Wednesday, February 20, 2013

မူးယစ်ရာဇာတွေကို သုတ်သင်ဖို့ မောင်းသူမဲ့ လေယာဉ်တွေကို မြန်မာပိုင်နက်ထဲ တရုတ်စေလွှတ်ဖို့ စဉ်းစားခဲ့ 


၂၀၁၁ခုနှစ်မဲခေါင်မြစ်မှာ တရုတ်သဘောင်္သား ၁၃ယောက်ကို သတ်ခဲ့တဲ့ မြန်မာဘိန်းရာဇာတွေကို အသေသုတ်သင်ဖို့အတွက် မောင်းသူမယ့် လေယာဉ်တွေ ကို မြန်မာပိုင်နက်ထဲ စေလွှတ်ဖို့ တရုတ်နိုင်ငံက စဉ်းစားခဲ့တယ် လို့ 
South China Morning Post သတင်းစာမှာ ဒီကနေ့ ရေးသားဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနညွန်ကြားရေးမှုးLiu Yuejinက မြန်မာနိုင်ငံအရှေ့ မြောက်တောင်တန်းတွေမှာ
ပုန်းအောင်းနေတဲ့ တရုတ်အစိုးရ အလိုရှိတဲ့ ဘိန်းရာဇာနော်ခမ်းကိုမောင်းသူမဲ့ လေယာဉ်သူံးပြီး အသေပစ်ချဖမ်းဆီးဖို့ စဉ်စားခဲ့ တယ်လို့ ပြောပါတယ်။

ဘိန်းရာဇာနော်ခမ်းကို ဖမ်းဆီးဖို့ မြန်မာ၊ထိုင်း တရုတ်သုံးနိုင်ငံပုးပေါင်းကြိုးစားခဲ့ ပြီး ၂၀၁၂ ခုနှစ်မှာလက်ရဖမ်းဆီးနိုင်ခဲ့ ပါတယ်။

နော်ခမ်းနဲ့ အပေါင်းပါလေးယောက်ကို သေဒဏ်စီရင်ဖို့  ယူနန်ပြည်နယ်တရားရုံးတခုက ၂၀၁၂ခုနှစ်နိဝင်ဘာလမှာ အမိန့်ချမှတိခဲ့ပါတယ်။
 
 
Burma-Newselite မှ ကူးယူဖေါ်ပြသည်

No comments:

Post a Comment