Friday, February 1, 2013

မိုဘိုင်းဖုန်းဈေး အဆများစွာ လျော့ချပေးမည်

ရန်ကုန်၊ ဇန်န၀ါရီလ ၂၈

မိုဘိုင်းဖုန်း နှုန်းထားများကို အတိအကျ ပြောသော် လည်း ပြည်သူအများ မျှော်လင့်ထားသည့် ဈေးနှုန်းနှင့် ကိုက်ညီစေရန် အဆများစွာ ဈေးလျော့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး၊ နည်းပညာနှင့် အချက်အလက်ဝန်ကြီးဌာနမှာ ဒုဝန်ကြီး ဦးဝင်းသန်းက ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင် ပြောကြား သွားသည်။

နိုင်ငံတော် လုံခြုံရေးနှင့် မဆိုင်သဖြင့် မိုဘိုင်းဖုန်း ဈေးနှုန်းများကို မည်မျှအထိ လျော့ချပေးမည်ကို သိလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါက်တာ မြတ်ဥာဏစိုးက မေးမြန်းသဖြင့် ၄င်းက ယင်းကဲ့သို့ ဖြေကြားခဲ့သည်။

"ပြည်သူတွေ မျှော်လင့်ထားတဲ့ ဈေးနှုန်း အထိ လျော့ချဖို့ အစီအစဉ်ရှိတဲ့အတွက် ပြည်သူတွေ အံ့သြလက်ခံမယ်လို့ ထင်ပါတယ်"ဟု ဦးဝင်းသန်းက ဆိုသည်။ မိုဘိုင်းဖုန်းများ ဈေးနှုန်း အဆမတန် လျော့ချပြီးလျှင် ကျေးလက်တွင် အရစ်ကျဝယ်ယူထားသော ပြည်သူများ သွင်းထားသည့် ပိုငွေများကို ပြန်ပေးရန် စီစဉ်ထားကြောင်း ဦးဝင်းသန်းက ပြောပြသည်။

မြန်မာ့ဆက်သွယ်ရေးသည် ပြည်သူများ မျှော်လင့်ထားသည့် ဈေးနှုန်းချိုသာသော မိုဘိုင်းဖုန်းများရရှိရန် ဈေးလျော့ချရေးအပြင် ဈေးနှုန်းချိုသာစွာ လုပ်ကိုင်လိုသည့် မိုဘိုင်းဖုန်း လုပ်ကိုင်ခွင့်များ ကိုလည်း ပေးအပ်သင့်ကြောင်း ဒေါက်တာမြတ်ဥာဏစိုးက အကြံပြုသည်။ 
TheVoiceWeekly

No comments:

Post a Comment