Thursday, February 7, 2013

စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်

၂၀၁၂ ခုနှစ်အတွက် စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ၂၀၁၃ ဖေဖော်ဝါရီ ပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။

စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်တွေအနက် အမြင့်ဆုံးဖြစ်တဲ့ အောင်ဆန်းသူရိယ၊ သီဟသူရ ဘွဲ့တံဆိပ်ရသူ မရှိဘဲ သူရဘွဲ့ရသူ ၃ ယောက်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ ယောက် ပါရှိပါတယ်။

ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဒု-ဗိုလ်ချုပ်ကြီး ၃ ယောက် အပါအ၀င် ဒုတပ်ကြပ်ကနေ အထက်အဆင့် အရာရှိ၊ အရာခံ အကြပ် စုစုပေါင်း ၁၅၁၇ ယောက်ကိုတော့ စစ်မှုထမ်း သင်္ဂဟတံဆိပ် အပ်နှင်းလိုက်ကြောင်း ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
DVB TV News

No comments:

Post a Comment