Sunday, February 3, 2013

မြန်မာ့တရားစီရင်ရေးစနစ် ပိုကောင်းလာဖို့ စာနယ်ဇင်းသမားများ၊ ရှေ့နေများဆွေးနွေး

2013-02-02
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ပိုပြီးကောင်းမွန်လာဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၊ ရှေ့နေများ ကွန်ရက်အဖွဲ့အစည်းတွေနဲ့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ဆွေးနွေးပွဲ တစ်ရပ်ကို ပြည်သူ့လွှတ်တော် တရားစီရင်ရေး
ဥပဒေရေးရာကော်မတီက ဦးဆောင်ပြီး ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
AFP
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ဗဟိုတရာရုံး အဆောက်အဦးကို ၂၀၁၂ ခုနှစ် မေလ ၁၆ ရက်နေ့က ရိုက်ကူးထားပုံ ဖြစ်ပါသည်။
ဥပဒေပညာရှင်တွေရဲ့ အကြံပေးချက်တွေကို အလေးအနက်ထားပြီး နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်ထားတဲ့နည်းဥပဒေတွေ ပြင်ဆင်ဖို့ကိုလည်း ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ တရားစီရင်ရေး ဥပဒေရေးရာကော်မတီဥက္ကဌ သူရဦးအောင်ကို က RFA ကို ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ ဆွေးနွေးပွဲကနေရရှိလာတဲ့ တရားစီရင်ရေးစနစ် ဖြောင့်မတ်မှန်ကန်ဖို့ အကြံပြုချက်တွေကို လွှတ်တော်မှာ ပြန်လည်တင်ပြ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဥက္ကဌ သူရဦးအောင်ကို က ဆက်လက်ပြောကြားခဲ့ပါတယ်။
ရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေတွေကတော့ ရုံးခွန်တော်တွေ အဆမတန် တိုးမြှင့်လိုက်တဲ့အတွက် ပြည်သူလူထုတရားစွဲဖို့ အခွင့်အရေးတွေ ချုပ်ချယ်ကန့်သတ်ခံလိုက်ရသလို ဖြစ်သွားတဲ့ကိစ္စ၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ကန့်သတ်ချုပ်ချယ်နေတဲ့ ပုဒ်မ (၁၈) အစရှိတဲ့ ကိစ္စတွေကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ရေးဆွဲပြင်ဆင်နေတဲ့ မီဒီယာဥပဒေကြမ်း ရေးဆွဲပြီးစီးတဲ့အခြေအနေတွေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို လွှမ်းမိုးနေတဲ့ ဥပဒေတွေကနေ လွတ်လပ်ခွင့် အပြည့်အ၀ရရှိနိုင်ဖို့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
RFA

No comments:

Post a Comment