Tuesday, February 5, 2013

ဧရာဝတီမြစ် ကော်မရှင်ဖွဲ့စည်းမည်


ဧရာဝတီမြစ် ကော်မရှင်ဖွဲ့စည်းသွားရန် ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်တွင် အတည်ပြုဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံ၏ အမျိုးသားမြစ်ကြီး ဧရာဝတီထာဝရရှင်သန်စေရေးအတွက် 'ဧရာဝတီမြစ်ကော်မရှင်' ဖွဲ့စည်းဆောင်ရွက်သွားရန်အဆိုကို အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က ယနေ့ အဆိုတင်သွင်းသည်။ အဆိုကို လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ထောက်ခံဆွေးနွေးပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးဟန်စိန်က ပြန်လည်ဆွေးနွေးရာတွင်လည်း ကော်မရှင်ဖွဲ့ရန် ထောက်ခံခဲ့ကာ ၀န်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပါဝင်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးသွားခဲ့သည်။

အဆိုကို မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် ၁၉၆ ဦးရှိရာတွင် ၁၇၀ ဦးက ထောက်ခံပြီး၊ ကန့်ကွက်မဲ ၁၃ မဲ၊ ကြားနေမဲ ၇ မဲ၊ မဲမပေးသူ ၆ ဦး ရှိသောကြောင့် အဆိုကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
7DaysNewsJournal

No comments:

Post a Comment