုးပြောကြားလျက်ရှိသည်။ ယခင်ရက်ပိုင်းအတွင်းက အစိုးရဌာနတစ်ခု၏ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် 11 Media မှ ပြုမူခဲ့သော အပြုအမူအနေဖြင့် မေးခွန်းထုတ်စရာများရှိနေကြောင်း၊ အဆိုပါသတင်းစာရှင်းလင်းပွဲသို့ 11 Media အနေဖြင့် တက်ရောက်ခဲ့ခြင်းလော သို့မဟုတ် ၄င်းမီဒီယာ၏ ကိုယ်ပွားလုပ်ငန်းတစ်ခု ဖြစ်သည့် 11 Trading Company ကို ကိုယ်စားပြုတက်ရောက်ခဲ့ခြင်းလောဆိုသည်မှာ မသဲကွဲနေကြောင်း ယခုကဲ့သို့ပြုမူလုပ်ဆောင်ခြင်းဖြင့် အခြားသတင်းမီဒီယာများကို လည်း စာဖတ်သူများအနေဖြင့် အထင်အမြင်လွဲမှားလာနိုင်ကြောင်း ပြောဆိုလျက်ရှိသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ၄င်းမီဒီယာမှ အယ်ဒီတာချုပ်တစ်ဦးမှ ၄င်းတို့ညီနောင်စီးပွားရေးလုပ်ငန်းများတွင် ဖြစ်ပေါ်လျက်ရှိသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ထိုဌာနကို ပြင်းပြင်းထန်ထန်ပုတ်ခတ် ပြောဆိုမေးမြန်းမှုများပြုလုပ်ခဲ့ပြီး 11 Trading Company ၏ တိုင်ကြားစာကို ပြသကာ ခြိမ်းခြောက်မှုအသွင်ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် တိုင်ကြားစာကို ၄င်းတို့၏ကိုယ်ပိုင်မီဒီယာအသုံးပြုပြီး စာဖတ်သူများ၏ အလေးထားမှုရရှိလာအောင် လှုံ့ဆော်မှုအဖြစ် ၄င်းတို့ဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရှိရသည်။ လက်ရှိအစိုးရလက်ထက်တွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများကို အများအပြားပြောင်းလဲမှုများပြုလုပ်ခဲ့သော်လည်း အုပ်ချုပ်ရေးစနစ်နှင့် ၀န်ထမ်းများ အံဝင်ခွင်ကျမဖြစ်သေးမှု၊ စီးပွားရေးသမားများ၏ ကိုယ်ကျိုးစီးပွားမျှော်လင့်မှုလွန်ကဲခြင်းများကြောင့် အချို့ကိစ္စရပ်များတွင် ပြည်သူလူထုနှင့် သဟဇာတမဖြစ်မှုများ၊ မကျေလည်မှုများဖြစ်ပွားနေသော်လည်း အချို့မီဒီယာများမှ အဆိုပါကိစ္စများကို ပွင့်လင်းစွာဝေဖန်အကြံပေးသည့်အသွင်မျိုးသာ ရေးသားခဲ့ကြသည်။ သို့သော် 11 Media အနေဖြင့်မူ ၄င်းတို့၏အခြားစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး မကျေလည်မှုများဖြစ်ပွားပါက အဆိုပါဌာနများအား ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားလေ့ရှိသည့် မီဒီယာတစ်ခုဖြစ်သည်။ အဆိုပါမီဒီယာ၏ CEO ဖြစ်သူမှာလည်း ၄င်းမိသားစုလုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများ နှင့်ပတ်သက်ပြီး အလေးပေးသတင်းရေးသားတတ်မှုကြောင့် အင်တာနက်စာမျက်နှာများတွင် အများပြည်သူ၏ မြို့မေတ္တာခံယူခဲ့ရသူဖြစ်ကြောင်း သိရှိရပါသည်။


News by: People Development for Knowledge
(စာဖတ်သူပရိတ်သတ်များအတွက် သတင်းထူး၊ သတင်းဦးများကို ကြိုးစားပမ်းစား ဖော်ထုတ်ရေးသားနေပါသည်။ မိမိတို့ Page ၏ သတင်းများကို ခေါင်းပုံဖြတ် ဖော်ပြနေသော အချို့သော Page များ၏ သတင်း Copy ကူးမှုများကို ရှုံ့ချပါကြောင်းနှင့် ဖော်ပြချင်ပါက မူရင်း Page Link ကို တိုက်ရိုက် Share လုပ်ပေးကြပါရန်)

from -https://www.facebook.com/pages/People-Development-For-Knowledge/307904635932447

No comments:

Post a Comment