Monday, February 4, 2013

ထိပ်တန်းအဆင့်မြင့်အရာရှိကြီးများ နှလုံးသွေးကြောကျဉ်းရောဂါကာကွယ်ရေး

ကျွန်တော်ဟာ ဆရာဝန်တစ် ယောက်ဖြစ်ပါသော်ငြားလည်း ကျွန် တော်ရေးသောဆောင်းပါးများဟာ ဆေး ပညာ၊ ကျန်းမာရေးပညာဆောင်းပါးများ အလွန်နည်းပါးလွန်း၍ မိတ်ဆွေတစ်ချို့ က ကျန်းမာရေးပညာပေးဆောင်းပါးရေး ရန် တိုက်တွန်းတာမျိုးရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆေးပညာဆောင်းပါးရေးရာမှာ ဒါကတော့ ဒီလိုရှိတယ်ဆိုပြီး အဆက် အစပ်မရှိဘဲ မရေးလိုဘဲ အကြောင်းတိုက် ဆိုင်မှုရှိမှသာဘဲ ရေးလိုပါတယ်။

ဒီလိုနဲ့နေလာခဲ့ရင်း အကြောင်း တိုက်ဆိုင်မှုများ ရံဖန်ရံခါဆိုသလို တွေ့ လာရပါတယ်။ ပထမအကြောင်းတိုက် ဆိုင်မှုကတော့ လွန်ခဲ့တဲ့ (၁)နှစ်လောက် က ပါကစ္စတန်သမ္မတကြီး အလီဇာဒါရီ ရုတ်တရက်နှလုံးဖောက်၍ ဆေးရုံးတင် ရသော သတင်းကို ဖတ်ရပါတယ်။
ဒုတိယအကြောင်းတိုက်ဆိုင်မှုက တော့ လမ်းစဉ်ပါတီခေတ်ထိပ်တန်းအရာ ရှိကြီးတစ်ဦးရေးတဲ့ဆောင်းပါးတစ်ပုဒ်မှာ ထိုခေတ်က အခြားအရာရှိကြီးတစ်ဦး ဟာ မင်္ဂလာဒုံဂေါက်ကွင်းမှာ ဂေါက်ရိုက် ရင်း ရုတ်တရက်လဲကျသွားရာ ဆေးရုံ ပို့တော့လည်း အသက်မမှီတော့ဘူးလို့ ဆိုပါတယ်။
တတိယအကြောင်းတိုက်ဆိုင်မှုတစ် ခုကတော့ မကြာမီက ပြည်ထောင်စု ၀န်ကြီးတစ်ဦး နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ဆရာဝန်က တစ်လအ နားယူရန် အကြံပြုတယ်ဆိုတဲ့သတင်း တစ်ပုဒ်ကိုဖတ်ရလို့ အကြောင်းတစ်ခုထပ် မံပေါ်လာပါ၍ ထိပ်တန်းအဆင့်မြင့် အရာရှိများ နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ရေးအကြောင်းရေးသားလိုက် ပါတယ်။ ထိပ်တန်းအဆင့်မြင့်အရာရှိကြီး များလို့ဆိုရာမှာ သမ္မတ၊ ၀န်ကြီးချုပ်များ သာမက ကုမ္ပဏီမန်နေဂျင့်ဒါရိုက်တာ၊ CEO များလည်း ပါဝင်ပါတယ်။
ဤဆောင်းပါး၌ လမ်းစဉ်ပါတီ ခေတ် သဘာဝပတ်ဝန်းကျင်နဲ့ ယခုခေတ် သဘာဝပတ်ဝန်းကျင်အခြေအနေမတူ တော့၍ ယခုခေတ်၌ ပိုမိုအန္တရာယ်များ ပုံကို ထည့်သွင်းရေးသားလိုပါတယ်။
ထို့ပြင် ထိပ်တန်းအရာရှိကြီးများ နှလုံးသွေးကြောကျဉ်းရောဂါကာကွယ် ရေးသာမက သာမန်လက်လုပ်လက်စား များ၌ နှလုံးသွေးကြောကျဉ်းကာကွယ် ရေးကိုလည်း ထည့်သွင်းရေးသားသွား ပါမယ်။ ထို့ပြင် ကာကွယ်ရေးသာမက ရောဂါဖောက်လာရင် အရေးပေါ်ဆောင် ရွက်နည်းကိုလည်း ရေးသားသွားပါမယ်။
ထိပ်တန်းအရာရှိကြီးများနဲ့ သာမန် လက်လုပ်လက်စားဆင်းရဲသားများ၏ ဘ၀နေထိုင်မှုပုံသဏ္ဍာန် (Life Style ) ဟာ ကွာခြားမှုရှိပါတယ်။ ဒါကြောင့် ၎င်းလူတန်းစား (၁)ရပ်မှာရောဂါကာ ကွယ်ရေးပုံသဏ္ဍာန်ကလည်း အနည်း ငယ်ကွဲပြားမှာဖြစ်ပါတယ်။
နှလုံးသွေးကြောကျဉ်းတယ်ဆိုတာ ဘာလဲ
နှလုံးသွေးကြောကျဉ်းတယ်ဆိုတာ နှလုံးနံရံကြွက်သားထဲမှာရှိပြီး နှလုံးကြွက် သားကို အောက်ဆီဂျင်ထောက်ပံ့တဲ့ သွေးကြောလေးတွေရှိပါတယ်။ အဲဒီ သွေးကြောတွေ ကျဉ်းသွားပြီး နှလုံး ကြွက်သားအောက်ဆီဂျင်လုံလုံလောက် လောက်မရတော့ဘူးဆို၍ နှလုံးသွေး ကြောကျဉ်းတယ်လို့ ခေါ်နိုင်ပါတယ်။
အစားအသောက်၊ စားသောက်ပုံသဏ္ဍာန်
ဆင်းရဲသားတွေကတော့ အဆီ အဆိမ့်ရယ်လို့ မစားရရှာပါဘူး။ သို့သော် ငြားလည်း ယခုခေတ်မှာပဲ ဆီစစ်စစ်၊ နှမ်းဆီစစ်စစ်ရယ်လို့ မစားနိုင်ရှာကြပါ။ ဒီတော့ စားအုန်းဆီစစ်စစ်စားရရင် မကောင်းတော့မကောင်းဘူး၊ ဒါပေမယ့် နည်းနည်းတော်ပါသေးတယ်။ သို့သော် စားအုန်းဆီလောက်တောင် အဆင့်မရှိ ဘဲ ဘာမှန်းမသိတဲ့မြောင်းထဲက ဆီမျိုးကို ဓာတုနည်းနဲ့ ကြည်လင်အောင်လုပ်ပြီး ဓာတုနည်းနဲ့ပဲ ဆီနံ့ထည့်လိုက်တဲ့ မသမာ သူတွေရှိတယ်ဆိုတာ သတင်းသန့်သန့် ကြားရတယ်။ ဒါမျိုးဆီက ဈေးချိုတော့ သာမန်လက်လုပ်လက်စားတွေစားတဲ့ အထဲရောက်နိုင်ပါတယ်။ ဒီတော့ နှလုံး သွေးကြောကျဉ်းမယ်။ ဒီတော့ သာမန် လက်လုပ်လက်စားတွေကို အကြံပြုလို တာကတော့ ဆီကို အတတ်နိုင်ဆုံး လျှော့စားပြီး အပြုတ်ဟင်းလျာ၊ ငါးပိ ရည်၊ တို့စရာတွေစားတာပိုကောင်းပါ တယ်။
အဆင့်မြင့်အရာရှိကြီးတွေကြပြန် တော့ ပါကင်ပိတ်ပြီး ကိုလက်စထရော လုံးဝမပါတဲ့ နေကြာဆီမျိုးကို ကုန်တိုက် တွေမှာ ၀ယ်စားနိုင်ပါတယ်။ ဒါပေမယ့် ညစာစားပွဲတွေ၊ စည်းဝေးတွေ၊ ကြယ်ငါး ပွင့်ဟိုတယ်ကြီးတွေမှာလုပ်တဲ့ ၀ပ်ရှော့ တွေ၊ ဆီမီနာတွေမှာ ဘဲကင်တို့၊ ၀က် သားနဲ့ ဂျပန်ပဲပြားမှိုအချိုချက်တို့ စားမိ ရင် သွေးထဲမှာ အဆီတွေတက်ပြန်ပါ တယ်။ သွေးတိုးရောဂါအခံရှိသူတွေနဲ့ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူတွေ ဟာ တရုတ်စားပွဲဝိုင်း၊ ဘူဖေးညစားတာ တွေ ဖိတ်ကြားခြင်းခံရရင် တို့ကနန်း ဆိတ်ကနန်းနဲ့ အစားနည်းနည်းစား၊ အသီးအရွက်များများစား၊ ရေများများ သောက်တာ ပိုကောင်းပါတယ်။
ယနေ့လေထုအရည်အသွေး
ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ရတာကတော့ လေထဲမှာအောက် ဆီဂျင်ဓာတ်ငွေ့က ငါးပုံတစ်ပုံသို့မဟုတ် နှစ်ဆယ့်တစ်ရာခိုင်နှုန်းရှိတယ်လို့ဆိုပါ တယ်။ သို့သော် ယနေ့တော့ သစ်တော တွေ ပြုန်းတီးတာရယ် မော်တော်ကား မီးခိုးစတာတွေကြောင့် လေထုထဲမှာ အောက်ဆီဂျင်က နည်းနေပါပြီ။ ဒီတော့ အသက်ရှုတဲ့အခါ အောက်ဆီဂျင်နည်း နည်းပဲရတယ်။ ဒီတော့ သွေးထဲမှာ အောက်ဆီဂျင်ပျော်ဝင်မှုနည်းတယ်။ အဲဒီ့ကြားထဲက နှလုံးသွေးကြောကျဉ်းရင် နှလုံးက အောက်ဆီဂျင်မလုံလောက် တော့ပါ။ ထိုအခါ  HEART ATTACK ခေါ် နှလုံးဖောက်ရန် အခွင့်အလမ်းပို များပါတယ်။ ဒါကြောင့်လေကောင်း လေသန့်ရတဲ့နေရာမျိုးမှာ အနည်းဆုံး တစ်နေ့တစ်ကြိမ်လောက် အသက်ရှု လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ငွေကြေး တတ်နိုင်သူတွေကတော့ လေထုညစ် ညမ်းမှုကို ကာကွယ်တဲ့အနေနဲ့ အဲကွန်း၊ လေသန့်စက် (လေစစ်စက်၊ AIR FILTER MACHINE)စတာတွေသုံးသင့် ပါတယ်။ ငွေကြေးမတတ်နိုင်သူတွေက တော့ ဆေးလိပ်ဖြတ်ခြင်း၊ ဒီဇယ်မီးခိုး များတဲ့နေရာတွေသွားရင် နှာခေါင်းကို လက်ကိုင်ပုဝါနဲ့ အုပ်သွားခြင်း၊ လမ်း လျှောက်ရတဲ့အခါ ကားမီးခိုးများတဲ့ လမ်းမကြီးများထက် မီးခိုးနည်းတဲ့ လမ်း သွယ်များကို ရွေးချယ်ခြင်းစတာတွေကို ပိုမိုလုပ်ဆောင်သင့်ပါတယ်။
စိတ်ဖိစီးမှုပုံသဏ္ဍာန်၊ အလုပ်လုပ် မှုပုံသဏ္ဍာန်နှင့် ကိုယ်လက်လှုပ်ရှားမှု သဏ္ဍာန်များ
စိတ်ဖိစီးမှုကြောင့်လည်း နှလုံးသွေး ကြောကျဉ်းပါတယ်။
စိတ်ဖိစီးမှုဆိုတာကတော့ အရာရှိ ဖြစ်မှ၊ ဆင်းရဲသားဖြစ်မှရယ်လို့ မဟုတ် ပါဘူး။ မရှိတောင့်တ၊ ရှိကြောင့်ကြဆို သလို စိတ်ဖိစီးကြပါတယ်၊ စိတ်ဖိစီးတဲ့ အခါမှာ လမ်းလျှောက်ခြင်းကိုယ်လက် လှုပ်ရှားမှုက ဦးနှောက်အတွင်းမှာ အယ် ဒေါ်ဖင်းဆိုတဲ့ ဟော်မုန်းတစ်မျိုးထွက်ရှိ စေပြီး စိတ်ဖိစီးမှုသက်သာစေတယ်လို့ ဆိုပါတယ်။ အဆင့်မြင့်အရာရှိကြီးတွေ ကတော့ ရုံးခန်းထဲမှာထိုင်ပြီး အလုပ်လုပ် တော့ ခေတ်သစ်ပုံသဏ္ဍာန်က အဲကွန်း ထဲမှာကွန်ပျူတာရှေ့မှာထိုင်ပြီးလုပ်ရ တော့ လှုပ်ရှားမှုနည်း၊ သွေးလှည့်ပတ် မှုနည်းပြီး စိတ်ဖိစီး၊ ဇာတ်ကြော တက်ပါတယ်။
လျှပ်စစ်နဲ့နှိပ်တဲ့စက်တွေ ရောင်းတဲ့ ဆိုင်မှာဝယ်လို့ရတဲ့စက်တစ်မျိုးကတော့ ကွန်ပျူတာရိုက်နေသူတို့ ခြေဖ၀ါး အောက်မှာထားတဲ့စက်လေးတစ်မျိုးမှာ အဲဒီစက်ကို လျှပ်စစ်နဲ့လည်စေပြီး ဒလိမ့် တုံးလေးပေါ်မှာ ကတီ်္တပါအုပ်ထားတယ်။ ကတီ်္တပါပေါ်မှာ ခြေဖ၀ါးတင်ထားတော့ ခြေဖ၀ါးကို ဒလိမ့်တုံးနဲ့ လှိမ့်နေသလိုဖြစ် ပြီး သွေးလှည့်ပတ်မှုကောင်းပြီး အညောင်း ပြေတယ်။ သွေးဖိအားကို ကျဆင်းစေ တယ်။
လက်လုပ်လက်စားဆင်းရဲသားများ ကတော့ ကာယလုပ်အားနဲ့ အလုပ်လုပ် တာဖြစ်လို့ ပြဿနာနည်းပါတယ်။
TAXI  ယာဉ်မောင်း၊ Bus ယာဉ် မောင်းတွေကတော့ ယာဉ်မောင်းကြော မှီမှာ သစ်သားလုံးလေးတွေ  သီထားတဲ့ ကျောမှီမျိုး၊ ကြိမ်ကြောမှီမျိုးက သွေး လှည့်ပတ်မှုကို ကောင်းစေပါတယ်။
အရေးပေါ်သူနာပြု(သို့မဟုတ်) ရှေးဦးစွာပြုစုခြင်း
လွန်ခဲ့တဲ့တစ်နှစ်လောက်က ပါကစ်္စ တန်သမ်္မတကြီး အလီဇာဒါရီက နှလုံး ရောဂါဖောက်လို့ အရှေ့အလယ်ပိုင်းဆေး ရုံကို အရေးပေါ်တင်ရပြီး ပြန်ကောင်း သွားတယ်။
မြန်မာနိုင်ငံမှာ လမ်းစဉ်ပါတီခေတ် ၀န်ကြီးအဆင့်ဆရာကြီးတစ်ဦးပြန် ပြောင်းရေးသားတဲ့ ဆောင်းပါးအရ အဲဒီ ခေတ်က ထိပ်တန်းအရာရှိကြီးတစ်ဦး ဟာ မင်္ဂလာဒုံဂေါက်ကွင်းမှာ ဂေါက်ရိုက် ရင်း နှလုံးရောဂါဖောက်လဲကျသွားတယ်။ ဂေါက်သီးရိုက်ဖော်တွေက ဆေးရုံကို ပို့သော်လည်း အသက်မကယ်နိုင်တော့ ဘူးလို့ဆိုပါတယ်။
သမ္မတကြီး အလီဇာဒါရီကံကောင်း ခဲ့ပြီး လမ်းစဉ်ပါတီခေတ်အရာရှိကြီးက ဆိုးခဲ့ပါတယ်။ အလီဇာဒါရီတို့ကဲ့သို့ အဆင့်အရာရှိကြီးတွေဟာ မိသားစု ဆရာဝန်၊ အနီးကပ်ဆရာဝန်ရှိသင့်ပါ တယ်။ နှလုံးသွေးကြောကျဉ်းရောဂါရှိ ကြောင်း အတည်ပြုခြင်းခံရရင် မိမိရဲ့ အနီးမှာရှိတဲ့ ဆရာဝန်ရဲ့ ဆေးအိပ်ထဲမှာ မော်ဖီးယားထိုးဆေး၊ ရှိသင့်ပြီး မိမိရဲ့ ကားထဲမှာအောက်ဆီဂျင်ဘူးသေးတစ်ဘူး ဆောင်ထားသင့်ပါတယ်။ လမ်းစဉ်ပါတီ အရာရှိကြီး ဂေါက်ကွင်းထဲမှာ နှလုံး ဖောက်လဲကျတုန်းက ဂေါက်ကွင်းထဲမှာ တင်အောက်ဆီဂျင်ပေးပြီး မော်ဖီးယား ထိုးခဲ့ရင် ဆေးရုံအရောက်မှာ အသက်မှီ မှာပါ။ မော်ဖီးယားဆိုတာကတော့ ဘိန်း ပါ။ မော်ဖီးယား(၁၀)မီလီဂရမ်နှလုံး ဖောက်တဲ့အခါ ချက်ခြင်းထိုးရင် အလွန် အကျွံရင်ဘတ်အောင့်တာ ချက်ချင်း သက်သာတယ်။ ပြီးတော့ ဘိန်းမူးလိှု့STRESS ခေါ် စိတ်ဖိစီးမှုချက်ခြင်းသက် သာတယ်။ အသက်ကယ်နိုင်ပါတယ်။ လက်လုပ်လက်စားဆင်းရဲသားတွေက တော့ နှလုံးသွေးကြောကျဉ်းရင် မိမိရဲ့ ကားထဲမှာ အောက်ဆီဂျင်ဘူးဆောင် ထားဖို့ မလွယ်သောကြောင့် နှလုံးဖောက် ရင် လျှာအောက်မှာနံတဲ့ဆေးကို မိသား စုဆရာဝန်နဲ့ တိုင်ပင်ပြီး ဆောင်ထားသင့် ပါတယ်။
ယခုအခါမျိုးမှာ ပြောင်းလဲလာတဲ့ စားသောက်ပုံ၊ နေထိုင်မှုဘ၀ဟန်တွေ ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ဟာ အဖြစ်များတဲ့ရောဂါတစ်ခုဖြစ်လာ တာကြောင့် မည်သူမဆို ကြိုတင်ကာ ကွယ်မှုသတိရှိသင့်တယ်ဟု ဆိုချင်ပါ ကြောင်း။

ဒေါက်တာထွန်းဝင်း
HotNewsJournal

No comments:

Post a Comment